“စာအုပ်ကြီးကိုင်ပြီးထိုင်ဖတ်နေဖို့ထက် အွန်လိုင်းမှာသင်ယူလို့ရတဲ့ နေရာတွေ အများကြီးရှိတယ်”

Monday, May 11, 2015



ဓာတ်ပုံ - တင်ထက်ပိုင်/ ဧရာဝတီ


မစန္ဒီစိန်သိန်း
အသက် (၂၆) နှစ်


ကျမတက်ခဲ့တဲ့ ကျောင်းက ရန်ကုန် YUFL (Yangon University of Foreign Language) မှာ ပြင်သစ်စာနဲ့ ကျောင်းပြီးခဲ့တယ်။ ပြီးတော့ ကျမ French Institute မှာကျောင်းဆက်တက်ပြီး စင်ကာပူထွက်သွားတယ်။  စင်ကာပူမှာက Kaplan တက်ခဲ့ပြီးတော့ စင်ကာပူမှာပဲ အလုပ်လုပ်ခဲ့တယ်။ ကျမရဲ့ Career တလျှောက်လုံးမှာ Marketing လုပ်ခဲ့တယ်၊ Sales & Marketing ပေါ့။ စင်ကာပူမှာနေရင်းနဲ့ ကျမရန်ကုန်ပြန်ရောက်လာတဲ့ အကြောင်းရင်းကတော့ Idea Box ဆိုတဲ့ Innovation နဲ့ ပတ်သက်တဲ့ Activity တွေလုပ်တဲ့ ကုမ္ပဏီကနေ ကျမကိုအလုပ်လုပ်ဖို့ ကမ်းလှမ်းတာနဲ့ ကျမကလည်း မြန်မာပြည်မှာ ဒီလိုထူးထူးခြားခြားလေးတွေ လုပ်မယ်၊ စိတ်ဝင်စားတယ်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ကျမ ပြန်လာခဲ့တယ်။

အဲဒီမှာ ကျမတို့ အဓိက ဘာတွေလုပ်လဲဆိုတော့ အဓိကက Technology ပေါ့။ အဲဒီကစပြီး ကျမ Technology ထဲကို ဝင်လာတာ။ Technology ထဲဝင်လာလို့ ကျမက Technician လည်းမဟုတ်ဘူး၊ Programmer လည်းမဟုတ်ဘူး။ ကျမအဓိက ဝင်လာတာက ကျမရဲ့ ကုမ္ပဏီကို ကိုယ်စားပြုပြီး Marketing အပိုင်းမှာ လုပ်ပါတယ်။

Innovation ကိစ္စတွေ လုပ်ရင်းလုပ်ရင်းနဲ့ ကျမတို့ ဘာလုပ်ဖြစ်လဲဆိုတော့ မနှစ်က ဒီအချိန်မှာ Geek Girls Myanmar လို့ခေါ်တဲ့ Women in Technology ကို စလုပ်ဖြစ်တယ်။ Geek Girls Myanmar ဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ Technology ထဲမှာရှိတဲ့ မိန်းကလေးတွေကို Encourage လုပ်ပေးတဲ့ Community။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာကျတော့ IT Industry မှာ ယောကျာ်းလေးတွေက Leader တွေဖြစ်နေတယ်။ မိန်းကလေးတွေကနောက်မှာကျန်နေတယ်။ ပြီးတော့ Start-up လုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာလည်း မိန်းကလေးတွေကလည်း ထင်သလောက်ရှေ့မတိုးဘူး။

အမှန်တိုင်းပြောလို့ရှိရင် Computer University တွေမှာ ၆၀ ရာခိုင်နှုန်းလောက်က  မိန်းကလေးတွေချည်းပဲ။ တကယ်တမ်းကျောင်းပြီးလို့ အလုပ်လုပ်တဲ့အခါကျ သူတို့တွေက အနောက်မှာကျန်နေတယ်။ Banking အပိုင်းမှာတော့ များတယ်။ ဒီလိုနေရာတွေမှာ မိန်းကလေးနည်းနေတော့ ကျမတို့ဘာလုပ်မလဲ၊ Idea Box အနေနဲ့ကော ဘာလုပ်မလဲဆိုတော့ ကျမတို့ Geek Girls Myanmar ကိုလုပ်ဖြစ်တယ်။ Geek Girls မှာ ကျမက Leader လို ဖြစ်နေတာပေါ့။

ကျမတို့ Greek Girls က ဘာတွေလုပ်ဖြစ်လဲဆိုတော့ လစဉ် Workshop တွေ၊ Training တွေလုပ်တယ်။ အခုလာမယ့် မေလ ၂၅ ရက်နေ့မှာလည်း Workshop တခုရှိတယ်။ ကျမတို့က အဲဒါတွေကို Free လုပ်ပေးတာဖြစ်ပြီး အဓိက Target ကတော့ မိန်းကလေးတွေကို စုပေးလိုက်တာပေါ့။ ယောကျာ်းလေးတွေဆို တွေ့ဖို့က လွယ်တယ်လေ။ လက်ဘက်ရည်ဆိုင်မှာတွေ့ပြီး Coding အကြောင်းပြောမလား၊ ဂိမ်းအကြောင်းဆွေးနွေးမလား၊ ကွန်ပျူတာ အကြောင်းပြောမလား အဆင်ပြေတယ်လေ။ မိန်းကလေးတွေကျတော့ အဲဒီလိုစုစည်းဖို့ နေရာမရှိဘူး။ ကျမတို့က Community လိုမဟုတ်ဘူး၊ Platform ပုံစံမျိုးဖြစ်တယ်။ ရည်ရွယ်ချက်ကတော့ သူတို့ကိုပညာတွေ ဒီထက်ပိုပြီး Learning လုပ်စေချင်တယ်။ ပြီးတော့ ကျမတို့က Technology အပိုင်းပဲသင်တာမဟုတ်ဘူး၊ Business အပိုင်းတို့၊ PR အပိုင်းတို့နဲ့ Entrepreneur Skills တွေပါ သင်ပေးတယ်။

Member အနေနဲ့က အွန်လိုင်းမှာ ၄၀၀ ကျော်ရှိပေမယ့် အပြင်မှာတကယ် Active ဖြစ်တာတော့ ၅၀ ဝန်းကျင် လောက်ပဲရှိတယ်။ ကျမငယ်ငယ်တုန်းကတော့ ဘာမှမဖြစ်ချင်ခဲ့ဘူး၊ ကြီးလာမှ ဖြစ်ချင်ခဲ့တာ။ သူများတွေဆို ဆရာဝန်ဖြစ်ချင်ခဲ့တာ၊ ဆရာမဖြစ်ချင်ခဲ့တာအဲဒီလိုမျိုးမရှိဘူး။ တက္ကသိုလ်ရောက်လာတော့ ကျမက UFL တက်တာဆိုတော့ ကိုယ်ဘာဖြစ်ချင်တယ်လို့ စဉ်းစားလဲဆိုတော့ UFL နဲ့လည်းကျောင်းပြီးရင် သံရုံးတို့မှာ Admin ကနေဝင်ပြီးတဖြည်းဖြည်းနဲ့ ရာထူးတက်သွားတဲ့ အေးချမ်းတဲ့ Life မျိုးကိုလိုချင်ခဲ့တာပေါ့။

တကယ်တမ်းကျတော့ ကျမကျောင်းပြီးသွားတော့ အလုပ်စရတာဟိုတယ်မှာ၊ ဟိုတယ်မှာလုပ်ရင်းနဲ့ ကျမတဖြည်းဖြည်းနဲ့ Changes လိုချင်လာတယ်။ လူတွေကိုကြည့်ရင်းနဲ့ Professional လမ်းကြောင်းတွေ မြင်လာတယ်။ ဘယ်လိုမျိုး လူတွေကဘယ်လိုအလုပ်တွေလုပ်ရင် ဘယ်လောက်ထိ Intelligent ဖြစ်လဲ၊ ဘယ်လောက်ထိ Smart ဖြစ်လဲ မြင်လာတော့ ပိုပြီးတော့ ဖြစ်ချင်လာတယ်။ အဲဒါနဲ့ နိုင်ငံခြားကိုရအောင် ထွက်တယ်။

အဲဒီရောက်မှ ကျမဘာဖြစ်ချင်လဲဆိုတာလူကပိုပြီးသိလာတယ်။အဲဒီရောက်တော့ ကျမအလုပ်လုပ်တယ်။ လစာလည်းကောင်းကောင်းနဲ့ အလုပ်လုပ်တယ်။ အဲဒီလိုလုပ်ရင်းနဲ့ ကျမဘာသိလာလဲဆိုတော့ အဲဒီအရွယ် ၂၄၊ ၂၅ မှာကျမ Community တို့၊ Society တို့ကိုအကျိုးပြုတဲ့လူ ဖြစ်ချင်လာတယ်။
ဝါသနာပါတာကတော့ ကျမလူတွေနဲ့ တွေ့ရတာ ကြိုက်တယ်၊ အဓိကကတော့ ပွဲတွေ စီစဉ်တယ်။ လူတွေနဲ့ တွေ့တယ်။

အဲဒီလိုမျိုးလှုပ်လှုပ်ရှားရှားသွားလာရတာမျိုး၊ စူးစမ်းရှာဖွေရတာမျိုးကို ကြိုက်တယ်။ အပြင်အနေနဲ့ ကျမ ဘာဝါသနာပါလဲဆိုရင် စာရေးတာဝါသနာပါတယ်။ ကျမ Lifestyle နဲ့ ပတ်သက်ပြီး Blog တွေ ဘာတွေ ရေးတယ်။ ဘယ်လိုအကြောင်းတွေ ရေးတာများလဲဆိုရင် ကိုယ်သွားခဲ့တဲ့ နေရာတွေ၊ ခရီးတွေ အကြောင်းရေးတယ်။ အဓိကက ဖက်ရှင်လည်းရေးတယ်၊ ပြီးတော့ Lifestyle ဆိုတဲ့အတိုင်းသွားလာစားသောက်တာလေးတွေ ရေးတယ်။

ဒီနေ့ခေတ်လူငယ်တွေကိုကျမဘယ်လို မြင်လဲဆိုရင် ဒီမှာရှိတဲ့ မြန်မာနိုင်ငံကလူငယ်တော်တော်များများက Learning အပိုင်းအားနည်းကြတယ်။ အားနည်းတယ်ဆိုတာတော်တော်များများကတော့ Learning လုပ်နေကြတာပဲ။ ဒါပေမယ့် Negative အပိုင်းကို Learning လုပ်ကြတာများတယ်။ စာဖတ်လည်းနည်းလာကြတယ်။

စာဖတ်တယ်ဆိုတာစာအုပ်ကြီးကိုင်ပြီးထိုင်ဖတ်နေဖို့ထက် အွန်လိုင်းမှာ Learning လုပ်လို့ရတဲ့ နေရာတွေ အများကြီးရှိတယ်။ အခုဆိုရင် ကျမတို့ခေတ်ကထက်စာရင် အများကြီး Open Source တွေရှိလာတယ်။ ဒီခေတ်မှာလူငယ်တွေအတွက် အများကြီး အဆင်ပြေလာတယ်။

ကျမတို့ ခေတ်တုန်းကဆို ဆရာမသင်ပေးမှတို့၊ Library သွားမှတို့ လုပ်ရတယ်။ ဒီခေတ်မှာအင်တာနက်ကိုအသုံးပြုပြီးအွန်လိုင်းကနေ Self-Learning လုပ်လို့ရနေပြီဆိုတော့ လူငယ်တွေကိုကျမ Self-Learning များများလုပ်ကြဖို့ အကြံပေးချင်ပါတယ်။



သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved