SP Bakery ရန်ကုန်မှာ ဆိုင်ခွဲဖွင့်ပြီ

Tuesday, September 8, 2015




မြန်မာဘာသာနှင့် “စံပြ”  လို့ အဓိပ္ပာယ်ရတဲ့ SP Bakery ရဲ့ ရန်ကုန်ဆိုင်ခွဲကို ဖွင့်လှစ်လိုက်ပါပြီ။ မန္တလေး   မြို့မှာ ဆိုင်ခွဲ ၆ ဆိုင်ဖွင့်လှစ်ပြီး အောင်မြင်နေတဲ့ SP Bakery မှာ ရရှိနိုင်တဲ့ မုန့်အမျိုးအစားတွေကတော့ Golden Butter Box, Tiramisu, Goliath Graham, Egg Trat, Birthday Cak, Crispy, Donut, Healty Bread, Mousse Cake, Pastries, Wedding Cake, ပေါင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီး တို့ပဲဖြစ်ပါတယ်။


SP Bakery ရဲ့ မန်နေဂျင်းဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါ်သင်းသင်းကျော်က ရန်ကုန်ဆိုင်ခွဲဖွင့်လှစ်ရခြင်းနဲ့    ပတ်သက်လို့ “ စားသုံးသူတွေအတွက် အကောင်းဆုံးအရည်အသွေးနဲ့ ပြုလုပ်ထားတဲ့ စာသောက်ကုန်    တွေကို ထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်ကို ထိုးဖော်နိုင်ဖို့ပါ။ SP Bakery အနေနဲ့ စားသုံးသူတွေ စိတ်ကျေ  နပ်မှု အပြည့်အ၀ရရှိဖို့အတွက်လည်း အကောင်းဆုံးဝန်ဆောင်မှုတွေကို ပေးထားပါတယ်” လို့ ဆိုပါတယ်။

SP Bakery ကို မြန်မာနိုင်ငံအထက်ပိုင်းမှာသာမကပဲ အောက်ပိုင်းမှာပါ နောက်ထပ် ဈေးကွက်ချဲ့ထွင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။



၁၉၆၉ ခုနှစ်ကတည်းက စတင်တည်ထောင်လာခဲ့တဲ့ SP Bakery ဟာ အခုဆိုရင် နှစ်ပေါင်း ၄၅ နှစ်ရှိခဲ့ပါပြီ။
ရန်ကုန်ဆိုင်ခွဲကိုတော့ အမှတ် ၅၆ ၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။

SP Bakery ရဲ့တရားဝင် Facebook စာမျက်နှာကတော့  facebook.com/SPBakeryMyanmar ပဲဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved