ဥရောပရုပ်ရှင်ပွဲတော် နေပြည်တော် အဆင့်မြင့်ရုံမှာ ကျင်းပပြုလုပ်မည်

Friday, September 18, 2015




၂၄ ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ၁၈ ရက်မှ စတင်ပြီး ရန်ကုန်မြို့နေပြည်တော် အ  ဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်နေပြီဖြစ်ပါတယ်။

ရုပ်ရှင်များမှတဆင့် အခြားယဉ်ကျေးမှုများကို လေ့လာနိုင်ပြီး ကမ္ဘာမြေကြီးအတွင်းမှ မတူညီမှုများစွာကို လေ့လာနိုင်ရန်နဲ့ ယဉ်ကျေးမှုဖလှယ်တဲ့အနေနဲ့ ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါတယ်။

ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ပြင်သစ်၊ ဂျာမဏီနှစ်နိုင်ငံ တွဲဖက်ရိုက်ကူးထားတဲ့ Diplomacy ရုပ်ရှင်ကို ညနေ ၆ နာရီိခွဲ အချိန်မှာ ပြသမှာဖြစ်ပြီး စက်တင်ဘာ၂၉ ရက်နေ့အထိ နေ့စဉ် အချိန်နှစ်ကြိမ် ပြသသွားမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ဝင်ခန်းတခု 

ပြသချိန်မှာ ညနေ ၃ နာရီ ၃၀ မိနစ် နဲ့ ည ၆ နာရီ ၃၀ မိနစ် နှစ်ကြိမ်ဖြစ်ပြီး ဥရောပ ရုပ်ရှင်လက်မှတ်များ   အတွက် ရုပ်ရှင်မပြသမီ ၁၅ မိနစ်အထိ ဦးရာလူပေးစနစ်နဲ့ အခမဲ့ယူပြီး ၀င်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်မှာ ဥရောပ ဇာတ်ကားများဖြစ်တဲ့ ပြင်သစ်၊ ယူကေ၊ စပိန်၊ အီတလီ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ၊ ပို လန်၊ နယ်သာလန် အစရှိတဲ့ နိုင်ငံများမှ ရုပ်ရှင်ဇာတ်ကားများကို ပွဲချိန်များမှာ ပြသသွားမှာ ဖြစ်ပါတယ်။



ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved