လိင်ပြောင်းထားသူတွေကို စစ်မှုထမ်းခွင့်ပြုဖို့ အမေရိကန် စီစဉ်

Wednesday, July 15, 2015


လိင်ပြောင်းလဲထားသူတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေ ခေတ်နောက်ကျကျန်နေပြီလို့ ဆိုလိုက်တဲ့ ကာကွယ်ရေးအတွင်းရေးမှူး မစ္စတာ ကာတာ(photo - bbc.com)

အမေရိကန်စစ်တပ်က လိင်အင်္ဂါပြောင်းလဲထားသူတွေကို လက်နက်ကိုင်တပ်ဖွဲတွေမှာ အမှုထမ်းနိုင် ခွင့်ပြုဖို့ အစီအစဉ်ကို စဉ်းစားနေပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်ရှိ လိင်ပြောင်းလဲထားသူတွေနဲ့ ပတ်သက်လို့ စည်းမျဉ်းတွေဟာ           ခေတ်နောက် ကျကျန်နေပြီလို့ ကာကွယ်ရေး အတွင်းရေးမှူး အက်စ်တွန် ကာတာက တနင်္လာနေ့က ပြော ဆိုခဲ့ပါတယ်။

လိင် ပြောင်းလဲထားသူတွေဟာ လက်ရှိတပ်တွေထဲမှာ တာဝန်ထမ်းဆောင်နေကြပေမယ့် အတွေ့အကြုံတွေကတော့ မတူညီကြပါဘူး။

အဖွဲ့တဖွဲ့ကလည်း ဒီ ပိတ်ပင်မှု ရုပ်သိမ်းတာဟာ စစ်တပ်ကို ထိခိုက်စေမလားဆိုတာကို ၆ လ ကျော်လောက် လေ့လာသွားမှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ လိင်အင်္ဂါပြောင်းလဲသူတွေကို အခုလို လူသိထင်ရှား စစ်မှုထမ်းစေတာဟာ ဖြစ်သင့်တယ်လို့ ယူဆပြီး လုပ်ငန်း စတင်သွားမယ်လို့ မစ္စတာကာတာက ပြောပါတယ်။

ကျနော်တို့မှာ လိင်အင်္ဂါပြောင်းထားတဲ့ တကယ့် မျိုးချစ် အမေရိကန် စစ်သားတွေ၊ ရေတပ် တပ်သားတွေ၊   လေတပ် တပ်သားတွေနဲ့ မရိန်းတပ်သားတွေ ရှိပါတယ်။ ခေတ်မမှီတဲ့၊ မရေရာတဲ့၊ မလျော်ညီတော့တဲ့        ခေတ်နောက်ကျနေတဲ့ စည်းမျဉ်းတွေဟာ သူ့တို့ကို နာကျင်စေပါတယ်လို့လည်း ဆိုပါတယ်။

၂၀၁၁ ခုနှစ်တုန်းက အမေရိကန် စစ်တပ်က လိင်တူချစ်သူတွေ လူသိထင်ရှားစွာ အမှုထမ်းဆောင် ခွင့်ပြုခြင်းအတွက် မမေးနဲ့ မပြောနဲ့ ဆိုတဲ့ မူဝါဒကို အဆုံးသတ်ခဲ့ပါတယ်။ ဒီ အပြောင်းအလဲဟာ အောင်မြင်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က လိင်အင်္ဂါ ပြောင်းလဲထားသူများအကြောင်း ဆွေးနွေးပွဲ မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ ကန့်သတ်ပိတ်ပင်မှုကို ဖယ်ရှားလိုက်ပေမယ့် သူတို့ လိင်အင်္ဂါခွဲစိတ်စရိတ်တွေ အတွက် အမေရိကန်စစ်တပ်က ထောက်ပံ့မှု ပေးမပေးကတော့ မရှင်းလင်းသေးပါဘူး။

စစ်ဖက်ဆိုင်ရာ အရာရှိတွေ ပြောတာကတော့ ၆ လတာ ဆန်းစစ် အကဲဖြတ်ကာလဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နေရာချထားပေးခြင်းတွေကို လုပ်ဆောင်ပေးဖို့နဲ့ အကူးအပြောင်း ချောမွေ့စေဖို့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်တန်းပေးတာတွေ စီစဉ်ပေးဖို့ ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။

လက်ရှိအမေရိကန်စစ်တပ်မှာတော့ လိင်အင်္ဂါပြောင်းလဲသူတွေကို စစ်တပ်ကထုတ်ပယ်မယ်ဆိုတဲ့ စည်းမျှဉ်းစည်းကမ်း ရှိပေမယ့် အများအပြားဟာ ပုန်ရှိုးကွယ်ရှိုး ဒါမှမဟုတ် အထက်အရာရှိတွေရဲ့ နားလည်မှုတွေနဲ့ တာဝန်ထမ်းဆောင်နေကြတာပါ။


ကိုးကားသတင်း။  ။ http://www.bbc.com/news/world-us-canada-33517212

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved