ကျောင်းသားခေါင်းဆောင် ဖြိုးဖြိုးအောင် Human Rights Tulip ဆုအတွက် အွန်လိုင်းမဲအများဆုံးနဲ့ ဦးဆောင်နေ

Tuesday, September 15, 2015


ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် (photo- Steve Tickner)

နယ်သာလန်နိုင်ငံခြားရေးဌာနက ၂၀၁၅ ခုနှစ်အတွက်ပေးအပ်မယ့် Human Rights Tulip ဆုအတွက်   အွန်လိုင်းမဲပေးရာမှာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ တောင်းဆို လှုပ်ရှားခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၂၆ နှစ်အရွယ် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က မဲအများဆုံနဲ့ ဦးဆောင်နေပါတယ်။
မနေ့က စက်တင်ဘာ ၁၄ ရက်နေ့အထိ မဲပေါင်း ၂ သောင်း ၆ ထောင် ၇ ရာကျော်နဲ့ ပထမနေရာမှာရှိနေတာဖြစ်ပြီး မဲပေါင်း ၁ သောင်း ၄ ထောင် ၉ ရာကျော်နဲ့ အာဖဂန်နစ္စတန်က ပညာရေးကိစ္စတွေကို           လုပ်ဆောင်နေတဲ့ ကျောင်းဆရာ အဇီဇူလာခ်ျ ရွန်ရက်စ်(Azizullah Royesh)က ဒုတိယနေရာမှာ ဦးဆောင်နေတာပါ။ တတိယနေရာကိုတော့ ၁ သောင်း ၄ ထောင် ၄ ရာကျော်နဲ့ အီရန်က သတင်းထောက် မာဇီရာ ဘဟာရီ က ရရှိထားပါတယ်။ Human Rights Tulip ဆုရွေးချယ်ခံရတဲ့သူဟာ ယူရိုငွေ ၁ သိန်း ဆုချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။ အခုလို Human Rights Tulip ဆုအတွက် အွန်လိုင်းကနေ မဲပေးပိုင်ခွင့်ဟာ စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြီးဆုံးမှာပါ။

ဒီဆုပေးအပ်တဲ့ အဖွဲ့အစည်းကို ၂၀၀၇ ခုနှစ်က စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ၂၀၀၈ ခုနှစ်က စတင်လို့ တနှစ်တခါ ဆုချီးမြှင့်လာခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာပြည်က အွန်လိုင်းအသုံးပြုသူတွေရဲ့ voting ပေးကြခြင်းကတော့ အခုထက်ထိ လက်ရည်မကျသေးဘူးလို့ ပြောရမလိုဖြစ်နေပါပြီ။

ဘာကြောင့်လည်းဆိုတော့ ယခင်က မယ်မြန်မာတွေ နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်   ကြတဲ့အခါ အွန်လိုင်းမဲအများဆုံးနဲ့ အင်တာနက်မယ်ဆုတွေ အသီးသီးရရှိနိုင်အာင် အွန်လိုင်း ပရိတ်        သတ်တွေက အသည်းအသန် voting လုပ်ပေးနိုင်ခဲ့တဲ့ သက်သေသာဓကတွေကလည်း ရှိခဲ့ပေတာကိုး။

ကဲ အခုလည်း ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် တယောက် Human Rights Tulip ဆု ရရှိဖို့     အတွက် မြန်မာအွန်လိုင်းပရိတ်သတ်တွေ အပီအပြင် ကြိုးစားပမ်းစား vote ကြလေဦးမလားပါပဲ။


ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ကို မဲပေးနိုင်တဲ့ လင့်ခ်ကို ဖော်ပြပေးလိုက်ပါတယ်။

http://www.humanrightstulip.nl/candidates-and-voting


ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် မဲအရေအတွက် မည်မျှရရှိနေသလဲဆိုတာ အောက်တွင်ဖော်ပြထားတဲ့လင့်ခ်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.humanrightstulip.nl/ranking

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved