Miss Golden Myanmar ပြိုင်ပွဲ စကာတင်အလှမယ် ၃၀ ရွေးချယ်ပြီး

Thursday, May 14, 2015


ဓာတ်ပုံ - ယုမွန်ကျော် / The Irrawaddy

နှစ်စဉ် ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီး ငါးပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ဖို့ရန် Miss Golden Land Myanmar Organization က မယ်မြန်မာတွေကို ရွေးချယ်လေ့ရှိရာ ဒီနှစ်အတွက်လည်း မြန်မာအလှမယ်ငါးဦးကို ရွေးချယ်သွားဦးမှာပါ။

Miss Golden Land Myanmar Organization က မြန်မာနိုင်ငံအနှံ့အပြားက  ပြိုင်ပွဲဝင် Miss အယောက် ၃၀ ကို ဧပြီလအတွင်းက ရွေးချယ်ထားပြီးပြီဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ ပြိုင်ပွဲဝင် Miss တွေကို မိတ်ဆက်ခြင်းနဲ့ အယောက် ၃၀ ထဲမှာ  သုံးဦးကို စာနယ်ဇင်းသတင်းမီဒီယာများက အနှစ်သက်ဆုံး အလှမယ်ကိုမဲပေးပြီး ရွေးချယ်စေတဲ့  Media’s Choice Award ဆုချီးမြင့်တဲ့ အခမ်းအနားကိုတော့ မေလ ၁၃ ရက်က ရန်ကုန်မြို့မှာရှိတဲ့ Sule Shangri-la Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မီဒီယာများက ရွေးချယ်ပေးခဲ့တဲ့ Miss သုံးဦးမှာ ခါးနံပါတ် ၁ ကချင်တိုင်းရင်းသူ Lဘောက်နူးက ပထမ၊ ခါးနံပါတ် ၁၂ Wမေရှင်းစိန်က ဒုတိယ၊ ခါးနံပါတ်၁၅ ခင်အင်ကြင်းကျော်တို့က တတိယ ရရှိခဲ့ကြပါတယ်။


စကာတင် Miss ၃၀ ဦးတို့ဟာ မေလအတွင်းမှာ လုပ်အားဒါနပြုကုသိုလ်ခရီးစဉ်နဲ့ ပရဟိတလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေကို မြှင့်တင်ပေးရန်အတွက် လုပ်ငန်းစဉ်များ လုပ်ဆောင်ရန်အတွက်ကို မေလအတွင်းမှာ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ ပုပ္ပါးတွေမှာ လိုက်ပါပြုလုပ်ဆောင်ရွက် ကြမှာဖြစ်ပြီး Miss Golden Land Myanmar 2015 Final ပွဲကိုတော့ ဇွန်လ ၂၁ ရက်နေ့ည ခြောက်နာရီအချိန်မှာ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Centre (MCC) မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။




၂၀၁၃ ခုနှစ် ၊ ၂၀၁၄ ခုနှစ်တွေမှာလည်း သွားရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ Miss တွေဟာ ရလဒ်ကောင်းတွေကို ရရှိခဲ့လို့ Miss Golden Land Myanmar Organization က ရွေးချယ်တဲ့ Miss တွေကို
 စိတ်ဝင်စားမှုများကာ အောင်မြင်တဲ့ ပွဲတပွဲဆိုလည်း မမှားပါဘူး။ Miss Golden Land Myanmar Organization က နှစ်စဉ် ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွေ ဖြစ်တဲ့ Miss Earth Myanmar  ၊ Miss Supranational Myanmar ၊ Miss Intercontinental Myanmar ၊ Miss Tourism Myanmar ၊ Face of Beauty Myanmar ဆိုတဲ့ မယ်ပြိုင်ပွဲ ငါးပွဲကို သွားရောက်ယှဉ်ပြိုင်ရန် အလှမယ် ငါးဦးရွေးချယ်ပြီး စေလွှတ်ယှဉ်ပြိုင်စေတာဟာ အခုဆို တတိယအကြိမ် တိုင်ခဲ့ပါပြီ။ မနှစ်က သွားရောက် ယှဉ်ပြိုင်စေခဲ့တဲ့ Miss တွေထဲက အလှမယ် ဟန်သီနဲ့ အိန်ဂျယ်လမုန်ဟာဆိုရင်လည်း ကမ္ဘာအလှမယ် ၂၅ ယောက်ထဲ ၀င်ရောက်တဲ့အထိ အောင်မြင်မှုတွေကို ရရှိခဲ့ကြပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved