ရန်ကုန်အခြေစိုက်ပရဟိတကွန်ယက်နဲ့ အနုပညာရှင်များစုပေါင်းပြီး ရန်ကုန် ဂျန်းရှင်းစင်တာတွေမှာ အလှူခံ

Friday, August 7, 2015


ဓာတ်ပုံများ - သီဟတိုး/ The Irrawaddy

မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ရေဘေးသင့် ပြည်သူများအတွက် လိုအပ်တဲ့အထောက်အပံ့များရရှိနိုင်ရန် ကူညီပေးနေကြရမှာ ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များကွန်ယက်မှ လူငယ်လေးများနဲ့ ချိတ် ဆက်ထားတဲ့ အဖွဲ့ဝင်များနဲ့အတူ အနုပညာရှင်များစွာရဲ့ ဖျော်ဖြေမှုတွေနဲ့ အလှူငွေကောက်ခံမှုကို သြဂုတ် ၆၊ ၇၊ ၈၊ ၉ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာရှိတဲ့ Junction Center တွေဖြစ်တဲ့ Junction Square ၊ Junction mawtin ၊ junction 8 နဲ့ Junction zawana  တွေမှာ နေ့စဉ် နေ့လည် ၂ နာရီကနေ ညနေ ၆ နာရီအထိ ပြုလုပ်နေပါတယ်။


ရရှိလာတဲ့ အလှူငွေများနဲ့ ပစ္စည်းများကို ရေဘေးသင့် ပြည်သူများထံကို အမြန်ဆုံးသွားရောက်လှူဒါန်းနိုင်ရန် ဆောင်ရွက်နေကြတာဖြစ်ပြီး ဒီ အစီအစဉ်မှာ Dream Boat အဖွဲ့သားဖြစ်တဲ့ ကိုမောင်မောင်အေးနဲ့ ကိုဆန်းထွဋ်တို့က လည်း ပါဝင်လှုပ်ရှားပေးနေတာ ဖြစ်ပါတယ်။  Dream Boat က ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များကွန်ယက် နဲ့ ပူးပေါင်းပြီး Dream Boat ရုံးခန်းမှတဆင့် အလှူခံပေးခြင်းကိုလည်း ပြုလုပ်နေပြီး အလှူငွေနဲ့ လိုအပ်တဲ့ အသုံးအဆောင်များကို လက်ခံပေးလျက် ရှိပါတယ်။ အလှူရှင်များ လာရောက်လှူဒါန်းထားတဲ့ အလှူငွေနဲ့ ပစ္စည်းများကို ရေဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်းမှုများကို အချိန်မီပြုလုပ်နေ ပြီး အလှူရှင်များ ကိုယ်စား ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များကွန်ယက်က အလှူငွေကျပ်သိန်း ၆၄၅   လှူဒါန်းပြီး ဖြစ်တယ်လို့ သိရပါတယ်။





ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved