တကမ္ဘာလုံးက လူသားတွေရဲ့ နှလုံးသားကိုကိုင်လှုပ်နိုင်ခဲ့တဲ့ ကလေးငယ်

Friday, April 3, 2015



photo - osman sagirli

ဆီးရီးယားကလေးငယ်တစ်ဦးရဲ့  လက်တွေမြှောက်ပြီး ကြောက်ရွံတုန်လှုပ်နေတဲ့ မျက်ဝန်းအစုံနဲ့ ဓာတ်ပုံတပုံဟာ အခုတလော အင်တာနက်လောကမှာပျံ့ နှံ့ နေပါတယ်။

BBC အစီအစဉ်မှ ဓါတ်ပုံရဲ့ နောက်ကွယ်က ဇာတ်လမ်းနဲ့  ရိုက်ကူးခဲ့သူ ဓါတ်ပုံပညာရှင်ကို စုံစမ်းဖော်ထုတ်ခဲ့ရာ

တူရကီလူမျိုး ဓါတ်ပုံဆရာ အိုစမမ် ဆာကလီ မှ လေးနှစ်အရွယ် ဟူဒီယာ အမည်ရှိ ကလေးမကို ဆီးရီးယားနိုင်ငံရှိ အက်မက် ဒုက္ခသည်စခန်းမှာ ဒီဇင်ဘာ ၂၀၁၄ က ရိုက်ကူး ခဲ့ခြင်း ဖြစ်ပါတယ်။

ဟူဒီယာဟာ သူမရဲ့  မိခင်၊ မွေးချင်းနှစ်ယောက်နဲ့ အတူ ကီလိုမီတာ ၁၅၀ ဝေးကွာတဲ့ သူမနေထိုင်ရာမြို့မှ ဒုက္ခသည်စခန်းကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

ဓါတ်ပုံဆရာ ဆာကလီရဲ့ပြောကြားချက်အရ ဟူဒီယာကို ဓါတ်ပုံရိုက်ဖို့ ကြိုးစားစဉ်မှာ ဆာကလီရဲ့  ကင်မရာမှာ မှန်ဘီလူးအကြီးစားကို တပ်ဆင်ထားပါတယ်။ ဟူဒီယာ ဟာ ကင်မရာမှန်ဘီလူးကို လက်နက်လို့  ထင်မြင်ယူဆတဲ့အတွက် ကြောက်ရွံ့ပြီး နှုတ်ခမ်းကို ကိုက်၊ လက်ကိုမြှောက်နေခဲ့ခြင်း ဖြစ်ပါတယ်။

သနားစရာကောင်းလှတဲ့ ဟူဒီယာရဲ့  ပုံဟာ တကမ္ဘာလုံးက လူသားတွေရဲ့  နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။


နေနေ


ကိုးကားသတင်း။  ။ http://www.bbc.com/news/blogs-trending-32121732

1 comments :

  1. Anonymous said... :

    တနေ့ မှာ တရားမျှတမှုကို မင်းခံစားရမှာပါ ကလေးရယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved