KFC နဲ့ သင်္ကြန်ရေပက်ခံထွက်ကြမယ်

Saturday, April 11, 2015



Kentucky Fried Chicken(KFC) ဟာ ကမ္ဘာမှာ နာမည်ကျော်ကြားတဲ့ အသင့်စား အစားအသောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးသော ဆိုင်ခွဲကို နောက်လာမည့် လအနည်းငယ်အတွင်း ရန်ကုန်မှာ ဖွင့်လှစ်တော့မှာပဲ ဖြစ်ပါသည်။

ကမ္ဘာကျော် အသင့်စား အစားအသောက်တခုဖြစ်တဲ့ Kentucky Fried Chicken(KFC) က သင်္ကြန်ပွဲတော်အတွက် ထူးခြားတဲ့ အစီအစဉ်တခုကို ပြုလုပ်ပေးတော့ပါမယ်။ အဲ့ဒါကတော့ KFC Thingyan Tour အစီအစဉ်ပါ။

အစီအစဉ်ကတော့ ဧပြီလ ၁၃ရက်နေ့မှ ဧပြီလ ၁၆ရက်နေ့အထိကို KFC မှ ထရပ်ကားများကို စီစဉ်ပေးထားပြီး ရန်ကုန်မြို့ရဲ့အထင်ကရ လမ်းများဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းတို့မှာ ရေပက်ခံထွက်ပေးမှာပါတဲ့။

ဒ့ါထက် ထရပ်ကားတစ်စီးစီမှာ လူ(၆) ယောက်လိုက်ပါနိုင်တာကြောင့် မိသားစုတွေ နဲ့ပဲဖြစ်ဖြစ် သူငယ်ချင်း တွေနဲ့ပဲ ဖြစ်ဖြစ်ရေပက်ခံထွက်နိုင်ပါတယ်တဲ့။ ဒါ့အပြင်ထရပ်ကားတစ်စီးစီမှာ လုံခြုံရေးအရာရှိ (၂)ဦးနဲ့ ဆေးသေတ္တာငယ် ၁ ဗူး ပါဝင်မှာဖြစ်တာကြောင့်လုံခြုံရေးအတွက် စိတ်ချယုံကြည်နိုင်ပါတယ်တဲ့။

ပထမဦးဆုံး ခရီးစဉ်ကိုတော့ တနလာင်္နေ့၊ ဧပြီလ ၁၃ရက်နေ့ ညနေမှာ စတင်မှာဖြစ်ပါတယ်။ နောက် အင်္ဂါနေ့၊ ဧပြီလ ၁၄ရက်နေ့မှ ကြာသပတေးနေ့ ဧပြီလ ၁၆ရက်နေ့ အထိ၊ တစ်နေ့ကို ရေပက်ခံ နှစ်ကြိမ်ထွက်နိုင်ဖို့ စီစဉ်ပေးထားတာမှာပါ။

ဒီအစီအစဉ်မှာ ပါဝင်လိုတဲ့ လူတိုင်းအတွက် အခမဲ့ခုံနေရာတွေကို သက်ဆိုင်ရာ ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်တဲ့ (www.kfc-myanmarevents.com) မှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်တဲ့။

 ပွဲမတိုင်မီနဲ့ ပွဲအတွင်းမှာတော့ KFC Facebook ပေ့ခ်ျက တဆင့် သတင်းအချက်အလက်တွေနဲ့ ဓါတ်ပုံတွေကိုတင်ပေးသွားမှာဖြစ်တာကြောင့် KFC Thingyan Tour အစီအစဉ်ပါဝင်လိုသူတွေအတွက် သတင်းကောင်းတခုလို့ ဆိုလိုက်ပါရစေ။

Kentucky Fried Chicken(KFC) က မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဆိုင်ခွဲကို နောက်လာမည့် လအနည်းငယ် အတွင်း ရန်ကုန်မှာ ဖွင့်လှစ်တော့ပါမယ်တဲ့။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved