ကြေငြာချက်တွေရမယ်

Monday, February 23, 2015

လတ်တလော အလှုပ်ခတ်ဆုံးသတင်းလို့ဆိုလိုက်ရင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် နယ်မြေမှာ ဖြစ်ပွားနေတဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအကြောင်းလို့ဆိုရမှာပါ။

အခုလို အပြင်မှာလည်း တိုက်ပွဲတွေဖြစ်နေသလို ဖေ့ဘုတ်လူမှုကွန်ရက်ကြီးမှာလည်း တဖက်နဲ့တဖက် အမြင်မတူသူ ဖေ့ဘုတ် သုံးစွဲသူပြည်သူတွေအကြားလည်း ဖြစ်ပွားနေတဲ့ တိုက်ပွဲကလည်း တော်တော်ပြင်းထန်ပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကို ပဓာန မထားပဲ စွန့်လွှတ် စွန့်စားနေကြတဲ့ တပ်မတော်သားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အောက်ခံအနီရောင်အပေါ်မှာမှ နေမင်းတံဆိပ်ပုံစံ ပရိုဖိုင်းပစ်ချာတွေ ပြောင်းသူကပြောင်း ကုန်ကြလို့ ဒီ့အပေါ်ကို အခုမှ ငါတို့ တပ်မတော်ကြီးဖြစ်နေကြလေရဲ့ဆိုပြီး ဝေဖန်ပြစ်တင်သူတွေလည်း ရှိလို့နေ ပြန်တာပါ။

ဒီကြားထဲ အနုပညာရှင်တွေက ဒဏ်ရာရ တပ်မတော်သားတွေနဲ့ သူတို့မိသားစုတွေအတွက် အလှူငွေ ပေးအပ်တာတွေ ထောက်ပံ့လှူဒါန်းမှုတွေ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းဂုဏ်ပြုတာတွေကိုလည်း မြင်ရတွေ့ရ ကြားရမှာပါ။

ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ ဘယ်ကတော့ ဘယ်လိုရှုံချပါတယ်ဆိုတဲ့ ကြေငြာချက်တွေ ထုတ်ပြန်နေတဲ့အထဲ မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်၊ ဂီတ အစည်းအရုံးတွေကလည်း  ဒီလို ဒီလို ကြေငြာချက်တွေ ထုတ်ပြန်လိုက်ပါပြီ။

ဒါကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တဲ့ ဂီတအစည်းအရုံးရဲ့ ကြေငြာချက်ပါ။





နောက်ထပ် ဖော်ပြပေးမှာကတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကြေးမုံသတင်းစာမှာပဲ ရုပ်ရှင်အစည်းအရုံးရဲ့ သဘောထားကို အခုလို ကြေငြာချက်ထုတ်လိုက်ပြန်ပါတယ်။








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved