အားသာချက်တွေနဲ့ Honda Airwave

Wednesday, December 24, 2014



ဓာတ်ပုံ - www.blogspot.com


ဒီနေ့  ပြည်တွင်းကားဈေးကွက်မှာကWagon Type တွေရဲ့ နေရာရရှိမှုကတခြားမော်ဒယ်တွေနဲ့ စာရင်တော့ နေရာ နည်းတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ အကြောင်းကတော့ Wagon တွေက Taxiလောက်အဖြစ် သုံးရအောင်လည်းကိုယ်ထည်နဲ့ အင်ဂျင်ကနည်းနည်းပိုကြီးနေတာကြောင့် ဆီစားနှုန်းအနေအထားနဲ့ အံမဝင်နိုင်တော့ မသုံးကြဘူးပေါ့။ နောက်ထပ် အိမ်စီးအနေနဲ့  ကြည့်မယ် ဆိုရင်လည်း တဖက်က ကိုယ်ထည  ကြီးမားတော့ မိသားစု Type အတွက် အဆင်ပြေပေမယ့် လမ်းကျပ်ကျပ်မှာတော့ အဆင်မပြေချင်ပြန်ဘူး၊ နောက်ဆုံး ဒီဇိုင်းပေါ့။ ရုပ်ထွက်က Fastback တွေက Wagon တွေထက် သာနေတော့ လူကြိုက်နည်းချင်တဲ့ သဘောပါ။

ဒါဆို Wagon တွေကလူမစီးကြတော့ဘူးလားဆိုတော့လည်း မဟုတ်သေးပါဘူး။ အင်ဂျင်အရွယ်ကြီးတော့  စွမ်းဆောင်ရည်လည်းကောင်းတယ်၊ ဝန်များများတင်နိုင်တယ်၊ ခရီးဝေးသွားနိုင်တယ်၊ ကိုယ်ထည် ကြီးမား တာကြောင့် အတွင်းခန်းကျယ်ပြီး Family Type တွေအတွက် အဆင်ပြေတယ်။ စတဲ့ အားသာချက် တွေ ကတော့ ရှိနေပြန်တာပေါ့။

Wagon တွေရဲ့ ဈေးကွက်ကို တချက်လောက် ကြည့်လိုက်ရအောင်ပါ။

ဘယ်ကားအမျိုးအစားမှာမဆို ဈေးကွက်ရဲ့ Leader ကတော့ Toyota ပဲနော်။ ဒီလိုပဲအခု Wagon မှာလည်း Wish တွေ Ipsum တွေကဈေးကွက်ရဲ့ ဆရာတွေပါ။ ဒါပေမယ့် သူတို့နဲ့အတူတူ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ Wagon တစီးဝယ်မယ်လို့ စိတ်ကူးထားသူတွေအနေနဲ့ အဝယ်စာရင်းမှာ ထည့်သွင်း ထားသင့်တဲ့ မော်ဒယ်တခုတော့ ရှိပါတယ်။ သူကတော့ Honda Airwave ပါ။

ရုပ်ထွက်ပိုင်းမှာ ပုံမှန်လောက်ပဲ ဆိုပေမယ့် ရှေ့မီးကြီးဒီဇိုင်းကတော့ တော်တော်လေးကောင်းပါတယ်။ နောက်ပြီးအတွင်းခန်းအနေအထားက သေသပ်တယ်၊ အနောက်ဘက် ဝန်တင်ခန်းကျယ်တယ်၊ ခရီးသည်ခန်းကတော့ ပုံမှန် အနေအထားလောက်ပါပဲ။ အရောင်ရွေးချယ်နိုင်မှု အပိုင်းမှာ တချက်ကောင်းတာက တည်ငြိမ်တဲ့ အရောင်မျိုးတွေဖြစ်တဲ့ အဖြူနဲ့အနက်တွေ ရနိုင်တာလည်းပါပါတယ်။ တခြား ပြိုင်ဘက် မော်ဒယ်တွေကတော့ Wagon ဆိုရင် အဆိုပါ အရောင်တွေ အဝင်နည်းတယ်လေ။ ပြီးတော့ နောက်ဆုံးနဲ့ အကောင်းဆုံးအားသာချက်တချက် ရှိသေးတယ်၊ ပြိုင်ဘက် Wishတွေထက် သာလွန်တာကဈေးနှုန်း၊ သိန်း ၃၀ လောက်ထိအောင် ကွာတယ်။ ဒါကEquipment အပေါ် မူတည်သေးတယ်နော်။ တချို့ Wishထဲက ခပ်မြင့်မြင့် အနေအထားဆိုရင် သိန်း ၅၀ လောက်ထိအောင် ဟတာတွေ့ရတယ်။

အခု Airwave ကတော့ ၂၀ဝ၉ ခုနှစ် ပတ်ဝန်းကျင်လောက်ကထုတ်ထားတဲ့ မော်ဒယ် ဆိုရင် သိန်း ၁၅၀ လောက်ပဲရှိနိုင်ပြီးအင်ဂျင်ကလည်း ၂ ဒသမ ၄ လီတာသုံးတွေဆိုတော့ အရမ်းကြီးမကြီးပါဘူး။ ဒါပေမယ့် ပုံမှန်ထက်တော့ နည်းနည်းများနေတာပေါ့။ ပြောရရင် ခရီးဝေးထွက်တတ်တဲ့သူမျိုးတွေနဲ့ ဝန်တင်တတ်တဲ့ သူတွေအတွက် ဆိုရင်တော့ ကိုက်မယ် ထင်ပါတယ်ဗျာ။ ဒီလို ၂၀ဝ၉ ခုနှစ်ထုတ် မော်ဒယ်တွေက များသောအားဖြင့်တော့ ကီလို ၆ သောင်းဝန်းကျင်လောက် မောင်းထားပြီးပြီဗျ။ ဒါပေမယ့် ၅ နှစ်လောက်အတွင်းမှာ ဒီလောက်ပဲ သုံးထားတာကတော့ ပြစ်ချက်မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်ကတော့ Airwave က ဝယ်မယ်လို့ စိတ်ကူးစဉ်းစားတဲ့စာရင်းမှာမဖြစ်မနေထည့်ထားရမယ့် မော်ဒယ်တခုလို့ ဆိုလိုက်တာပါ။ ကောင်းတာကတော့ မော်ဒယ်မြင့် ၂၀၁၀ နောက် ပိုင်းတွေ ဖြစ်ပေမယ့် ၂၀ဝ၉ နဲ့ ဝန်းကျင်ဆိုလည်းမမှားပါဘူး။

လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved