ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါး

Tuesday, October 13, 2015


သမိုင်းပညာရှင် ဟီရိုဒိုးတပ်စ် (ဘီစီ ၄၈၄- ဘီစီ ၄၂၅) နဲ့ အယ်လက်ဇန်းဒရီးယား ပြတိုက်ရှိ ဆိုင်းရင်းန်မှ ပညာရှိ ကယ်လီမာချူး (scholar Callimachus of Cyrene) (ဘီစီ ၃၀၅ -ဘီစီ ၂၀၄) တို့ဟာ ကမ္ဘာ့အံဖွယ် ၇ ပါးနဲ့ ပတ်သက်တဲ့ အစောဆုံး စာရင်းကိုပြုစုခဲ့ကြသူတွေပါ။ သူတို့ရဲ့ ရေးသားပြုစုတဲ့ ထိုအံဖွယ်တွေထဲမှာ  အောက်ပါ အဆောက်အဦးတွေ ပါဝင်ပါတယ်။



(၁) ဂိုင်ဇာမဟာပိရမစ်ကြီး၊ (၂) ဘေဘီလုံရှိ မိုးပျံဥယျာဉ်၊ (၃) အိုလမ်ပီယာရှိ ဇုစ်နတ်မင်းကြီးရဲ့ ရုပ်တု၊ (၄) အီဖီးဆပ်ရှိ အာတဲမိ ဘုရားကျောင်း၊ (၅) ဟေလီကာနပ်ဆပ်ရှိ မော်ဆိုလော့စ်ရဲ့ ဂူသင်္ချိုင်း၊ (၆) ရုတ်ဒ်၏ ရုပ်တု၊ (၇) အလက်ဇန်းဒရီးယားရှိ မီးပြတိုက်တို့ ပါဝင်ပါတယ်။

ဂရိဘာသာနဲ့ ရေးသားထားတဲ့ theamata ဆိုတဲ့စကားက အံ့ဖွယ်လို့ အဓိပ္ပာယ်မရဘဲ မကြည့်မဖြစ်လို့ အ ဓိပ္ပာယ်ရပါတယ်။ ဒီကနေ့ခတ်မှာအများသိရှိကြတဲ့ စာရင်းဟာ အလယ်ခေတ်က စုစည်းတင်ပြခဲ့ကြတာပါ။ စာရင်းထဲမှာပါတဲ့ အဆောက်အဦးအများစုကတော့ ဒီကနေ့ခေတ်မှာ မရှိကြတော့ပါဘူး။



ဂိုင်ဇာရှိ မဟာပိရိမစ်ကြီးကသာ ယနေ့ထက်ထိတိုင် ကျန်ရစ်ခဲ့တဲ့ ကမ္ဘာ့အံ့ဖွယ် ၇ ပါးထဲက တခုတည်းသော အဆောက်အဦးပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved