![]() |
Photo-mirror |
ကမ္ဘာကျော် ဘောလုံးသမားတဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ ဇနီး ဗစ်တိုးရီးယားဘက်ခမ်းတို့ဟာ စတာ လင်ပေါင် ၂၇ မီလျံရှိတဲ့ ကျေးလက်ဒေသ အိမ်ခြံဝန်းကြီးတခုကို ဒီလအစောပိုင်းလောက်က ၀ယ်ယူခဲ့ တယ်လို့ CFP သတင်းဌာနက ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
![]() |
အိမ်ကြီးရဲ့ အရှေ့ဘက်မျက်နှာစာ |
စတာလင်ပေါင်မီလျံတန်တဲ့ အဲ့ဒီအိမ်ခြံဝန်းကြီးဟာ အင်္ဂလန်နိုင်ငံရဲ့ အနောက်တောင်ပိုင်းမှာရှိတဲ့ Gloucestershire ဆိုတဲ့ နေရာမှာ တည်ရှိတာပါ။
Abbotswood လို့ ဆိုတဲ့ အဆိုပါ အိမ်ခြံဝန်းကြီးဟာ အင်္ဂလန်နိုင်ငံရဲ့ ကျေးလက်နေအိမ်တွေထဲမှာ ဈေးအ ကြီးဆုံး အိမ်ခြံဝန်ကြီးတခုလည်းဖြစ်ပါတယ်။
![]() |
ဧည့်ခန်းတနေရာ |
ဧကပေါင်း ၇၇၄ ဧကကျယ်ဝန်းတဲ့ အဲ့ဒီ အိမ်ခြံဝန်းကျယ်ကြီးထဲမှာ ၀င်ပေါက်တံခါးကြီး ၂ ခု၊ အိပ်ခန်းပေါင်း ၁၀ ခန်း၊ တထပ်တိုက်များ၊ ယာတောအိမ်ငယ်လေး ၁၁ အိမ်၊ ရေကန်နှစ်ခုနဲ့ မြစ်တခုပါ ပါဝင်ပါတယ်။
Ref: CCTVnews
0 comments :
Post a Comment