တန်ကြေးနည်းနည်းနဲ့ ရေရှည်စီးဖို့ Toyota Vitz

Sunday, November 2, 2014

.



 


ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲက ကျနော် Toyota  ရဲ့  City Car  မော်ဒယ်တမျိုးဖြစ်တဲ့ Passo နဲ့ မိတ်ဆက် အကြံပေးခဲ့ပါသေးတယ်။
  အလွယ်ပြောရရင်  Toyota ကိုမှ နှစ်ခြိုက်တယ်ဆိုတဲ့ သူတွေ၊ နောက်ပြီး တန်ကြေးနည်းနည်းနဲ့ City Car လိုချင်တယ်ဆိုတဲ့ သူတွေအတွက် ရည်ရွယ်ပြီး မိတ်ဆက် အကြံပေးခဲ့တာပါ။

တကယ်တမ်းဆိုရင်တော့ Passo က City သက်သက်လောက်ပဲ အသုံးပြုဖို့ ကောင်းမွန်မယ့် မော်ဒယ်ဖြစ်သလို သူ့ရဲ့ အဓိကအားနည်းချက် ဆေးသားအကျ မြန်တာကြောင့် လူကြိုက်တော့ နည်းပါတယ်။
အခု တပတ်မှာတော့ Passo ထက် စွမ်းဆောင်ရည် ပိုမိုသာလွန်တဲ့ Vitz မော်ဒယ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

သူကတော့ သက်တမ်းရင့် မော်ဒယ်လို့ မဆိုနိုင်သေးပေမယ့် ကျနော် လေ့လာမိသလောက်တော့  ...
လက်ရှိ အင်္ဂလန်မှာတောင် Toyota ရဲ့ ရောင်းအားအကောင်းဆုံး မော်ဒယ်က Vitz လို့ သိရပါတယ်။
ဒါက နောက်ဆုံးထွက် မော်ဒယ်တွေဖြစ်ပြီးတော့ လက်ရှိ ပြည်တွင်းမှာတော့  Vitz  ရဲ့  ၂၀၁၁-၁၂  မော်ဒယ်လောက် လွယ်လွယ် ဝယ်ယူရရှိနိုင်နေတာ  တွေ့ရပါတယ်။
ဒါပေမယ့် ပြည်တွင်းမှာ နောက်ဆုံးထွက် မော်ဒယ် ရှားသည့်တိုင်အောင် သေချာတာတခုက Toyota က Vitz ကို အခုထိ  လက်မလျှော့သေးဘဲ အောင်မြင်အောင် လုပ်ဆောင်နေတယ်၊ အောင်မြင်နေတယ်ဆိုတာပဲ ဖြစ်ပါတယ်။

 ဟုတ်ပါတယ်၊ City တန်းဝင်ထဲမှာတော့ Toyota က Suzuki Swift နဲ့ Honda Fit လို မော်ဒယ်တွေကို အကောင်းဆုံး ဈေးကွက် ပြိုင်ဆိုင်နိုင်အောင် Vitz ကို အဆင့်မြှင့်တင် ထုတ်လုပ်နေတာ  ဖြစ်ပါတယ်။
ဒါကြောင့်  ကျနော်  တွေ့ရ သလောက်မှာတော့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ထွက်လာတဲ့ Vitz တွေက စွမ်းဆောင်ရည်လည်း ကောင်းမွန်လာသလို Highway အတွက်လည်း အဆင်ပြေချော မွေ့လာတာ  ဖြစ်ပါတယ်။
 ပြီးတော့  အင်ဂျင်အရွယ်အစားပိုင်း   အင်ဂျင်ပါဝါ ၁,၅၀ဝ စီစီ၊ ၁,၃၀ဝ စီစီ၊ ၁,၀ဝ၀ စီစီ ဆိုပြီး ၃ မျိုးရှိ ပေမယ့်  မြန်မာနိုင်ငံကို အများဆုံးဝင်ရောက်လာတာက
 အင်ဂျင်ပါဝါ ၁,၃၀ဝ စီစီနဲ့ ၁,၀ဝ၀ စီစီ တွေပဲ ဖြစ်ပါတယ်။

တကယ်တမ်း Taxi လို လုပ်ငန်းသုံးမဟုတ်ဘဲ အိမ်စီးကားတစီးအတွက် ဆိုရင်တော့ ၁,၃၀ဝ စီစီနဲ့ ၁,၅၀ဝ စီစီ အင်ဂျင်အရွယ်အစားတွေက အကောင်းဆုံး ဖြစ်မှာပါ။
Taxi ကတော့ ဆီစားနှုန်းလည်း သက်သာစေချင်တာ ဖြစ်သလို ဖြည်းဖြည်းနဲ့ မှန်မှန်ရောက်ချင်တာမျိုး ဖြစ်တာကြောင့် အင်ဂျင်ပါဝါ ၁,၀ဝ၀ စီစီတွေက အဆင်ပြေနိုင်ပါတယ်။
ဒီတော့ အခု Taxi အတွက်လိုမျိုး ဝယ်ချင်တာလား၊ အိမ်စီးသီးသန့်လားဆိုတာတော့ စဉ်းစားစရာ ရှိပါတယ်။
 ဈေးနှုန်းပိုင်းအရလည်း ၂၀ဝ၉ ခုနှစ်နဲ့ ဝန်းကျင် မော်ဒယ်တွေဆိုရင် သိန်း ၈၀ ဝန်းကျင်နဲ့ ရနိုင်သလို ၂၀၁၁ ခုနှစ်နဲ့ဝန်းကျင် မော်ဒယ်အမြင့်ဆိုရင်တော့ သိန်း ၁၀ဝ ကျော်မှာ ရှိပါတယ်။

Taxi အတွက် ရည်ရွယ်ပြီး ဝယ်မယ့်သူတွေကို ပြောချင်တာက အင်ဂျင်ပါဝါ ၁,၀ဝ၀ စီစီကိုပဲ ဝယ်ပါ၊
 အနက်ရောင်ကို နောက်ဆုံးထားပြီး  စဉ်းစားပါ၊ Equipment စုံလင်တဲ့  Grade ကို ရွေးချယ်ပါလို့ပဲ ဖြစ်ပါတယ်။
အိမ်စီးသီးသန့် အတွက် ဝယ်မယ့်သူတွေ အတွက်ကတော့ ၂၀၁၁ ခုနှစ် ဝန်းကျင်ထွက် မော်ဒယ်မြင့် Vitz တွေကိုပဲ စဉ်းစားပါ၊ စိတ်ကြိုက်အရောင် ရွေးချယ်ပါ။

လင်းထက် (IA)


-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved