လူမည်းမလေးသီဆိုတဲ့ မြန်မာပေါ့ပ်သီချင်းများ

Monday, December 8, 2014


ဒီရက်ပိုင်းထဲမှာပဲ လူမည်း အမျိုးသမီးငယ်လေးတဦးဟာ မြန်မာနိုင်ငံက နာမည်ရ အဆိုတော် အောင်လနဲ့ ရဲရင့်အောင်တို့ရဲ့ သီချင်းတွေကို အိုက်တင်အပြည့်နဲ့ သီဆို သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဖိုင်လေး တခု ဖေ့ဘုတ်စာမျက်နှာတွေထက်မှာ နာမည်ကြီးလို့နေပါတယ်။

အဆိုတော် အောင်လရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “တောင်းပန်တယ်” ဆိုတဲ့ သီချင်းနဲ့ အဆိုတော် ရဲရင့်အောင်ရဲ့ “ရပါတယ် ထွက်သွားပါ” ဆိုတဲ့ မြန်မာ သီချင်းနှစ်ပုဒ်ကို လူမည်းအမျိုးသမီးလေးတယောက်က ဟန်ပန်ကျကျ သီဆို သရုပ်ဆောင်ထားတဲ့ ပုံက မသိတဲ့သူဆိုရင် သူကိုယ်တိုင်ပဲ မြန်မာသီချင်းကို ကျွမ်းကျင်ပိုင် နိုင်စွာ သီဆိုနိုင်သူတယောက်လို့ ထင်ရနိုင်ပါတယ်။

ဒီဗီဒီယိုဖိုင်ကို ကြည့်ရတဲ့ ပရိတ်သတ်တွေက သဘောကျနှစ်ခြိုက်ကြကာ အဆိုတော် အောင်လနဲ့ ရဲရင့်အောင် တို့ သီချင်းကတော့ ကမ္ဘာကျော်သွားပြီဆိုပြီး ပြောဆိုနေကြပါသေးတယ်။

ဒါကို ဧရာဝတီဘလော့ဂ်ပရိတ်သတ်တွေ အပျင်းပြေ ကြည့်ရှုနိုင်ဖို့ သူရဲ့ ဗီဒီယိုဖိုင်ကလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved