လူငယ်တွေအကြားခေတ်စားနေတဲ့ အရုပ်ကလေးတွေ

Thursday, July 2, 2015



COC အရုပ်ကလေးများ - Ks 19000 (ဓာတ်ပုံ - သီဟတိုး / The Irrawaddy)

Digital Age လို့ပြောရမလိုဖြစ်နေတဲ့ ဒီနေ့ ဒစ်ဂျစ်တယ်ခေတ်မှာ ကွန်ပျူတာ အထူးပြုလုပ်ချက်နဲ့ ဖန်တီးထားတဲ့ ကာတွန်း Animation ဇာတ်ကားတွေဟာ ဆယ်ကျော်သက် လူငယ်တွေကြားမှာ အထူး လွှမ်းမိုး ရေပန်းစားပါတယ်။

Disney က ထုတ်လုပ်တဲ့ ကာတွန်းဇာတ်လမ်းတွေက ကလေးအကြိုက်တွေ သာမက၊ ဆယ်ကျော်သက် အရွယ် လူငယ်အကြိုက် ကာတွန်းဇာတ်လမ်းတွေ၊ ကာတွန်းဇာတ်ကောင်လေးတွေ တနှစ်ပြီးတနှစ် အသစ်အသစ်တွေ ရိုက်ကူးထုတ်လုပ်နေတာ Disney ပရိသတ်တွေ အသိပါပဲ။

Animation ဖန်တီးမှုတွေဟာလည်း အရမ်းကိုအသက်ဝင်လွန်းပြီး ကာတွန်းဇာတ်လမ်းတကားကို ကြည့်ပြီးတဲ့အခါ ကာတွန်းဇာတ်လမ်းထဲမှာပါတဲ့ဇာတ်ကောင် Character လေးတွေရဲ့ အသက်ဝင်တဲ့ ဖန်တီးထားမှုတွေကြောင့် ကာတွန်းကားချစ်သူတွေ၊ Disney ရဲ့ ပရိသတ်တွေ အပြင်လက်တွေ့ကမ္ဘာမှာပါ ဒီကာတွန်းရုပ်လေးတွေက လွှမ်းမိုးလာပါတယ်။

Frozen -Olaf & Anna (Ks 15000)

အခု လတ်တလောဆိုရင် Disney ရဲ့ ထွက်ရှိပြီးသမျှ ကာတွန်းဇာတ်ကောင်တွေထဲမှာ လူငယ်တွေ အကြိုက်များပြီး ရေပန်းစားနေတဲ့ ကာတွန်း Character အရုပ်တချို့နဲ့ မိတ်ဆက်ပြောပြချင်ပါတယ်။ ပထမဦးဆုံး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကမ္ဘာကျော် The Walt Disney Anime ကာတွန်း ကုမ္ပဏီကနေ ထွက်ရှိထားတဲ့ “Big Hero 6” ဆိုတဲ့ ကာတွန်းဇာတ်ကားထဲက Bay Max ဆိုတဲ့ အကောင်ကြီးကြီး၊ ခေါင်းသေးသေး၊ ဗိုက်ပူပူ၊ ခန္ဓာကိုယ်ဝဝနဲ့ Personal Body Guard စက်ရုပ် Character ကာတွန်းရုပ်လေးအကြောင်း ပြောပြချင်ပါတယ်။

Bay Max 

ဒီ Bay Max အကောင်လေးက Big Hero 6 သိပ္ပံစိတ်ကူးယဉ်ကာတွန်းဇာတ်ကားထဲမှာ ဇာတ်ကောင် HiroTakachiho ရဲ့ Science Project အဖြစ် ဖန်တီးပြုလုပ်ထားတဲ့ Hydro-powered စက်ရုပ်လေးတရုပ်ဖြစ်ပြီး သူက Hiro ရဲ့Personal Bodyguard လည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူက Big Hero တွေထဲက တယောက်အပါအဝင် Hero ဖြစ်လာပြီး Hrio နဲ့အတူ သိပ္ပံစွန့်စားခန်း စိတ်ကူးယဉ်ကာတွန်းဇာတ်လမ်းလေးထဲက Main Character လို့ဆိုရင် မမှားပါဘူး။

Bay Max အရုပ်လေးက ပုံစံကလည်း ခပ်ဝဝ၊ တကိုယ်လုံးအဖြူရောင်ကိုယ်ထည်နဲ့ ချစ်စရာကောင်းတဲ့ အသွင်ပြင်ရှိပြီး လူသားတွေရဲ့ ကျန်းမာရေးကို အစဉ်အမြဲတိုင်းတာပေးပြီး ကြင်ကြင်နာနာနဲ့ ဂရုစိုက်မှုပေးတတ်တဲ့သူ့ရဲ့ Character ကြောင့် ဒီအရုပ်လေးက လူငယ် ကောင်လေး၊ ကောင်မလေးတွေကြားမှာ အထူးလူ ကြိုက်များ ရေပန်းစားပါတယ်။

ဒီအရုပ်လေးတွေကိုတော့ ချစ်သူအချင်းချင်း ချစ်ခြင်း၊ ကြင်နာခြင်း၊ အစဉ်အမြဲ ဂရုစိုက်ပေးတဲ့ အဖော် စတဲ့ ရည်ရွယ်ချက်၊ အဓိပ္ပာယ်အမျိုးမျိုးနဲ့ ပေးလေ့ရှိကြပြီး သူငယ်ချင်းအချင်းချင်းလည်း Bay Max ကို အကောင်းဆုံးအဖော်မွန် Best Forever Friend (BFF) အနေနဲ့ လက်ဆောင်ပေးလေ့ ရှိကြပါတယ်။

နောက်ထပ် မိတ်ဆက်ပေးချင်တဲ့ ကာတွန်းရုပ်လေးတရုပ်ကတော့ Bay Max နဲ့ ဆန့်ကျင်ဘက်ပါ။ သူကတော့ တကိုယ်လုံး မဲနက်နေတဲ့ အရောင်နဲ့ချစ်စရာကောင်းတဲ့ Toothless လို့ခေါ်တဲ့  The Walt Disney ကာတွန်း ကုမ္ပဏီကပဲ ထုတ်လုပ် ထားတဲ့ “How to Train your Dragon” ကာတွန်းဇာတ်ကားထဲက SeadragonusGiganticus Maximus ဆိုတဲ့ အတောင်ပံပါတဲ့ပင်လယ် နဂါးပျံကာတွန်းရုပ် အကောင်လေးပါ။


Toothless အကောင်လေးက တကိုယ်လုံးမဲနက်နေပေမယ့် သူ့ရဲ့ပုံစံ မျက်လုံးပြူးပြူးနဲ့ ချစ်စရာကောင်းတဲ့ အသွင်အပြင်လေးကြောင့် အထူးသဖြင့်တော့ ဆယ်ကျော်သက်ကောင်မလေးတွေကြားမှာ ရေပန်းစားပါတယ်။ ဒီအရုပ်လေးကိုတော့ ကောင်မလေး အချင်းချင်းပဲဖြစ်ဖြစ်၊ ချစ်သူချင်းပဲဖြစ်ဖြစ် ချစ်စရာကောင်းလို့      အမှတ်တရလက်ဆောင်ပေးလေ့ရှိကြတယ်လို့ သိရပါတယ်။

ဒီအရုပ်လေးတွေက ဆိုဒ်အသေး၊အကြီး၊ အလတ်ဆိုပြီး အရွယ်အစား သုံးမျိုးနဲ့ ရနိုင်ပြီး အွန်လိုင်းကနေ တဆင့်လည်း အော်ဒါမှာယူ ဝယ်ယူနိုင်ပါတယ်။ မွှေးပွ အရုပ်အကြီးကြီးတွေဆိုရင်တော့ ကုတင်ပေါ်မှာထားပြီး ဖက်အိပ်လို့ရပါတယ်။ ဆိုဒ်လတ် အရုပ်တွေကတော့ ဗီရို၊ စားပွဲစတဲ့နေရာတွေမှာ အလှတင်ထားလေ့ရှိကြပြီး ဆိုဒ်သေးအရုပ်လေးတွေကိုတော့ ကားထဲအလှထည့်တာ၊ စားပွဲပေါ်အလှတင်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

အရုပ်ကြိုက်တတ်တဲ့အရုပ်ချစ်သူ ကာတွန်းခရေဇီသမားတွေအတွက် လတ်တလော လူငယ်တွေကြား ရေပန်းစားနေတဲ့ Bay Max နဲ့ Toothless ကာတွန်း Character လေးတွေ အကြောင်းဖော်ပြပေးလိုက်ပြီးတော့ လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ COC (Clash of Clan) ဂိမ်းထဲက အရုပ်လေးတွေနဲ့ Frozen ကာတွန်းဇာတ်ကားထဲက မင်းသမီးလေး Anna နဲ့ နှင်းရေခဲရုပ်လေး Olaf အကောင်လေးတွေပုံပါ ရိုက်ကူးဖော်ပြပေးလိုက်ပါတယ်။

ဈေးနှုန်းတွေက Bay Max အရုပ် 30 cm ကို (တသောင်း ၈ ထောင်ကျပ်)၊ 40 cm ကို (နှစ်သောင်း ၃ထောင်ကျပ်)၊ 150 cm (အကောင်ကြီး) ကို တသိန်း ၃သောင်းကျပ် အထိရှိပါတယ်။ Toothless အကောင်လေးတွေကတော့ 60 cm (နှစ်သောင်းခွဲကျပ်)၊ 45 cm (တသောင်း ၉ ထောင်ကျပ်) နဲ့ 30 cm ကို တသောင်းခွဲကျပ်အထိ အစားစားရှိပြီး ကားပေါ်တင်လို့ရတဲ့ Bay Max Bobble Head အရုပ် (၉၅၀၀ ကျပ်)၊ COC Figures တွေက တသောင်း ကိုးထောင်ကျပ်နဲ့ Frozen ဇာတ်ကားထဲက Anna နဲ့ Olaf က တရုပ် (တသောင်းခွဲကျပ်)တို့ပဲ ဖြစ်ပါတယ်။

ပုံမှာပြထားတဲ့ ကာတွန်းအရုပ်လေးတွေကိုတော့ အမှတ် (၇၅)၊ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်း၊ ဟင်္သာတလမ်းနဲ့ ငှက်ပျောတောလမ်းကြားမှာ ရှိတဲ့ “KiraKira” Hobby Mart မှာ သွားရောက် ရိုက်ယူထားတာပဲ ဖြစ်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved