အချစ်က..ဘာလဲ ဆိုတဲ့ မော်ဒယ်လ်နန်းသီရိမောင်

Tuesday, June 16, 2015


မော်ဒယ်လ် နန်းသီရိမောင် (ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy)

Sexy ဆန်ဆန် ခပ်မိုက်မိုက်ပုံတွေနဲ့ ပရိတ်သတ်အကြား လူသိများလာခဲ့တဲ့ မော်ဒယ်လ် နန်းသီရိမောင်က အချစ်က.. ဘာလဲ လို့ ဆိုလိုက်ပါတယ်။

အဲ့ဒါကတော့ တခြားတော့ မဟုတ်ပါဘူး။ နန်းသီရိမောင်က သူ့ရဲ့ အချစ်က… ဘာလဲဆိုတဲ့ တကိုယ်တော် တေးစီးရီး ခွေကို ဇွန်လ ၁၄ ရက်နေ့မှာ ဘိုဘိုအင်တာတိန်းမန့်ကနေ ဖြန့်ချိခဲ့တာပါ။

ဒီ တေးစီးရီးမှာ သီချင်းပုဒ်ရေ ၁၆ ပုဒ်ပါဝင်ကာ စီးရီး Title သီချင်းကိုတော့ တေးရေးသားကြီးက ရေးသားပေးထား ပါတယ်တဲ့။ တေးစီးရီးထဲက သီချင်း ၂ ပုဒ်ကိုတော့ MTV အဖြစ် ရိုက်ကူးပြီးသွားပြီ ဒီဇင်ဘာအတွင်းမှာတော့ သီချင်းအားလုံး MTV အဖြစ် ဖြန့်ချိနိုင်အောင် ရိုက်ကူးသွားမယ်လို့သိရပါတယ်။

တေးရေးတွေအနေနဲ့ သုခမိန်လှိုင်၊ ရွှေဂျော်ဂျော်၊ စနို၊ ရယ်ဂျီ၊ ဟဲလေး၊ ဇင်မင်းခန့်၊  Ar-T ၊ သားကြီး၊ မျိုးလေး၊ ဒီထဲလ်ဒီ၊ ရည်မွန်၊ အိမ့်ချစ်နဲ့ပိုပို တို့က ရေးသားပေးထားတာဖြစ်ပြီး Featuring အနေနဲ့ ဟဲလေး ကပါဝင်သီဆိုပေးထားပါတယ်။ လောလောဆယ် ရိုက်ကူးပြီးထားတဲ့ သီချင်းနှစ်ပုဒ်ကိုတော့ ဒါရိုက်တာ ၀င်းလွင်ထက်နဲ့ အောင်မြတ်တို့က ခပ်လန်းလန်းရိုက်ချက်များနဲ့ ရိုက်ကူးပုံဖော်ပေးထားပါတယ်တဲ့။


အရင်က ခပ်လန်းလန်းပို့စ်တွေကြောင့် အွန်လိုင်း ပရိသတ်တွေက မော်ဒယ်လ် နန်းသိရီမောင်ကို သိထား   ကြပေမယ့် နန်းသရီမောင်ဟာ အဆိုဝါသနာကို အရင်ကတည်းက ၀ါသနာပါခဲ့တာဖြစ်ပြီး သူ့ရဲ့ တကိုယ်တော်တေးစီးရီးကို ပရိသတ်အား ချပြနိုင်ဖို့ အချိန်တစ်နှစ်ကျော်ပေးပြီး အများကြိး ကြိုးစားထားတယ်လို့ သိရပါတယ်။

အချစ်က.. ဘာလဲ ဆိုတဲ့ တကိုယ်တော် တေးစီးရီးနဲ့ပတ်သတ်လို့ နန်းသီရိမောင်က “နန်းနန်းက ကိုယ်  ဘာဖြစ်ချင်တာလဲ၊ ကိုယ်ရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာ စဉ်းစားလိုက်တဲ့အခါ ငယ်ငယ်လေးကထဲက    ဖြစ်ချင်တဲ့အရာလေးတခုကို အကောင်အထည်ဖော်လိုက်တာပါရှင်” လို့ ပြောပြပါတယ်။

ဒီဘက်ခေတ်မှာ အဆိုတော်တယောက်အတွက် တကိုယ်တော်အခွေ ထွက်ရှိဖို့ မလွယ်ကူသလို ၊ ထွက်လာခဲ့ပြီး ရင်လည်း ပရိသတ်လက်ခံအားပေးမှုရရှိဖို့က မလွယ်ကူတဲ့ အချိန်မှာ နန်းသိရီမောင်ရဲ့ တကိုယ်တော်ခွေ အချစ်က… ဘာလဲ အခွေကရော ပရိသတ်တွေအတွက် ဘယ်လို တေးစီးရီးဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမလိုဖြစ်နေပါပြီ။


ယုမွန်ကျော်

1 comments :

  1. Anonymous said... :

    အချစ်​ဆိုတာ လျှို့ဝှက်​ချက်​ တစ်​ခုပါ။ ​ဖြေ​ပေးလိုက်​ပြိီ​နော်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved