ဂျန်းရှင်းမော်တင်မှာ ရင်ခုန်ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်တခု ရှိမည်

Wednesday, July 15, 2015




အခုလာမယ့် စနေ့နေ့၊ ဇူလိုင်လ (၁၈) ရက်နေ့ နေ့လည် (၁၂) နာရီမှာ ရန်ကုန်မြို့ Junction Mawtin       ဈေးဝယ်စင်တာမှာ Myanmar K-Pop Cover Festival (MKCF) ဆိုတဲ့ ရင်ခုန်ပျော်ရွှင် စိတ်လှုပ်ရှားစရာ    ဂိမ်း အစီအစဉ်တခု ရှိပါတယ်။

အဲဒီ အစီအစဉ်ကတော့ Tourism Malaysia Myanmar ကနေ ပူးပေါင်းပြီးတော့ မလေးရှားနိုင်ငံ သွားရောက် လည်ပတ်ခွင့် နဲ့ ကိုရီးယားနာမည်ကြီး အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ “Big Bang” ရဲ့“Big Bang World Tour” [MADE] in Malaysia ရှိုးလက်မှတ်တို့ကို မြန်မာနိုင်ငံ K-Pop ချစ်သူတွေအတွက် Tourism Malaysia ကနေ ပျော်စရာမေးခွန်းလေးတွေမေးပြီး ဆုချီးမြှင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ဘယ်သူမဆို အဲဒီပွဲကို လာရောက်သူတိုင်း ရင်ခုန်ကံစမ်းနိုင်မှာဖြစ်ပြီးတော့ မေးခွန်းတွေကို ပါဝင် ဖြေဆိုသူတွေအနေနဲ့ Tourism Malaysia Facebook Page ကို Like လုပ်ထားရမှာဖြစ်ပြီး အဲ့ဒီလူတွေကို အမှတ်တရ လက်ဆောင်တွေ ပေးအပ်သွားမှာပါတဲ့။

ပေးအပ်ချီးမြှင့်သွားမယ့် ဆုလက်ဆောင်တွေက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်းမှာ (၂၄) နာရီ အခမဲ့ သွားလာနိုင်တဲ့ HO HO Vocher, Tourism Malaysia မှ Mascot အရုပ်နဲ့ အထူးလက်ဆောင်တွေကို မလေးရှား ခရီးသွားလာရေးလုပ်ငန်း မြှင့်တင်ရေးအမှုဆောင်အဖွဲ့ (Tourism  Malaysia) နှင့် imeMy Production တို့ကနေ ပူးပေါင်း ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Big Bang မြန်မာပရိတ်သတ်တွေ၊ K-Pop  ချစ်သူတွေ၊ ခရီးသွား ဝါသနာပါသူတွေအားလုံး ပျော်ရွှင်ရင်ခုန် ပါဝင်ဆင်နွှဲနိုင်ဖို့ လာမယ့် စနေနေ့၊ ဇူလိုင်လ (၁၈) ရက်နေ့၊ Junction Mawtin မှာ ကျင်းပမယ့် Myanmar K-Pop Cover Festival (MKCF) ပွဲလေးကို လက်တို့ပေးလိုက်ပါတယ်။

ပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို Tourism Malaysia Myanmar Facebook Page - https://www.facebook.com/TourismMalaysiaMyanmar  မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်လို့      သတင်းကောင်းပါးရင်း…။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved