၂၀၁၄ ကမ္ဘာ့ဖလားချံပီယံ ဂျာမနီအသင်းကို ဂျာမနီနိုင်ငံက အမြင့်ဆုံး ဆု တံဆိပ် အပ်နှင်း

Thursday, November 13, 2014



၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဆုရှင် ဂျာမနီ ဘောလုံး အသင်းကို သူတိုနိုင်ငံရဲ့ အားကစားသမားတွေကို ချီးမြင့်တဲ့ အမြင့်ဆုံးဆုနဲ့ ဂုဏ်ပြုခဲ့တဲ့ အခမ်းအနားကို ဘာလင်မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့ပါတယ်။ 




အဲဒီအခမ်းအနားမှာ ဂျာမနီ သမ္မတ Joachim Gauck က ကမ္ဘာ့ဖလား ချံပီယံဖလား ဆွတ်ခူးခဲ့တဲ့ ဂျာမနီ ဘောလုံး အသင်းကို Silver Laurel Leaf awards ဆုတံဆပ် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဂျာမနီ အသင်းသားတွေကို ဒီ ဆုတံဆိပ်တွေ တခုချင်း ပေးအပ်သွားတာပါ။ 

 လော်ရယ်သစ်ရွက်(Laurel Leaf )ဆိုတာ မြန်မာနိုင်ငံမှာ သပြေပန်းလိုမျိုး အောင်မြင်မှု အတွက် အောင်ဆု အောင်ပန်း အနေနဲ့ ပေးတဲ့ ပန်းတမျိုး ဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ ဂျာမနီနိုင်ငံရဲ့ အကြီးအကဲတဦးဖြစ်တဲ့  အိန်ဂျလာ မာခဲလ်(Angela Merkel)လည်း တက်ရောက်ခဲ့သလို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဌ ဆပ်ဘတ္တလာ( Sepp Blatter) လည်း တက်ရောက်ခဲ့ပါတယ်။ 



၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားကို ဂျာမနီက ဆွတ်ခူး ရရှိခဲ့တာဟာ ထိုက်တန်တယ်လို့လည်း သူက ပြောသွား ခဲ့ပါ သေးတယ်။

နောက်ရက်တွေမှာလည်း ဂျာမနီ အသင်းသားတွေရဲ့ ဘရာဇီးနိုင်ငံမှာ ကမ္ဘာ့ဖလား ပွဲစဉ်တလျှောက် ယှဉ်ပြိုင်ခဲ့စဉ်က  ကြိုးစားအားထုတ်ခဲ့ရမှုတွေ သူတို့တွေရဲ့ရင်တွင်းစကားတွေနဲ့ နောက်ကွယ်က အဖြစ်အပျက် တချို့ကို ထည့်သွင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ဂျာမနီနိုင်ငံ
Potsdamer Platz မှာ  ဂုဏ်ပြုဖျော်ဖြေသွားဖို့ရှိပါသေးတယ်တဲ့။

အဲ့ဒီ မှတ်တမ်းရုပ်ရှင်ကို "Die Mannschaft" လို့အမည်ပေးထားပါတယ်။

ဂျာမနီ နိုင်ငံပိုင် ရုပ်သံသတင်းဌာနတခုဖြစ်တဲ့ DW သတင်းဌာနက ဖော်ပြခဲ့တဲ့ ဒီ သတင်း အပြည့်အစုံ ကိုတော့ အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

http://www.dw.de/world-cup-winning-team-awarded-germanys-highest-sporting-honor/a-18051886

 "Die Mannschaft" မှတ်တမ်းရုပ်ရှင် Trailer ကိုလည်း ဧရာဝတီ ဘလော့ဂ် ပရိတ်သတ်တွေ ကြည့်ရှုနိုင်ဖို့အတွက် ဖော်ပြပေးလိုက်တယ်နော်။









အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved