ခေတ်စားလာတဲ့ Handmade ဖက်ရှင်ပစ္စည်းလေးတွေ

Thursday, September 10, 2015


အခုနောက်ပိုင်း လူငယ်တွေက စက်နဲ့ သေသေသပ်သပ် လုပ်ထားတဲ့ ဖက်ရှင် ပစ္စည်းတွေထက် လက်နဲ့လုပ်တဲ့ ပစ္စည်းလေးတွေကို ပိုပြီး နှစ်နှစ်သက်သက် အသုံြး ပုလာတာ တွေ့ရပါတယ်။

Handmade ပစ္စည်းလေးတွေဟာ မြင်ရသူအဖို့ ထူးဆန်းသလို ဖြစ်နေနိုင်ပြီး Limited လည်း ဖြစ်တာကြောင့် ဒီတပတ်မှာ လူငယ်တွေအကြား ခေတ်စားနေတဲ့ Handmade ဖက်ရှင်ပစ္စည်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Handmade ပစ္စည်းတွေဟာ ဈေးလည်းအများကြီး မပေးရဘဲ ပြည့်စုံတဲ့ Fashion တခုကို ပေးစွမ်းနိုင်မှာပါ။
လည်ပင်းနဲ့ ကွက်တိဖြစ်နေတဲ့ Handmade လည်ပတ်လေးတွေဟာ အရင်ကတည်းကရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှ ပိုပြီးခေတ်စားလာတာကို တွေ့ရပါတယ်။ ရောင်စုံရှိပေမယ့် အနက်ရောင်က ပိုပြီးလူကြိုက်များ    တယ်လို့ Handmade ဆိုင်က ပိုင်ရှင်ဖြစ်သူ မဟန်နီကပြောပြပါတယ်။

လည်ပတ်လေးတွေအပြင် တခြား Accessories တွေဖြစ်တဲ့ Hand chain, Keychain တွေကိုပါရရှိနိုင်ပါတယ်။ Hand chainတွေအတွက် Design ကိုဆိုရင်လည်း ကိုယ့်ရဲ့ လက်အတိုင်းနဲ့ ကိုယ်ကြိုက်တဲ့ပုံစံအတိုင်း    ပြောပြီးအပ်လို့လည်း ရပါတယ်။

Handmade လေးတွေဟာ ကိုယ့်အတွက်လည်း အ ဆင်ပြေစေမှာဖြစ်သလို၊ သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့အတွက်လည်း အထူးသင့်လျော်ပါတယ်။ ပစ္စည်းလေးတွေရဲ့ ဈေးနှုန်းက ကျပ် ၁၈၀၀ ကနေ ၄၀၀၀ အကြား အသီးသီးသာရှိတာဖြစ်လို့ ဈေးသိပ်မများလှဘူးလို့ ဆိုချင်တာပါ။

ကဲ Fashionကျကျလန်းနိုင်ဖို့အတွက် Handmadeလေးတွေနဲ့ အလှဆင်ကြ        ရအောင်။

Epiphany Handmade ဖက်ရှင်ဆိုင်လိပ်စာ -လမ်း၅၀နဲ့ ၅၁လမ်းကြား၊ မဟာဗန္ဓုလလမ်း၊ No(202 B) ရန်ကုန်မြို့။











ထက်ဦးဝေ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved