မဲစာရင်းကြည့်သူဘာကြောင့် နည်းပါးရသလဲ၊ ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်အပေါ် ဗြိတိန်သံအမတ်ကြီးရဲ့အမြင်

Tuesday, June 30, 2015


ဗြိတိန်သံအမတ်နှင့် ပြည်ခရိုင် NLD အဖွဲ့ဝင်များတွေ့ဆုံစဉ်(ဓာတ်ပုံများ - ကောင်းမြတ်မင်း/ ဧရာဝတီ)

၂၀၁၅ ရွေးကောက်ပွဲအတွက် နယ်မြို့တွေမှာ ဘယ်လို ပြင်ဆင်ထားသလဲဆိုတာကို လေ့လာဖို့ ခရီးထွက်လာခဲ့တဲ့ ဗြိတိန်သံအမတ်ကြီး Andrew Patrick ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက ပြည်မြို့ကိုရောက်ရှိလာပါတယ်။

ပြည်ခရိုင်အတွင်း အခြေခံမဲစာရင်းလာရောက်ကြည့်ရှုသူ နည်းပါးနေပြီး အဲဒီလို နည်းပါးရခြင်းဟာ  မြန်မာပြည်သူတွေ အနေနဲ့  ၁၉၆၀ ခုနှစ်မှစတင်ပြီး မိမိတို့အစိုးရကို ကိုယ်တိုင်ရွေးချယ်ခွင့် မရရှိခဲ့တဲ့အတွက် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးရခြင်းဖြစ်တယ်လို့ သံအမတ်ကြီးက သုံးသပ်ပြောဆိုပါတယ်။

“ပြည်သူလူထုဟာ သူတို့ရဲ့အစိုးရကို ရွေးချယ်ပိုင်ခွင့်ရှိခဲ့တာ ၁၉၆၀ က နောက်ဆုံးပါ။ အဲ့ဒီတော့ တိုင်းသူပြည်သားတွေ အနေနဲ့ စာရင်းတွေစစ်ပြီး မဲပေးဖို့က အရမ်းအရေးကြီးပါတယ်။ လူထုက မဲစာရင်းမှာ နာမည်ပါမပါသွားစစ်ဖို့ အားနည်း ပါတယ်။ ဒီလိုလူထုက စိတ်ဝင်စားမှုနည်းတာကို ပြောင်းလဲပစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အဲဒီအတွက် အလုပ်လုပ်သင့်ပါတယ်။ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကလည်း လူထုစိတ်ဝင်စားအောင်လုပ်ပေးသင့်ပါတယ်။”     လို့ သံအမတ်ကြီးက မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရက ဖိတ်ခေါ်မှုအပေါ် သူ့အမြင်   သဘောထားကို ထပ်မံ မေးမြန်းကြည့်ခဲ့ပါသေးတယ်။


သံအမတ်ကြီးက “ အများစုကတော့ ထင်ချင်ထင်ကြမယ် ဗြိတိန်အနေနဲ့ မြန်မာကနေ တရုတ်နဲ့ အဆက်  အသွယ် လုပ်တာ ဆက်ဆံတာ ဗြိတိန်ကနေ မနှစ်မျို့ဘူးလို့ ထင်ချင်ထင်ကြမယ်။ တကယ်တမ်း ကျနော်    သဘောထားကတော့ နိုင်ငံတခုအနေနဲ့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ကောင်းမွန်တဲ့ အဆက်အသွယ်လုပ်သင့်ပါတယ်။ ”လို့ ပြောဆိုခဲ့ပါတယ်။

ဗြိတိန်သံအမတ်ကြီးအနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအတွက် မွန်ပြည်နယ် မော်လမြိုင်မြို့၊ ပဲခူးတိုင်း ပဲခူးမြို့နဲ့ ပြည်မြို့တွေကို သွားရောက်လေ့လာခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့တွေမှာလည်း မကွေးမြို့နဲ့ မိတ္ထီလာမြို့တွေကို တဆက်တည်း သွားရောက်ဖြစ်ခဲ့ပါတယ်။ လာမယ့် သြဂုတ်လထဲမှာလဲ ကယားပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရပါတယ်။


ကောင်းမြတ်မင်း

2 comments :

  1.ှSaya Zaw said... :

    မဲစာရင်းထက် လတ်တလောကိုယ့်စားဝတ်နေရေးအတွက် အလုပ်ကိုပဲအာရုံစိုက်နေကြရတဲ့ ပြည်သူအများစုအတွက် အဖွဲ့အစည်း/ အသင်းအဖွဲ့တွေက စေတနာ့ဝန်ထမ်းသဘောမျိုး စာရင်းကောက် အမည်စာရင်းစစ်ပေးဖို့ လုပ်သင့်တယ် အိမ်ထောင်စုစာရင်းရှိတဲ့နေရာနဲ့ အမှန်တကယ်ရောက်ရှိနေထိုင်ရာနေရာ တခြားစီဖြစ်နေသူတွေ များစွာရှိနေတော့ ကိုယ်လက်ရှိရောက်ရာနေရာမှာ မဲပေးနိုင်ကြဖို့ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲကို အကြောင်းကြားတာတို့ကို ခုနပြောတဲ့ အသင်းအဖွဲ့မျိုးတွေက ကာယကံရှင်သဘောတူညီမှုနဲ့ကြားဝင်ကူညီလုပ်ဆောင်ပေးရင် မဲပေးချင်ပေမယ့် မဲမပေးလိုက်ရဘဲ အဟောသိကံဖြစ်သွားမယ့်အရေးကို ကာကွယ်နိုင်မယ်လို့ ယူဆပါတယ် အဲဒီအသင်းအဖွဲ့တွေကို ကုန်ကျစရိတ်ထောက်ပံ့ပေးမယ့်သူတွေ အဖွဲ့အစည်းတွေလည်း ရှိမှာသေချာပါတယ်.....

  1. ye win said... :

    Thank you to HE Mr. Andrew Patrick for using his liberty to promote the same for oppressed in Burma. The authorities across the globe must mobilise their resources, human resources to keep and eyes on the election irregularity orchestrated by the military regime of Burma. The job started here to tame the wild tigers. The leading opposition Party, NLD must get the landslide victory expected by the public. The people must interest in the electoral role and make a complaint if irregularity in name and entry in the voting role. The onus is on each and every person eligible to vote in election to be able to cast their vote for NLD. This is critical situation to resuscitate the ill Burma. He must rise up out of ashes like a flying Phoenix. Thank you to HE Mr. Ambassador.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved