Huawei နောက်ဆုံးပေါ် စမတ်ဖုန်း Huawei P8 “European Consumer Smartphone 2015-2016” ဆုကို ဆွတ်ခူးရရှိ

Tuesday, September 1, 2015


Huawei နောက်ဆုံးပေါ် စမတ်ဖုန်း Huawei P8 က ၂၀၁၅-၂၀၁၆ ခုနှစ်အတွက်  “ European Imaging and Sound Association (EISA) အဖွဲ့ ချီးမြှင့်တဲ့ “European Consumer Smartphone 2015-2016” ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

EISA မှ ချီးမြှင့်တဲ့ဆုကို Huawei က နှစ်စဉ်ဆွတ်ခူးရရှိခဲ့ပြီး ဒီနှစ်နဲ့ဆိုရင် (၃) နှစ်ဆက်တိုက် ဆွတ်ခူး ရရှိခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ Huawei က သုံးနှစ်ဆက်တိုက် ဒီဆု ရရှိခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ Huawei P8 က တကမ္ဘာလုံးက သုံးစွဲသူတွေအတွက် အသုံးပြုရ အလွယ်ကူဆုံး စမတ်ဖုန်းတလုံးအဖြစ် အသိအမှတ်ပြုခံလိုက်ရတာ ဖြစ်ပါတယ်” လို့ Consumer Business Group (CBG) ရဲ့ Chief Marketing Officer ဖြစ်သူ Glory Zhang က ပြောကြားခဲ့ပါတယ်။

Huawei P8 စမတ်ဖုန်းက 2680mAh ဘက်ထရီ၊ အလင်းရောင် အားနည်းတဲ့နေရာတွေမှာ လုပ်ဆောင်ချက် ကောင်းမွန်စေတဲ့ f/2 မှန်ဘီလူးနဲ့ မျက်နှာပြင်အရွယ်အစား ၅.၂လက်မ Full HD IPS NEO မျက်နှာပြင်တို့ပါဝင်ပြီး အလင်းအားနည်းချိန်မှာ ကင်မရာရဲ့ လုပ်ဆောင်ချက်က အလင်းပန်းချီ ခြယ်မှုန်းနိုင်ခြင်း၊       လှပသောပုံရိပ်များ ရရှိနိုင်ခြင်းတို့ကြောင့်သုံးစွဲသူတွေအနေနဲ့ ကိုယ့်စိတ်ကြိုက်ဖန်တီးမှုတွေကို တီထွင်နိုင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။

ဒါ့အပြင် P8 ရဲ့ ကျစ်လျစ်တဲ့ ကိုယ်ထည်နဲ့ လိုင်းဆွဲအားကောင်းမွန်တဲ့အင်တာနာ (၂)ခု (Dual-Antenna) ပါဝင်ခြင်းက လိုင်းဆွဲအားကို ပိုမိုကောင်းမွန်စေပါတယ်။

မနှစ်က ဆုရရှိခဲ့တဲ့ Huawei Ascend P7 ရဲ့ အောင်မြင်မှုနဲ့အတူ အခုနောက်ဆုံးပေါ် Huawei P8 က P စီးရီးရဲ့ လှပမှု၊ စနစ်ကျသပ်ရပ်မှု စတဲ့ သုံးစွဲသူတွေအကြိုက် အသုံးပြုရလွယ်ကူတဲ့ (Easy-to-use)           လုပ်ဆောင်ချက်တွေ ပါရှိတယ်လို့ သိရပါတယ်။

Huawei မှ ၂၀၁၄ခုနှစ်၊ သြဂုတ်လမှာ Huawei Ascend P7 စမတ်ဖုန်းအတွက် “European Consumer Smartphone 2014-2015”ဆုကို ရရှိခဲ့ပြီး ၂၀၁၃ခုနှစ်မှာ Huawei Ascend P6 စမတ်ဖုန်းမှ “European Consumer Smartphone 2013-2014” တို့ကို အသီးသီးရရှိခဲ့ပါတယ်။

Huawei Ascend P7 စမတ်ဖုန်းကို ယခုအချိန်အတွင်း နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရောင်းချလျက်ရှိပြီးတော့ စမတ်ဖုန်း အလုံးရေ (၇) သန်းကျော်တင်ပို့ရောင်းချပြီးဖြစ်တယ်လို့ Huawei ရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved