အသက် ၂၀ အရွယ် လူငယ်တဦးရဲ့လက်ရာမြောက် စက္ကူ ရုပ်လေးများ

Monday, September 7, 2015





ပုံမှာမြင်ရတဲ့ လက်ရာမြောက်သော အနုပညာလက်ရာတွေကို တရုတ်ပြည်တောင်ပိုင်း Guangxi မှ တရုတ်အနုပညာရှင် Qin Kun က စက္ကူစာရွက်များနဲ့ ပြုလုပ်ထားတာပါ။ အဲ့ဒါလေးတွေက နဂါးများ၊ ဇီးကွက်များ၊ လူပုံသဏ္ဍန် အရုပ်လေးများပါ။



အသက် ၂၀ အရွယ် တရုတ်လူငယ်အနုပညာရှင်တဦးဖြစ်တဲ့ Qin Kun ဟာ ဒီပညာရပ်ကို အမည်မသိ ပြင်သစ်လူမျိုးအနုပညာရှင်တဦးထံမှ သင်ယူခဲ့တာဖြစ်ပြီး ၁၂ နှစ်တိုင်တိုင် အချိန်ပေး လေ့လာခဲ့တယ်လို့ စင်ဟွာ သတင်းဌာနရဲ့ အဆိုအရ သိရပါတယ်။ Qin ဟာ အထူးသဖြင့် စာရွက်များနှင့် တိရိစ္ဆာရုပ်များ၊ လူပုံများကို ပြုလုပ်တဲ့နေရာမှာ ပိုကျွမ်းကျင်ပုံရပါတယ်။






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved