ဖြူကောင်ဟာသက်ရှိသတ္တ၀ါတွေအတွက်အန္တရာယ်ရှိတဲ့သတ္တ၀ါကောင်ပေလား

Monday, November 23, 2015


ယခုတွေ့မြင်ရတဲ့ ဓာတ်ပုံတွေထဲမှ တိရိစ္ဆာန်လောကက သက်ရှိသတ္တ၀ါတွေရဲ့အဖြစ်ကို ကြည့်ခြင်းအားဖြင့် အဆူးများနဲ့ “ဖြူ” သတ္တ၀ါကောင်ကို သွားမထိကြဖို့ သင်ခန်းစာပေးနေသလိုပါပဲ။



အခုပုံကတော့ တောင်အာဖရိကနိုင်ငံ အမျိုးသားဥယျာဉ်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ကျားသစ်တကောင်ဟာ ဖြူကောင်ကို ဖမ်းဆီးသတ်ဖြတ်စားသုံးဖို့ ကြံစည်ကြိုးစားခဲ့တာ အရေးနိမ့်ခဲ့ရပြီး အဲ့ဒီဖြူကောင်ရဲ့ ချွန်ထက်လှတဲ့ အဆိပ်ဆူးတွေဟာ အဆိုပါ ကျားသစ်ရဲ့ ခန္တာကိုယ်မှာ ဆူးဝင်သွားခဲ့ပြီး အနာတရဖြစ်ခဲ့ရတာပါ။

အဆိုပါ ကျားသစ်ဟာ ကံကောင်းစွာနဲ့ပဲ အသက်ရှင်သန်ခွင့်ရခဲ့ပါတယ်။



ဒီနှစ်ပိုင်း ဇွန်လထဲမှာ တောင်အာဖရိကနိုင်ငံမှာပဲ ၃.၉ မီတာ ရှည်လျားတဲ့ စပါးအုံးမြွေကြီးရဲ့ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ သွေးအလိမ်းလိမ်းနဲ့ပုံကို တွေ့မြင်ရမှာပါ။ အဲ့ဒီစပါးအုံးမြွေကြီးဟာ ဖြူကောင်ကို မျိုခဲ့မိလို့ အခုလို ဖြစ်ရပ်မျိုးနဲ့ ကြုံတွေခဲ့ရတာပါ။



နောက်တခါ ကနေဒါနိုင်ငံက သနားစရာ ခွေးကလေးရဲ့ပုံကတော့ အခုနိုဝင်ဘာလ အစောပိုင်းလောက်က အဖြစ်ပါ။ အဲ့ဒီခွေးကလေးဟာ ဖြူကောင်နဲ့ ရင်းနှီးကျွမ်းဝင်ဖို့ရန် ကြိုးစားခဲ့မိလို့ သူ့ခန္တာကိုယ်မှာ ဖြူကောင် အဆူးတွေဆူးဝင်ခဲ့ရပြီး ပုံမှာမြင်တွေ့ရတဲ့အတိုင်း သနားစရာဖြစ်ရပ်နဲ့ ကြုံတွေခဲ့ရရှာပါတယ်။



ဒါဆိုရင် ဖြူကောင်ဟာ အင်မတန်ကြောက်စရာကောင်းတဲ့ သတ္တ၀ါလို့ ပြောရမလိုဖြစ်နေပါပြီ။ သူ့ကို ထိမိတာနဲ့ သူ့ရဲ့ အဆိပ်ဆူးတွေဟာ ကြောက်စရာကောင်းအောင် ပြန်လည်တုန်ပြန့် ရန်မူနိုင်တယ်ဆိုတာ အားလုံးပဲ သိထားသင့်ပါတယ်။

သေဆုံးနေတဲ့ ဖြူသတ္တ၀ါတကောင်ရဲ့ ရုပ်ခန္တာ



Ref: CCTVnews

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved