ဝီးလ်ချဲလ်အလှမယ်ပြိုင်ပွဲ အိန္ဒိယမှာ ပြုလုပ်

Monday, December 7, 2015




၂၀၁၅ ခုနှစ်အတွက် အိန္ဒိယနိုင်ငံရဲ့ ၀ီးလ်ချဲလ်အလှမယ်ပြိုင်ပွဲ(Miss Wheelchair India Beauty Pageant)ကို ပြီးခဲ့တဲ့ စနေ့နေ့က အိန္ဒိယနိုင်ငံ Bangalore မြို့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီမယ်ပြိုင်ပွဲမှာ ၀ီးလ်ချဲလ်အလှမယ် ၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဒေလီမြို့မှ အလှမယ် Priya Bhargava က Miss Wheelchair India အလှမယ်ဆုကို ရရှိသွားခဲ့တာပါ။



ဝီးလ်ချဲလ်ကို အသုံးပြုနေရတဲ့ မသန်စွမ်း ပြိုင်ပွဲဝင် အမျိုးသမီးငယ် ၇ ဦးကို ပုံမှာ မြင်တွေ့ရပါလိမ့်မယ်။



ဒီနှစ်မှာ ပြုလုပ်တဲ့ ဒီပြိုင်ပွဲကို ဒေါက်တာ Rajlakshmi SJ က ကြီးမှူးကျင်းပပေးခဲ့တာဖြစ်ပြီး သူဟာ မနှစ်က  ပြိုင်ပွဲမှာ အနိုင်ရရှိထားသူလည်းဖြစ်ပါတယ်။ ဒေါက်တာ Rajlakshmi SJ ဟာ ၂၀၀၇ ခုနှစ်လောက်က   လမ်းပေါ်မှာ မတော်တဆမှုတခုဖြစ်ပွားခဲ့ပြီး သူမရဲ့ ခြေထောက်တွေကို ဆုံးရှုံးခဲ့ရသူလည်းဖြစ်ပါတယ်။



“အလှတရားဆိုတာ ရုပ်ရည်ရူပကာ၊ အရည်အချင်းတွေနဲ့ပြည့်စုံနေခြင်းအကြောင်းတရား မဟုတ်ပါဘူး။ တကယ့်အတွင်းပိုင်း အလှတရားရဲ့ အကြောင်းအရင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ သိမြင်နားလည်မှု ဥာဏ်ပညာစွမ်းရည် ဆိုတဲ့ အကြောင်းတရားတွေသာဖြစ်ပါတယ်။ သာမာန်လူတွေကဲ့သို့ အရာအားလုံးကို လုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေရဲ့ ခွန်အားတခုကို စင်တင်ပြသလိုက်ခြင်းပါပဲ” လို့ သူက ဆိုပါ တယ်။




Ref: CCTV news

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved