အကောင်းဆုံးထူးခြားအားသာချက်တွေနဲ့ Chevrolet Colorado 2015

Thursday, January 8, 2015



ဓာတ်ပုံများ - www.edmunds.com

 လက်ရှိ ပြည်တွင်းမှာတော့နာမည်ကျော်မော်တော်ကားကုမ္ပဏီတွေရဲ့ Showroom တွေ လာရောက်ဖွင့်လှစ် ရောင်းချနေတာတွေ့နိုင်သလိုအဲဒီထဲကမှအမေရိကန်အခြေစိုက်ကားကုမ္ပဏီနှစ်ခုဖြစ်တဲ့ Chevrolet နဲ့ Ford တွေလည်း ပြည်တွင်းမှာရနေပါပြီ။ ဒီနေရာမှာတွေ့မိသလောက်တော့ Ford မော်ဒယ် တော်တော်များများ တင်သွင်း ရောင်းချနေတာတွေ့ရပေမယ့် Chevy ကတော့ မော်ဒယ်လေးငါးမျိုးလောက်ပဲ တွေ့မိပါတယ်။ ဒါပေမယ့် ကျနော် စိတ်ဝင်စားတာကတော့ Chevy ရဲ့ SUV အမျိုးအစား၊ Frame မြင့်မြင့်နဲ့ တောင်တက် မော်ဒယ်၊ အကြမ်းစီးနိုင်တဲ့မော်ဒယ်၊ လမ်းစုံမောင်းနိုင်တဲ့မော်ဒယ်၊ သူက Colorado လို့ခေါ်ပါတယ်။ Truck တန်းဝင်မော်ဒယ်ဖြစ်ပြီးတော့တံခါးလေးပေါက်စနစ်နဲ့လည်းရနိုင်သလို Ext အဖြစ်နဲ့လည်းတွေ့ရပါတယ်။

အားသာချက်

အင်ဂျင်ပိုင်းမှာမူလလက်ဟောင်းရဲ့နေရာကို အစားထိုးပြီး နည်းပညာသစ်နဲ့ ထုတ်လုပ်ထားမှာဖြစ်လို့ သေချာတာတချက်ကအရင်ကထက်စွမ်းဆောင်ရည်ပိုမိုမြင့်မားမှာဖြစ်သလိုတဖက်ကလည်းဆီစားနှုန်းပိုပြီးသက်သာကောင်းမွန်မှာ ဖြစ်ပါတယ်။ နောက်တခုကတော့ကားရဲ့အရွယ်အစား ဖြစ်ပြီး Truck တစီးကိုမှ နှစ်သက်တဲ့ သူတွေအတွက်ကတော့ ကိုယ်ထည်ကြီးကြီးနဲ့ ဝန်များများတင်ဆောင်နိုင်ချင်မှာ အမှန်ဖြစ်တာကြောင့် ကားရဲ့ အလျား၁၉ပေနီးပါးရှိတဲ့မော်ဒယ်ကစိတ်ကြိုက်ဖြစ်စေမှာပါ။နောက်ဆုံးတချက်ကိုပြောပါဆိုရင်တော့အတွင်းပိုင်းအပြင်အဆင်နဲ့မာကျောကောင်းမွန်မှုပဲ ဖြစ်ပြီး ဒီဇိုင်းက ခေတ်သစ်ဆီဒင်တွေက အတွင်းပိုင်းလိုမျိုး ဆွဲဆောင်မှု ကောင်းမွန်သလို အကြမ်းခံနိုင်အောင် ဖန်တီးထားတဲ့အတွင်းပိုင်းက လမ်းဒီလောက်မဆိုးတဲ့ ပြည်တွင်းလို အနေအထားမှာရေရှည်သုံးနိုင်မှာ ဖြစ်ပါတယ်။




 



အားနည်းချက်

ကိုယ်ထည်ဒီဇိုင်းပိုင်းမှာအနည်းငယ်အပြစ်ပြောစရာရှိပြီးတော့ Truck တစီးကိုSportဆန်တဲ့ဒီဇိုင်းနဲ့ ဖန်တီးထား တာကြောင့်မြန်နှုန်းမြင့်မြင့်မောင်းနှင်ရတဲ့အပိုင်းတွေမှာစကားနည်းနည်းပြောနိုင်ပါတယ်။ နောက်တချက် ကတော့ဒီဇယ်အင်ဂျင်စနစ်နဲ့ထုတ်လုပ်သွားမယ်လို့ ဈေးကွက်မှာ မိတ်ဆက်ခဲ့ခြင်းမရှိတာကြောင့် ဒီဇယ်အင်ဂျင် တွေကိုမှ နှစ်သက်သူတွေအတွက်တော့ Null ဖြစ်သွားပါလိမ့်မယ်။ နောက်ဆုံးတချက်ကို ပြောပါဆိုရင်တော့ Truck တစီးအဖြစ်ဖန်တီးထားပေမယ့် Transmission ပိုင်းမှာ Auto စနစ်နဲ့ ဖြစ်တာကြောင့် Manual စနစ်လောက်ရုန်းအားကောင်းပါ့မလားဆိုတာတွေးစရာပါ။

 


 ထူးခြားမှု

ကုမ္ပဏီကနေထုတ်ထားတဲ့ Hightlight ကိုကြည့်မယ်ဆိုရင် အရင်ဆုံးအင်ဂျင်ပိုင်းကို မိတ်ဆက် ထားတာတွေ့နိုင်ပြီး ၃ဒသမ၆လီတာသုံး V6 အင်ဂျင်ကို တပ်ဆင်ထားတယ်လို့ဆိုပါတယ်။ Transmission အပိုင်းမှာက Shiftable Automatic စနစ်နဲ့ဖန်တီးထားပြီး ဂီယာချက် ၆ ချက်ထိအောင် အသုံးပြု မောင်းနှင်နိုင်မယ်၊ Wireless Connection အဖြစ်နဲ့ Bluetooth စနစ်ကိုသုံးနိုင်မယ်၊ MP3 Player တပ်ဆင်ထားမယ်၊ Stallite Radioလည်းသုံးနိုင်မယ်၊လမ်းကြောင်းမောင်းအကူစနစ်တွေ ဖြစ်တဲ့Stability Control နဲ့ Traction Control တွေလည်း သုံးနိုင်မယ်လို့ဆိုထားပါတယ်။ နောက်ပြီးတော့ ခရီးသည် ၆ ယောက် ထိအောင်လိုက်ပါစီးနင်းနိုင်မယ်လို့ပြောပါသေးတယ်။

ကားဘော်ဒီ

ကိုယ်ထည်ပိုင်းမှာက အထက်မှာပြောခဲ့ပြီးသလို အကြီးစား Truck တန်းဝင်မော်ဒယ်ဖြစ်ပြီးတော့ အလျား ၁၈ပေနဲ့၈လက်မခွဲ ထိအောင်ရှိမှာ ဖြစ်သလို မျက်နှာစာအကျယ်ကတော့ ၆ပေနဲ့၂လက်မခွဲ ကို နည်းနည်းပဲ လျော့ပါတယ်။ ကားရဲ့အမြင့်အပိုင်းမှာက ၆ပေနဲ့၇လက်မ ကိုသုံး စိတ်လျော့အောင် ဖန်တီးထားမှာဖြစ်ပြီး Ground Clearance အပိုင်းမှာက ၈လက်မကျော်ထိအောင် ရှိမှာဖြစ်လို့ လမ်းကြောင်းကတော့ စိတ်ကြိုက်ပါပဲ။ အတွင်းခန်း အကျယ်အဝန်းကလည်း ရှေ့ဘက်ခန်းရောနောက်ဘက်ခန်းကိုပါ လက်မ ၆၀နီးပါး လောက် ထိအောင် ဖန်တီးထားတာကြောင့် ပြဿသနာရှိနိုင်သလိုခရီးဝေးသွားလာမှုတွေကိုပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။

 



ကားအင်ဂျင်

ဒီအပိုင်းမှာတော့အထက်မှာကျနော်ပြောခဲ့ပြီးသလို ၃ဒသမ၆လီတာသုံး V6 အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး အစကတည်းကအင်ဂျင်ပိုင်းနည်းပညာကောင်းမွန်တဲ့ Chevy အတွက်က V Sereis အင်ဂျင်ကိုပါ အသုံးပြုတည်ဆောက်ထားတာကြောင့်အသံထွက်လည်းအထူးကောင်းမွန်တာတွေ့နိုင်ပါတယ်။ Valve Timing ကို Vareable နဲ့ထားပြီးဖန်တီးထားသလို Cam Type က DOHC နဲ့ ဖြစ်ပါတယ်။ အင်ဂျင်မှာ Valve ပေါင်း ၂၄ခုနဲ့ တည်ဆောက်ထားပြီး အင်ဂျင်ရဲ့ရုန်းအား ၂၇၀ပေ-ပေါင်မှာ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၃၀၂ကောင်အားဖြစ်လို့ကောင်းမွန်တာတွေ့နိုင်ပါတယ်။ အင်ဂျင်ရဲ့ ပုံမှန်လည်ပတ်အားကတော့ တမိနစ်မှာ အပတ်ရေ ၄၀ဝ၀ ထိအောင်ဖြစ်ပြီးအမြင့်ဆုံးလည်ပတ်နိုင်မယ့်နှုန်းကတော့ တမိနစ်မှာအပတ်ရေ ၆၉၅၀ ထိအောင် ဖြစ်တာကြောင့်ပုံမှန်ထက်တော့များနေတာအမှန်ပါပဲနော်။

စွမ်းဆောင်ရည်

အင်ဂျင်ကလည်ပတ်နှုန်းများတာကြောင့်ပုံမှန်ထက်စွမ်းအင်ထုတ်လုပ်မှုလည်းများပြားကောင်းမွန်တာတွေ့နိုင်ပြီးလမ်းကြမ်းတွေမှာပါရုန်းအားကောင်းမွန်အောင်နောက်ဘီးယက်စနစ်နဲ့ထုတ်လုပ်ထားတာတွေ့ရပါတယ်။ Transmission အပိုင်းမှာကအထက်မှာပြောခဲ့သလို Auto စနစ်နဲ့ ဂီယာချက် ၆ချက် ကိုသုံးနိုင်မှာဖြစ်ပြီး အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာက လမ်းကြမ်းမောင်း၊ ဝန်များများတင်ဆောင်နိုင်မယ့် မော်ဒယ် ဖြစ်တာကြောင့်အရှိန်မြှင့်တင်မောင်းနှင်နိုင်မှုအနည်းငယ်အားနည်းတာတွေ့နိုင်ပြီးတော့တနာရီမိုင်၆၀နှုန်းကို အချိန် ၇စက္ကန့် ကျော်လောက်ထိအောင်ယူမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါနှုန်းက သူနဲ့တန်းတူပြိုင်ဘက် မော်ဒယ်တွေနဲ့စာရင်တော့ အနည်းငယ်သာလွန်သေးတာတွေ့နိုင်ပါတယ်။
ကျန်တဲ့အချက်တွေထဲကသိထားသင့်တဲ့အချက်တချို့ကိုဆွဲထုတ်ပြရမယ်ဆိုရင်အတွင်းပိုင်းတည်ဆောက်ထားရှိမှုအပိုင်းမှာအရည်အသွေးကောင်းအထည်သားကိုပဲဦးစားပေးတည်ဆောက်ထားသလိုနောက်ဘက်ထိုင်ခုံတန်းနောက်မှီကိုလည်းခေါက်သိမ်းနိုင်အောင်ဖန်တီးထားတာကြောင့်နောက်ဘက်ခန်းကိုအိပ်စင်သဖွယ်လည်းသုံးနိုင်မှာ ဖြစ်ပါတယ်။ Tachometer နဲ့ ပြင်ပလေထုအပူချိန်ကို ဖော်ပြပေးမယ့်စနစ်တွေ ထည့်သွင်းထားသလို Audio အပိုင်းမှာလည်း Speaker ၆လုံး ထိအောင်တပ်ဆင်ပြီးပါရှိမှာပါ။ ပြတင်းပေါက်တွေကို Privacy အမျိုးအစား မှန်သားတွေကိုအသုံးပြုဖန်တီးထားတာတွေ့ရသလို Bumper တွေကိုလည်း Steel သား ပုံစံမျိုးနေရာမှာ ဆေးရောင်တွေအစားထိုးထားတာတွေ့ရပါတယ်။ ကဲ..ဒီလောက်ဆို Colorado အကြောင်း တော်တော်လေးလည်း စုံသွားပါပြီနော်။

လင်းထက် (IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved