ကမ္ဘာ့အမျိုးသမီးများ ဘရာဆီယာ မ၀တ်ရေးနေ့

Monday, October 12, 2015




အမျိုးသမီးများကို ၂၄ နာရီကြာ 'ဘရာ' မဝတ်ကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ အောက်တိုဘာ ၁၃ ရက်နေ့ ကို No Bra Day(ကမ္ဘာ့အမျိုးသမီးများ ဘရာဆီယာ မ၀တ်ရေးနေ့) လို့သတ်မှတ်ထားပါတယ်။

ဒီလှုံဆော်မှုကို ၂ဝ၁၁ ခုနှစ်က ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှ ပလပ်စတစ် ဆာဂျင် ဒေါက်တာ မစ်ချယ်     ဘရောင်း ကနေ စတင်ပြုလုပ်ခဲ့တာပါ။ ဒီလှုံဆော်မှုကို နိုင်ငံပေါင်း ၃ဝ ကျော် ပါဝင်ဆင်နွှဲခဲ့ပါတယ်။

တကယ်တော့ Breast Reconstruction Awareness Day (ရင်သားပြန်လည်တည်ဆောက်ပေးခြင်းအသိပေးလှုံဆော်တဲ့နေ့)လည်းဖြစ်ပါတယ်။ ဒီလှုံဆော်မှုဟာ ရင်သားကင်ဆာရောဂါကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက် တွေအတွက် လှုံဆော်ပေးခြင်းတမျိုးလည်းဖြစ်ပါတယ်။ ဒါကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက      ဆိုရှယ်မီဒီယာတွေမှာ ဆော်ဩမှုတွေလုပ်နေခဲ့တာပါ။

အင်္ဂလန်နိုင်ငံမှာလည်း အောက်တိုဘာလကို Breast Cancer Awareness Month (ရင်သားကင်ဆာ အသိပညာဖြန့်ဖြူးရေးလ)အဖြစ် သတ်မှတ်ထားပါသေးတယ်။ အမေရိကန်မှာတော့ အဲ့ဒီနေ့ကို လူတွေစိတ်ဝင်စားမယ့် နည်းလမ်းအမျိုးမျိုးနဲ့ ဆင်ယင်ကျင်းပကြပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved