စာရေးဆရာမကြီး(ဒေါ်)ခင်ဆွေဦးရဲ့ ၈၃ နှစ်မြောက်မွေးနေ့ပွဲ အနုပညာဆည်းဆာဘိုးဘွားရိပ်သာမှာ ပြုလုပ်

Monday, December 7, 2015


မွေးနေ့ကိတ်လှီးနေတဲ့ စာရေးဆရာမကြီး(ဒေါ်)ခင်ဆွေဦး(ဓာတ်ပုံ - ဟိန်းထက်/The Irrawaddy)


စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ အနုပညာနယ်ပယ်အသီးသီး က အနုပညာရှင်များ တက်ရောက်ခဲ့တဲ့ စာရေးဆရာမကြီး (ဒေါ်)ခင်ဆွေဦး ရဲ့ ၈၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာစံပြကျေးရွာ ပုလဲမြို့သစ် မြရွှေပင် သဒ္ဓမ္မသုခဓမ္မရိပ်သာမှာ ရှိတဲ့ အနုပညာဆည်းဆာဘိုးဘွားရိပ်သာမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။



အဆိုပါပွဲမှာ စာရေးဆရာမကြီး(ဒေါ်)ခင်ဆွေဦးအတွက် အနုပညာရှင်မောင်နှမတွေက ရတုဖတ်ခြင်း၊ တေးထပ်ရွတ်ဆိုခြင်းများ ပြုလုပ်ပေးခဲ့ပြီး မွေးနေ့ကိတ်မုန့် ခွဲပေးတာလည်း ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved