![]() |
အဆိုတော် ဘန်နီဖြိုးနဲ့ သူထုတ်လုပ်ရောင်းချနေတဲ့ Karrot အမှတ်တံဆိပ် အကျီများ (ဓာတ်ပုံ - ယုမွန်ကျော်) |
အခုနောက်ပိုင်းမှာ အနုပညာရှင်တွေအနေနဲ့ ကိုယ်ပိုင်စီးပွားရေးတနိုင်တပိုင်လုပ်လာကြပါတယ်။ များသောအားဖြင့် ဖက်ရှင်ဆိုင်၊ ဇာဆိုင်၊ ပိုးထည်ဆိုင် ၊ အစားအသောက်ဆိုင် စသဖြင့် စီးပွားရေးလုပ်လာကြတဲ့အခါမှာ အခုအခါ မှာလည်း လူငယ်အဆိုတော်ဘန်နီဖြိုးက Karrot By Bunny Phyo ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ကိုယ်ပိုင်ဒီဇိုင်း အမျိုးသားဝတ်အကျီများကို ရောင်းချနေပြီဖြစ်ပါတယ်။ ဒီလုပ်ငန်းကိုတော့ ၂၀၁၅ ခုနှစ် နှစ် စပိုင်းတုန်းက စတင်ခဲ့တာဖြစ်ပြီး နာမည်ပေးဖြစ်ပုံနဲ့ပတ်သက်ပြီး အဆိုတော်ဘန်နီဖြိုးက
“ကျနော်က နာမည်ပေးဖို့ အမျိုးမျိုးစဉ်းစားတာပေါ့။ နောက်တော့ ကျနော်နာမည်နဲ့လည်း လိုက်ဖက်မယ့် မုန်လာဥဆိုတဲ့ ဒီ Karrot ဆိုတဲ့ နာမည်ကိုပေးဖြစ်သွားတာပါ။ ကျနော်ကတော့ C နဲ့မစဘဲ K နဲ့ဘဲ စဖြစ်သွားတာပေါ့။ ကိုယ်ပိုင်ဆိုင်ကို မဖွင့်ဖြစ်သေးတာက ဒါကို စီးပွားဖြစ်အဖြစ် သေချာမလုပ်ဖြစ်သေးတာရယ် ကျနော်မကျွမ်းကျင်သေးတာရယ်ကြောင့် တကယ်ဆိုင်ဖွင့်နေတဲ့သူတွေဆီမှာပဲ တင်ထားဖြစ်တာပါ။ အကျီနဲ့ ဦးထုပ်ကိုပဲ လုပ်ဖြစ်တာက ကျနော် ကိုယ်တိုင် ၀တ်ချင်တဲ့ ဒီဇိုင်းတွေကို ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ၀တ်ချင် တာကြောင့် လုပ်ဖြစ်ခဲ့တာပါ။ ဒီလို ဒီဇိုင်းလေးတွေ လုပ်နေရတာ ပျော်တယ်။ ဒါကြောင့်ပါ” လို့ ဧရာဝတီကို ပြောပြပါတယ်။
လောလောဆယ်မှာတော့ ဘန်နီဖြိုးရဲ့ Karrot တံဆိပ်အကျီများကို အဆိုတော်ဖြိုးလေးရဲ့ Genius ဖက်ရှင် ဆိုင်တိုင်းမှာ ကောင်တာဖွင့်ပြီး ရောင်းချနေပြီး လာမယ့် အောက်တိုဘာလမှာ မြောက်ဥက္ကလာမြို့နယ်မှာရှိတဲ့ Fram Villy ရှော့ပင်းစင်တာမှာလည်း တင်သွင်းရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ဒီဇီုင်းနဲ့ပတ်သက်ပြီးတော့လည်း ဘန်နီဖြိုးအပါအ၀င် သူငယ်ချင်းသုံးယောက်က ပူးပေါင်းရေးဆွဲထားကြပြီး အကျီကို Regular Shirt အရောင် သုံးမျိုးစပ်တီရှပ်ကို ဒီဇိုင်းခြောက်မျိုး၊ ရိုးရိုးတီရှပ် Rocket Logo နဲ့ တီရှပ်၊ ဦးထုပ်များကို စတင် ရောင်းချပေးနေပြီ ဖြစ်ပါတယ်။
![]() |
အဆိုတော် ဘန်နီဖြိုး |
ဈေးနှုန်းနဲ့ပတ်သက်လို့ ဘန်နီဖြိုးက “များသောအားဖြင့် ကျနော့် ပရိသတ်တွေက လူငယ် ပရိသတ်တွေဖြစ်တဲ့အတွက် ဈေးအရမ်းများရင် သူတို့အတွက် အဆင်ပြေမှာမဟုတ်ဘူးဗျ၊ ကျနော်ကိုယ်တိုင်လည်း အရင်က ကျနော်လိုချင်တာလေးတွေ မ၀ယ်နိုင်ရင် စိတ်မကောင်းဖြစ်ရတယ်လေ။ အဲလိုမျိုး မဖြစ်စေချင်တဲ့ အ တွက်ကြောင့် အတတ်နိုင်ဆုံး လျော့ထားပြီး ကျနော်လည်းကိုက်တဲ့ ဈေးကို ထားရှိပါတယ်။” လို့ပြောပြပါ တယ်။
ဈေးနှုန်းကိုလည်း ကျပ်ငွေ တသောင်း ပတ်ဝန်းကျင်နားမှာ သတ်မှတ်ရောင်းချပေးနေပြီး နောက်ပိုင်း မှာတော့ ကီးချိန်း၊ ပိုက်ဆံအိတ်များကိုလည်း တိုးချဲ့ပြီး ထုတ်လုပ်ရောင်းချပေးသွားဖို့ရှိတယ်လို့လည်း သိရ ပါတယ်။
ဂီတလှုပ်ရှားမှုနဲ့ ပတ်သက်လို့ လောလောဆယ်မှာတော့ ဘန်နီဖြိုးက “လူပျိုလှည့်တေး” DVD ကို လာမယ့် အောက်တိုဘာ ၄ ရက်နေ့မှာ စတင်ဖြန့်ချိပေးသွားမှာဖြစ်ပါတယ်။ ဘန်နီဖြိုးက အွန်လိုင်းမှာလည်း www.bunnyphyo.com ဆိုတဲ့ website ကိုလည်း ပရိသတ်များအတွက် မကြာသေးခင်က ဖွင့်လှစ်ထားတာကိုလည်း တွေ့ရပါတယ်။
ယုမွန်ကျော်
0 comments :
Post a Comment