OPPO နဲ့ WeChat တို့ပူးပေါင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းအစီအစဉ်တွေ ဖန်တီးပေးမည်

Thursday, September 24, 2015




OPPO နဲ့ WeChat တို့ပူးပေါင်းပြီး တစ်နိုင်ငံလုံးအတွက် အွန်လိုင်းလူမှုကွန်ယက်ကို ဖော်ထုတ်ပေးလိုက်ပါ ပြီ။

စက်တင်ဘာလ (၁၅) ရက်နေ့မှ နိုဝင်ဘာလ (၁၅) ရက်နေ့အထိပြုလုပ်တဲ့ ပျော်ရွှင်ဖွယ်ကောင်းသော အွန်လိုင်းကံစမ်းမဲဂိမ်းအစီအစဉ်မှာ ပါဝင်လိုသူတွေအနေနဲ့ WeChat သုံး၍ OPPO Official Account ကို follow လုပ်ပြီး ဆုမဲထည့်ထားတဲ့ သေတ္တာလေးများကိုဖွင့်ကာ လက်ဆောင်များ ရယူနိုင်မှာဖြစ်ပါတယ်။ ဒီ  ဂိမ်းအစီအစဉ်မှာ ကံစမ်းမဲသေတ္တာဖွင့်ရန် မိမိရဲ့ မိတ်ဆွေ၊ မိသားစုအကူအညီကို ရယူဖို့ လိုပါတယ်။      လုပ်ဆောင်ရမယ့်အဆင့်တွေက ရိုးရှင်းပြီး WeChat အသုံးပြု၍ ဆုလက်ဆောင်များ ရယူနိုင်ဖို့ ဖန်တီးပေးထားခြင်းလည်းဖြစ်ပါတယ်။

“WeChat က သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းစေမယ့် အစီအစဉ်တွေ ဖန်တီးပေးနိုင်ဖို့  နည်းလမ်းတွေ အမြဲတမ်းရှာဖွေနေပါတယ်၊  မြန်မာနိုင်ငံမှာရှိတဲ့ သုံးစွဲသူအသစ်တွေကို အွန်လိုင်း လူမှု ကွန်ယက်သုံးစွဲခြင်းက ပျော်ရွှင်မှုတွေဖြစ်ပေါ်စေနိုင်သလို တခြားအကျိုးသက်ရောက်မှုများစွာ ရှိတယ်ဆိုတာ သိရှိနားလည်စေချင်ပါတယ်” ဟု Mr. Poshu Yeung, Vice President of International Business at Tencent, the company behind the WeChat app က ပြောပြခဲ့ပါတယ်။

ဒီအစီအစဉ်ကို ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် တောင်ကြီး၊့ လားရှိုး၊ မွန်ပြည်နယ် မော်လမြိုင်၊ ပဲခူး၊ ဧရာဝတီ၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ မကွေး၊ ရခိုင်နဲ့ စစ်ကိုင်းတိုင်းစတဲ့ မြို့နယ်အသီးသီးရှိ သုံးစွဲသူများ ပါဝင်နိုင်မယ်လို့ သိရပါတယ်။ OPPO ဟာ အမေရိက၊ အာဖရိက၊  ဥရောပ၊  သမုဒ္ဒရာဒေသနဲ့  အာရှတစ်ဝန်းရှိ သုံးစွဲသူများထံ ဆန်းသစ်သော ထုတ်ကုန်တွေကိုဦးဆောင်ထောက်ပံ့နေတဲ့ အပြည်ပြည်ဆိုင်ရာ နည်းပညာအမှတ်တံဆိပ်တခု  ဖြစ်ပါတယ်။

(၂၀၀၄) ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ OPPO ဟာ ဈေးကွက်မှာ အလျင်အမြန် နေရာရရှိလာခဲ့ပါတယ်။
OPPO မိုဘိုင်းဖုန်းတွေကို လက်ရှိ ဈေးကွက် (၂၀) ကျော်တွင် ရရှိနိုင်ပြီး အခြား နိုင်ငံပေါင်း (၅၀) ကျော်မှာလည်း အွန်လိုင်းကနေ ဝယ်ယူနိုင်ဖို့်အတွက် ထောက်ပံ့ပေးထားပါတယ်။(၂၀၁၅) ခုနှစ်  ဧပြီလမှာ OPPO  အမှတ်တံဆိပ်ကို နိုင်ငံပေါင်း (၁၁၆) နိုင်ငံတွင် မှတ်ပုံတင်ထားနိုင်ခဲ့ပါပြီ။


ထက်ဦးဝေ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved