အမေရိကန်မိကျောင်းများနဲ့ ရေကူးပြတဲ့ မော်လ်ဒယ်မလေး

Friday, September 18, 2015




အီတလီနိုင်ငံသူ မော်ဒယ်လ်တဦးဟာ အမေရိကန်မိကျောင်းများ ၇၀၀ ကျော်နေထိုင်ရာ ပင်လယ်ကမ်းခြေမှ မီတာ ၃၀ အကွာအဝေးမှာရှိတဲ့ မက္ကဆီကို ပင်လယ်ကွေ့ထဲက ရေအိုင်တခုထဲတွင်  ၁၀ နာရီကြာ မိကျောင်းများနဲ့အတူ ရေကူးပြသခဲ့ပါတယ်။



ရိုဘာတ မန်စီနို ဆိုတဲ့ မော်ဒယ်လ်မလေးနှင့် ၄ မီတာလောက်ရှည်တဲ့ အမေရိကန်မိကျောင်းတကောင်တို့  မျက်နှာချင်းဆိုင်အနေအထားနဲ့ တွေ့ရတဲ့ ပုံတပုံဆိုရင် တော်တော်ကို အံ့သြဖွယ်ကောင်းလှပါတယ်။



မန်စီနိုဟာ မိကျောင်းတွေနဲ့ ရင်းနှီးမှုရအောင် ကြိုးစားခဲ့ပြီးနောက် သူမနှင့် မိကျောင်းတွေ ရင်းနှီးကျွမ်းကျင်မှု ရှိလာပြီး လက်မအကွာအဝေးလောက်သာ ရှိတဲ့ အနေအထားအရောက်မှာ ဓာတ်ပုံအဖွဲ့ဟာ နှစ်သက်ကြည်နူးဖွယ်ကောင်းတဲ့ ဓာတ်ပုံများကို ဖမ်းယူရိုက်ကူးနိုင်ခဲ့တာပါ။



အခုလို မိကျောင်းတွေနဲ့ ရေကူးခြင်းဟာ သူမအတွက် မက်ခဲ့ရတဲ့ အိမ်မက်တခုဖြစ်ပြီး ယခင်က ဒီလို လုပ်ကိုင်နိုင်ဖို့အတွက် မည်သူတယောက်ကမှ သူ့ကို ပိုက်ဆံ ထုတ်မပေးခဲ့ပါဘူးလို့ မန်စီနိုကဆိုပါတယ်။

“ဒါက အရမ်းကို အန္တရာယ်များတာကြောင့်ကိုး” လို့ သူမက ပြောပါတယ်။



မက္ကဆီကိုနိုင်ငံမှာရှိတဲ့ သန္တာကျောက်တန်းတွေ တည်ရှိရာ Banco Chinchorro  ဆိုတဲ့ နေရာဟာ အမေရိကန်မိကျောင်းတွေအတွက် နေထိုင်ဖို့ အကောင်းဆုံးသောနေရာတခုပါ။ အဲ့ဒီနေရာမှာ ရှင်သန်နေထိုင်နေတဲ့ မိကျောင်းတွေဟာ ၂.၅ မီတာကနေ ၄ မီတာအထိ ကြီးထွားလာနိုင်ပါတယ်။



ပင်လယ်ရေအောက်စူးစမ်းလေ့လာခြင်း ကုမ္ပဏီတွေဟာ အဲ့ဒီနေရာမှာရှိတဲ့ မိကျောင်းတွေကို လူအများ သွားရောက် ကြည့်ရှုနိုင်မယ့် ခရီးစဉ်များကို စီစဉ်လျက်ရှိပါတယ်။ သို့ပေမယ့် ကြီးမားတဲ့ တွားသွားသတ္တ၀ါတွေဆီ အနီးကပ်သွားရောက်ခြင်းကိုတော့ အဓိက ရှောင်ကြဉ်ထားပါတယ်။




Ref: CCTV news 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved