Girls’ Generation အဖွဲ့ဝင် ယွန်းနနဲ့ အဆိုတော် လီဆန်ဂျိတို့ လမ်းခွဲကြပြီ

Thursday, August 13, 2015


 အဆိုတော် လီဆန်ဂျိနှင့် Girls’ Generation အဖွဲ့ဝင် ယွန်းန(photo - koreaboo.com)


တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသမီး တေးဂီတအဖွဲ့တခုဖြစ်သော Girls’ Generation အဖွဲ့မှ ယွန်းန (Yoona)နဲ့ တောင်ကိုရီးယား အဆိုတော်၊သရုပ်ဆောင်တဦးဖြစ်သူ လီဆန်ဂျိ(Lee Seung Gi) တို့ဟာ    လက်တွဲဖြုတ်လိုက်ကြပါပြီတဲ့။

သြဂုတ်လ ၁၃ ရက်နေ့ Star News သတင်းဌာနရဲ့ အဆိုအရ နာမည်ကျော် အနုပညာရှင် စုံတွဲတွေဖြစ်တဲ့ သူတို့နှစ်ဦးဟာ တနှစ်နဲ့ ကိုးလကြာ လက်တွဲလာခဲ့ကြပြီးမှ အလွန်အမင်းရှုပ်ထွေးများပြားလှတဲ့ အလုပ်အစီအစဉ်တွေကြောင့် သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်လိုက်ကြတာပါတဲ့။

ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်က ယွန်းနက သူတို့အဖွဲ့ဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေထက် အရင် ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး လီဆန်ဂျိနဲ့ ပတ်သက်လို့ သူမကို အထူးပြု မေးမြန်းခံခဲ့ရတာတွေလည်း ရှိခဲ့တယ်လို့ Channel Girls’ Generation သို့ အတိအလင်း ပြောဆိုခဲ့ပါတယ်။

ဆက်လက်သိရှိရတာကတော့ သူတို့ စုံတွဲ တွေ့ဆုံတွဲခုတ်တာမျိုးက ဘယ်တုန်းကမှ ပွင့်ပွင့်လင်းလင်း မရှိခဲ့ကြောင်း၊ သို့ပေမယ့် ၎င်းတို့ နှစ်ဦးလမ်းခွဲသွားပြီ ဆိုတဲ့ ကောလာဟလကိုလည်း ငြင်းဆိုခဲ့တာတွေ ရှိခဲ့  တယ်လို့ ဆိုပါတယ်။


ကိုးကားသတင်း။  ။ http://www.koreaboo.com/news/girls-generation-yoona-and-lee-seung-gi-break-up/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved