သတိ ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်(ဘ၀အောင်မြင်ရေးစာစု-၆)

Friday, December 26, 2014





သတိပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်ဆိုတဲ့ ဒီကဏ္ဍလေးကနေ ပျင်းတတ်တဲ့လူငယ်တို့အတွက် ဧရာဝတီဘလော့ဂ်ရဲ့ ခြောက်ပတ်မြောက် ဖော်ပြပေးချင်တာက “အောင်မြင်သူတို့ ဘာသာစကားအကြောင်း” နဲ့ပတ်သက်လို့ပါ။

“စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုတဲ့ မြန်မာ စကားပုံ တခုကို ကြားဖူးကြပါလိမ့်မယ်။ စကားထဲက ဇာတိပြ ဆိုတာက ဒီလိုပါ။ အောင်မြင်သူလား၊ မအောင်မြင်သူလား ဆိုတာ ပြောတဲ့ စကားအရ သိနိုင်တယ်။ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ လိုလားမှုကို ပြောတဲ့ စကားအရ သိနိုင်တယ်။ ဒါကြောင့် စကားထဲက ဇာတိပြ ဆိုတာ ဖြစ်လာတာပါ။ ဇာတိ ဆိုတာ မူရင်း အခံစိတ်ကို ပြောတာ ဖြစ်တယ်။

အောင်မြင်မယ့်သူနဲ့ မအောင်မြင်သူတို့ စကားတွေကို လေ့လာကြည့်ရအောင်ပါ။ ဆရာ တင်မောင်သန်း ရေးသားတဲ့ သခင်စိတ်ဓာတ်၊ သခင်အကျင့် နဲ့ ဆောင်းပါးများ ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဇာတိပြ စကားတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

ပျင်းတတ်တဲ့ တို့လူငယ်တွေ အနေနဲ့ ကိုယ်ဘယ်လိုလူ ဆိုတာ သိမြင်နိုင်ဖို့ပါ။ ပြီးတော့ ကျင့်ကြံ ပြောဆို နေထိုင်ဖို့ပါ။

မအောင်မြင်သူတို့ ဘာသာစကား    အောင်မြင်သူတို့ ဘာသာစကား
-    ဘာမှ လုပ်မရနိုင်ပါဘူး ဗျာ    -    ဖြစ်နိုင်ခြေတွေ ရှာကြည့်ရအောင်
-    ကျနော့် ဘ၀ကိုက ဒီလို ဖြစ်ခဲ့တာကိုး။ ကျနော့်ကံကို မကောင်းတာ။    -    ကျနော် တခြားနည်းလည်း ရှာနိုင်တယ်
-    သူ ကျနော့်ကို ဒေါသထွက်အောင် လုပ်တယ်ဗျ    -    ကျနော့်စိတ်ကို ကျနော် ထိန်းနိုင်တယ်
-    ခွင့်ပြုမှာ မဟုတ်ဘူး    -    ထိရောက်တဲ့ တင်ပြပုံ ကျနော် ဖန်တီး ကြည့်နိုင်တယ်

-    လုပ်ရမယ့် ကိန်းပဲ    -    လုပ်မလား၊ မလုပ်ဘူးလားဆိုတာ ကျနော် ကိုယ်တိုင်  ဆုံးဖြတ်မယ်
-    တကယ်လို့သာ….    -    ကျနော် လုပ်မယ်


ပျင်းတဲ့
နိုင်စွမ်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved