မြောက်ကိုရီးယားမှာ ဟက်ကာတွေ ဈေးကောင်း

Monday, December 8, 2014

-


ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတခုမှာ ပြီးခဲ့တဲ့လအတွင်း ကွန်ပြူတာတွေ ဟက်ခံရမှုဟာ မြောက်ကိုရီးယားလက်ချက် ဖြစ်နိုင်တယ်လို့ သံသယဖြစ်နေကြပါတယ်။



  • မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း။ သူ့အကြောင်းကို ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတခုက ဇာတ်လမ်း ရိုက်ကူးထားပါတယ်။ မကြာသေးခင်က အဲဒီလုပ်ငန်းရဲ့  ကွန်ပြူတာတွေ ဟက်ခံရမှုဟာ အဲဒီဇာတ်ကားကြောင့် ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ် (Picture: Reuters)

ဒီလို သံသယ ဖြစ်နေကြချိန်မှာပဲ ဆင်းရဲမွဲတေပြီး ကမ္ဘာက ဝိုင်းကျဉ်ထားတဲ့ မြောက်ကိုရီးယားဟာ Bureau 121 လို့ အမည်ပေးထားတဲ့ ဆိုက်ဘာစစ်ဆင်ရေးတပ်ဖွဲ့ကို အကုန်အကျခံပြီး တည်ထောင်ထားကြောင်း အဲဒီနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာသူတို့က ပြောလိုက်ခြင်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားသံတမန်တဦးက ဒါဟာ သူတို့နိုင်ငံရဲ့လက်ချက်မဟုတ်ပါဘူးလို့ ဆိုပါတယ်။  သို့သော်လည်း အမေရိကန် အမျိုးသားလုံခြုံရေးသတင်းရပ်ကွက်ကတော့
မြောက်ကိုရီးယားကို   သံသယဖြစ်နေတာပါ။

မြောက်ကိုရီးယားဘက်ကနေ တိမ်းရှောင်လာသူတွေရဲ့ အဆိုအရ Bureau 121 မှာ ကွန်ပြူတာ ကျွမ်းကျင်မှု ထိပ်တန်းအရောက်ဆုံးတွေကို ခန့်ထားပါတယ် တဲ့။

အဲဒီဌာနကို စစ်တပ်က ကိုင်တွယ်တယ်၊ ရန်ဘက်နိုင်ငံတွေရဲ့ အင်တာနက်ကွန်ပြူတာ ဖောက်ထွင်းမှုတွေ၊ ထောက်လှမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်တယ်လို့ ဆိုတယ်။

မြောက်ကိုရီးယား စစ်ဘက် ကွန်ပြူတာ တက္ကသိုလ်မှာ ပညာသင်လာတဲ့ Jang Se-yul ဆိုသူက ထက်မြက်တဲ့ လူငယ်တွေကို သေချာ ရွေးချယ်ပြီး
စစ်ဘက်ဆိုင်ရာ ဟက်ကာတွေအဖြစ်   ခန့်ထားတယ်၊
တချို့ဆို အသက် ၁၇ နှစ်ပဲ ရှိအုံးမယ်၊ ခံစားခွင့် ကောင်းကောင်းပေးထားပါတယ် တဲ့။

Bureau 121 မှာ ဆိုက်ဘာ စစ်သည်တော် ၁,၈ဝဝ ခန့် ရှိမယ်လို့ သူက ဆိုပါတယ်။ ဆိုက်ဘာက သူတို့ရဲ့ အား အကောင်းဆုံး လက်နက်၊ မြောက်ကိုရီးယားမှာတော့ ဆိုက်ဘာကို လျှို့ဝှက်စစ်ပွဲလို့ ပြောကြပါတယ် တဲ့။

သူ့သူငယ်ချင်းတယောက်ကတော့ ပြည်ပမှာ တာဝန်ထမ်းဆောင်ရတယ်၊ မြောက်ကိုရီးယားရဲ့ ကုန်သွယ် စီးပွားရေးလုပ်ငန်းတခုမှာ အယောင်ပြ လုပ်တယ်၊ အဲဒီသူငယ်ချင်းနဲ့မိသားစုကို မြို့တော်ပြုံယမ်းမှာ တိုက်ခန်းကောင်းကောင်းနဲ့ ထားတယ်လို့ ဆိုတယ်။

ဒါကတော့  http://www.irrawaddy.org/asia/north-korea-hackers-handpicked-pampered-elite.html မှာ ရေးထားတာကို ပြန်ပြီး ဖောက်သည်ချခြင်းပါ။

(ဒီသတင်း ဖတ်ပြီး ဆက်စပ် တွေးမိတာကတော့ ရန်ကုန်က မြောက်ကိုရီးယားစားသောက်ဆိုင်မှာလည်း ဆိုက်ဘာ စစ်သည်တော်တွေ ရှိရင် ရှိနေမယ်ဆိုတာပါပဲ။
ရိုးရိုးသားသား စားသောက်ဆိုင်လာဖွင့်တာ ဖြစ်နိုင်သလို အဲဒီသတင်းထဲကလိုမျိုး ဆိုက်ဘာဌာနခွဲတို့ ဘာတို့လည်း ဖြစ်နိုင်တယ် ဆိုတာ တွေးမိပါကြောင်း။)

စည်သူလင်း

In North Korea, Hackers Are a Handpicked, Pampered Elite


-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved