မင်းအုပ်စိုးကို ဖေဖော်ဝါရီ ပထမပတ်မှာ စွဲချက်တင် ရုံးတင် စစ်ဆေးမည်

Friday, January 23, 2015



ဓာတ်ပုံများ - သော်ဟိန်းထက်/ ဧရာဝတီ

လူသတ်မှုနဲ့ တလ နီးပါးခန့် ဖမ်းဆီးခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုး အမှုကို လာမယ့် ဖေဖော်ဝါရီ ၄ ရက်မှာ လူသတ်မှုနဲ့ ပထမဆုံး စွဲချက်တင် ရုံးတင်စစ်ဆေးမှုတွေ စတင် ပြုလုပ်တော့မယ်လို့ သိရပါတယ်။

ရုံးတင်စစ်ဆေးမှုများ ပြုလုပ်ဖို့ ဆေးစစ်ချက် အဖြေတွေနဲ့ အမှုတွဲကို အနောက်ပိုင်းခရိုင် တရားရုံး သို့ ပေးပို့ထားပြီး ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက်လည်း ဇန်န၀ါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၄ ရက် အထိ တတိယအကြိမ် ရမန်အား အနောက်ပိုင်းခရိုင် တရားရုံးမှာ မနေ့က ရယူခဲ့ပါတယ်။




“ဆေးစစ်ချက်ကတော့ ရပြီ ဆေးစစ်ချက် အဖြေနဲ့ အမှုတွဲ တင်ထားတယ်။ အခုက ရမန် ထပ်ယူတာ။ ဖေဖော်ဝါရီ ၄ ရက် ကျရင် ရုံးတင်စစ်ဆေးမှု ပြုလုပ်မယ်။ ပုဒ်မကတော့ ၃၀၂ နဲ့ပဲ စွဲထားတယ်”ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဝင်းက ပြောပါတယ်။

ဒီဇင်ဘာလ ၂၅ ရက် နံနက် ၂ နာရီခန့်မှာ မင်းအုပ်စိုးက သရပါ မဂ္ဂဇင်း အယ်ဒီတာ မနုနုယဉ် (ခ) တေးနုယဉ်ကို သူ့ရဲ့ နေအိမ်မှာ လက်သီးဖြင့် ထိုးခြင်း၊ ဆောင့်တွန်းခြင်း၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် မတေးနုယဉ် သေဆုံးခဲ့လို့ မင်းအုပ်စိုးက ဗဟန်း ရဲစခန်းမှာ ဖြောင့်ချက်ပေး အဖမ်းခံခဲ့ခြင်း ဖြစ်ပါတယ်။


ဘုန်းမြတ်


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved