ရွှေမြန်မာတို့ရဲ့ မောင်းသူမဲ့ လေယာဉ် အသုံးချနယ်ပယ်မှာ အောင်မြင်

Tuesday, December 23, 2014


မြန်မာနိုင်ငံမှာလည်း မောင်းသူမဲ့ လေယာဉ်ကို အသုံးချနယ်ပယ်မှာ စမ်းသပ်အသုံးပြုတာ အောင်မြင်တယ် လို့ မြန်မာနိုင်ငံ လေကြောင်းဆိုင်ရာ အင်ဂျင်နီယာတွေရဲ့ UAV (သုတေသန) က ထုတ်ဖော်ပြောဆို လာပါ တယ်။ 

အသုံးချနယ်ပယ်မှာ အောင်မြင်စွာ ပျံသန်းတဲ့ မြန်မာတို့ရဲ့ မောင်းသူမဲ့ လေယာဉ်၊ ဓာတ်ပုံ- UAV Research (MAEU)

လျှပ်စစ် ဝန်ကြီးဌာနက တည်ဆောက်မယ့် ၅ဝဝ ကေဗွီ မဟာဓာတ်အားလိုင်း လမ်း အူကြောင်း Survey တိုင်းတာခြင်း ( မဟာဓာတ်အားလိုင်း ဓာတ်ကြိုးသွယ်မည့် လမ်းကြောင်း) လုပ်ငန်းတခုဖြစ်တဲ့ တောင်ငူမြို့ ကနေ ဘုရားကြီး ထိ မိုင် ၁၂ဝ အကွာကို အင်ဂျင်နီယာတွေ ရဲ့ တီထွင်ထားတဲ့ မောင်းသူမဲ့ လေယာဉ်နဲ့ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့ပြီလို့ သိရပါတယ်။ 

မြန်မာတို့ရဲ့ မောင်းသူမဲ့ လေယာဉ် အောင်မြင်စွာ လုပ်ငန်း ဆောင်ရွက်ခဲ့ပုံတွေကို ဒီကနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်သွားဖို့လည်း ရှိတယ်လို့ UAE ( Research) ရဲ့ စာမျက်နှာက သိရပါတယ်။ 

အခုလို အောင်အောင်မြင်မြင် လုပ်ငန်း အကောင်အထည်ဖော်နိုင်တဲ့ မောင်းသူမဲ့ လေယာဉ်နဲ့ပတ်သက်ပြီး ဋ္ဌာနနဲ့ သက်ဆိုင်ရာက ပူးပေါင်းပါဝင်ဆောင်ရွက်သူတွေလည်း ဝမ်းမြောက်ဂုဏ်ယူနေကြတယ်တဲ့။ 




ဒါကြောင့် နည်းပညာ ခေတ်မီဆန်းပြားမှုတွေ ကမ္ဘာကြီးမှာ ရှေ့တန်းရောက်နေချိန်မှာ မြန်မာ အင်ဂျင်နီယာ
တွေ ကလည်း အမှီလိုက်နိုင်အောင် ကြိုးပမ်းမှုရဲ့ ရလာဒ်ပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အမြင့်ပေ မီတာ ၅ဝဝ အမြင့်ထိ မောင်းသူမဲ့ လေယာဉ်ဟာ မိတ္ထီလာ ရှမ်းတဲနယ်မြေမှာ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ ပါသေးတယ်။ 



အိမ့်သံစဉ် ~ 





အသေးစိတ် သိရှိလိုရင်လည်း အောက်ကလင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်နော်။

https://www.facebook.com/uavresearch.maeu?fref=photo



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved