အမြင်အာရုံချို့တဲ့သူတွေ မြန်မာစာဖတ်နိုင်ဖို့ Text to Speech Software

Monday, September 14, 2015



အမြင်အာရုံချို့တဲ့သူတွေ မြန်မာစာဖတ်ရာမှာ အသုံးဝင်မယ့် ကွန်ပျူတာ Software တခု မကြာခင်          ထွက်ပေါ်လာတော့မယ်လို့ သိရပါတယ်။

အဲဒီ Sofeware ကို Geekgirls Myanmar ရဲ့ Member တဦးဖြစ်တဲ့ မသဉ္ဇာဖြိုးက ရေးနေပါတယ်။ သူက NLP လို့ခေါ်တဲ့ Natural Language Processing ပိုင်းရဲ့ Programmer တဦး ဖြစ်ပါတယ်။


“အမြင်အာရုံချို့တဲ့သူတွေအတွက် သီးသန့်တော့မဟုတ်ပါဘူး။ လူတိုင်းသုံးနိုင်ပါတယ်။ Text to Speech လို့ခေါ်ပါတယ်။ မြန်မာစာတွေ တွေ့လာတဲ့အခါမှာ အသံထွက် ဖတ်ပေးတာပေါ့နော်။ အမြင်အာရုံချို့တဲ့သူတွေဟာ Computer ကို အခြေခံလောက်တော့ သုံးနိုင်ကြပါတယ်။ ဒါပေမယ့် မြန်မာစာနဲ့ပတ်သက်ရင် သူတို့တွေက ဘာမှမသိပါဘူး။ Recording လုပ်ထားတဲ့ ebook တွေတော့ ဖတ်လို့ရတယ်၊ မိုးလေဝသ  သ တင်းတို့၊ တခြား မြန်မာလို ရေးထားတဲ့သတင်းတွေကို သူတို့ မသိနိုင်ပါဘူး။ အဲဒါကြောင့် ရေးဖြစ်တာပါ” လို့ မသဉ္ဖာဖြိုးက ရှင်းပြပါတယ်။

လာမယ့် December လကုန်ပိုင်းမှာ အဲဒီ Software ကို အချောသတ်ပြီးတော့ Open seasame နဲ့        တင်ပေးမှာမို့လို့ ဘယ်သူမဆို ယူသုံးနိုင်မယ်လို့သိရပါတယ်။


ထက်ဦးဝေ


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved