မောင့်ကိုချစ်ဖို့ ထပ်ပြီးမွေးဖွားလာဦးမယ့် အဆိုတော် တက္ကသိုလ်လဲ့လဲ့

Friday, June 19, 2015


အဆိုတော် တက္ကသိုလ်လဲ့လဲ့(ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy)

မြန်မာသံစဉ် သီချင်းအဆိုရှင် တက္ကသိုလ်လဲ့လဲ့ရဲ့ ဂီတသက်တမ်း နှစ် ၄၀ ပြည့် အထိမ်းအမှတ် အမှတ်တရ တေးဂီတ ဖျော်ဖြေပွဲကို ဇူလိုင် ၄ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဂီတ သက်တမ်း နှစ် ၄၀ အတွင်း အောင်မြင်ခဲ့တဲ့ တေးသီချင်းများကို အခြား နာမည်ကြီး တေးသံရှင်များနဲ့အတူ သီဆိုဖျော်ဖြေမှာပါ။ အခုပြုလုပ်တဲ့ပွဲဟာ ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။ ပထမအကြိမ် ၂၀၁၂ ခုနှစ်တုန်းကပြုလုပ်ခဲ့တဲ့ စန္ဒယား ဦးကွန်းဇော်ရဲ့ ရွှေရတုမြောက် ဂီတဖျော်ြေ ဖ ပွဲဟာလည်း အောင်မြင်မှုများရခဲ့သလို အခုပွဲကိုလည်း ပရိသတ်များ သဘောတွေ့စေမယ့် ဂီတပွဲတခုဖြစ်အောင် ကျင်းပသွားဦးမယ်လို့သိရပါတယ်။


တက္ကသိုလ်လဲ့လဲ့နဲ့ အတူ ပါဝင်သီဆိုဖျော်ဖြေပေးကြမယ့် အနုပညာရှင်များကတော့ တေးသံရှင် ဟေမာနေ၀င်း၊ ကော်နီ၊ ချမ်းချမ်း၊ ပန်းအိဖြူနဲ့ သရုပ်ဆောင် စိုးပြည့်သဇင်တို့ပါ။ အမျိုးသားတေးသံရှင်အဖြစ် မြန်မာသံစဉ် အဆိုရှင်သစ်တေးသံရှင်မိုးထက်မြင့်တို့က တယောက်ကို သုံးပုဒ်ဆီ ပါဝင်သီဆိုကြမှာ ဖြစ်ပါတယ်။

 ဂီတဖျော်ဖြေပွဲမှာ တေးသီချင်းအပုဒ်ပေါင်း သုံးဆယ်ကျော်ကို သီဆိုသွားမှာဖြစ်ပြီး အဲ့ဒီထဲမှာ စန္ဒယားကွန်းဇော်ရေးသားထားတဲ့ တေးသီချင်း ၁၈ ပုဒ်ကို သီဆိုသွားမယ်လို့ သိရပါတယ်။ အဆိုတော် တက္ကသိုလ်လဲ့လဲ့ရဲ့ နာမည်ကြီးသီချင်းများဖြစ်တဲ့ နှင်းဆီမလေး ချစ်ပုံပြင်၊ မောင်ကိုချစ်ဖို့ မွေးဖွားလာပါတယ်၊ ချစ်သူအတွက်ဆို စွန့်မယ်၊ အချစ်ဆုံးမို့ ပြောပြချင်ပါတယ် စတဲ့ တေးသီချင်းများလည်း ပါဝင်မှာပါ။

အဆိုတော် ဟေမာနေ၀င်း

ယခုပြုလုပ်မယ့်ပွဲမှာ ငွေရေးကြေးရေးကို အဓိကမထားဘဲ မှတ်တမ်းတခု ကျန်ခဲ့ဖို့အတွက်နဲ့ ဂီတအနုပညာကို အဓိကဦးစားပေးပြီး  ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အပြင့် ဂီတဖျော်ဖြေပွဲမှ ရရှိတဲ့ငွေများကို လောက်     ကိုင်ဒေသ စစ်ဘေးသင့်သူများကို ပေးအပ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဂီတဖျော်ဖြေပွဲနဲ့ ပတ်သတ်လို့ တက္ကသိုလ်လဲ့လဲ့က “ဒါက မြန်မာသံစဉ်ပွဲဖြစ်တဲ့အတွက် ပရိသတ်လည်း    ပျင်းမသွားအောင် မြန်မာသံစဉ်ကို ပြန်လည်ဆန်းသစ်ထားပြီး အဲဒီအခါမှာလည်း ဆူလည်းမဆူညံအောင် အန်တီကိုယ်တိုင်လည်း အကောင်းဆုံးကြိုးစားသီဆိုသွားမှာပါ။ ပါဝင်သီဆိုကြမယ့် သမီးလေးတွေနဲ့    သားလေး မိုးထက်မြင့်တို့ကလည်း အကောင်းဆုံးသီဆိုပေးကြမှာပါ” လို့ ပြောပြပါတယ်။

ရရှိလာတဲ့ အလှူငွေများကို လောက်ကိုင်ဒေသကို ဘာကြောင့် လှူဒါန်းဖြစ်သလဲလို့ဆိုတော့ “အဲဒါက အန်တီရဲ့ တူမလေးလိုချစ်ရတဲ့သမီးလေးတယောက် တိုက်ပွဲကျသွားတယ်။ ဒီပွဲလုပ်ဖို့ စီစဉ်နေတုန်း အဲ့လို တိုက်ပွဲကျသွားတော့ ဒီပွဲကို ဆက်လုပ်ချင်စိတ်မရှိတော့ဘူး။ စိတ်မကောင်းဖြစ်သွားတာလေ။ ဒါပေမယ့် သူသည်လည်း သူ့ဘ၀နဲ့သူ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း တိုက်ပွဲကျတာပဲလေ ၊ ကိုယ်သည်လည်း ကိုယ့်တာဝန် ဂီတနဲ့ တာဝန် ထမ်းဆောင်ရမယ်ဆိုပြီး ပွဲလေးဆက်လုပ်ဖြစ်တယ်။ အဲ့ဒီကို လှူဒါန်းဖြစ်ခဲ့တာပါ” လို့ ဆက်ပြောပြခဲ့ပါတယ်။

ဂီတပွဲကို အမျိုးသားကဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲလက်မှတ်များကို ဂီတပွဲကျင်းပမပြုလုပ်ခင် တပတ်အလိုမှာ ရောင်းချပေးသွားမှာဖြစ်ပြီး ရတနာမြိုင်တေးသံသွင်းနဲ့ မန်းသိရီတေးသံသွင်းတို့မှာ ၀ယ်          ယူနိုင်ကြောင်းသိရှိရပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved