Showing posts with label ဖတ်ညွှန်း. Show all posts
Showing posts with label ဖတ်ညွှန်း. Show all posts

လူတွင်ကျယ် လာလုပ်နေတဲ့ ကုလသမဂ္ဂ လာကူမှာလား ?

Wednesday, May 2, 2012 1 comments

အိမ့်သံစဉ်

ဒီကနေ့ မေလ ၂ ရက်နေ့ကတော့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့လို့ လူတွေ သိန်းဂဏန်းနဲ့ ချီပြီး သေကြေ ခဲ့ကြတာ ၄ နှစ်ပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။ သိန်းချီတဲ့ လူတွေ အိုးအိမ်နဲ့ လယ်ယာမြေတွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးခဲ့ကြတယ်။

ဓာတ်ပုံ ( Getty Image)

ဒါတွေကို နိုင်ငံတကာက အကူအညီပေးဖို့အတွက် အဲဒီကတည်းက လုပ်ဆောင်နေကြတယ်ဆိုပေမယ့် ခုထက်ထိ ပြန်လည်ထူထောင်ရေး မရေမရာ ဖြစ်နေပါသတဲ့။
နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ ဘ၀ကတော့ အခုထိ ကူရာ ကယ်ရာမဲ့နေဆဲပါတဲ့။ ဒေသခံ တချို့က ပြောတဲ့အထဲမှာ NGO တချို့ကလည်း လုပ်စား နေကြပါသေးတယ်တဲ့။
တချို့ NGO လူကြီးတွေက လစာနဲ့ တချို့ ပရောဂျက်တွေမှာ စာရင်းသာရှိပြီး လက်တွေ့ အကောင်အထည် မရှိတာတွေလည်း ရှိပါတယ်လို့ သိရပါတယ်။
နာဂစ်ဒေသက စကားပုံတခုကတော့ "မျောက်ပြ ဆန်တောင်းတာ မဟုတ်ဘူးတဲ့ ။ ဒုက္ခသည်ပြပြီး Fund တောင်းနေကြတာပါတဲ့။


မင်းသားကြီး ကျော်ဆန်း အကြောင်း

Tuesday, August 16, 2011 1 comments

ဦးကျော်ဆန်း သတင်းတွေကတော့ ဒီရက်ထဲ “အပွ” ဆုံးပါ။ ခုညနေလည်း နှုတ်ထွက်မလို၊ ရာထူးရွှေ့မလို အမျိုးအမျိုး အဖုံဖုံတွေ ကြားရပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးကျော်ဆန်းအကြောင်း ဧရာဝတီ သတင်းထောက် မခင်ဦးသာ ရေးသားတင်ပြထားတာကိုတော့ ဖတ်လိုက်ကြပါဦးလို့ လက်တို့ပါတယ်။ (ဒီနေရာမှာ ဖတ်ပါ)

စနေ နဂါးနီ

Thursday, July 14, 2011 0 comments



၁၉၄၀-၄၁ တုန်းက ထုတ်ခဲ့တဲ့ စနေ နဂါးနီ စာစောင်တွေကို စကားဝါးမြေ အွန်လိုင်းစာကြည့်တိုက်က တင်ပေးထားတာတွေ့ရတယ်။ အဲဒီခေတ်ရဲ့ စာပေအရေးအသား၊ လူနေမှုကအစ သတင်းပညာအထိ သိနိုင်ဖို့ ဖတ်ကြည့်တဲ့ စာစောင်တွေပါ။ အားလုံးပေါင်း ၁၉ စောင် တင်ထားတာ တွေ့ရပါတယ်။

စိတ်ဝင်စားသူတွေအတွက် လက်တို့လိုက်ပါတယ်။

သံချပ် ဖတ်ဖို့ ၊ စပ်ဖို့ 

Thursday, April 14, 2011 0 comments



http://blueskyforest.blogspot.com ဘလော့မှာ ပြီးခဲ့တဲ့ နှစ်က သံချပ် ရေးစပ်ဖို့ ဖိတ်တာ အယောက် ၂၀ လောက် ၀င်ရေးကြပါတယ်။
ဒီနှစ်လည်း ဖိတ်ထားပါတယ်။ ဒီနေ့ အထိတော့ ၀င်ရေးသူ မရှိသေးပါဘူး။
စိတ်ဝင်စားရင် ရေးဖို့  လက်တို့ လိုက်ပါတယ်။ ရေးပြီးရင် သူ့ ဘလော့ေ
က်ာမန့် ပေးတဲ့နေရာမှာ သွားထားလိုက်ရုံသာ။

သံချပ်စပ်နည်းကို ပန်ဒိုရာရဲ့ ဘလော့ http://pandora-and-pandora.blogspot.com/2010/04/blog-post_04.html မှာ တွေ့ရမှာပါ။

ဘလော်ဂါတွေ လက်စွမ်းပြတဲ့ ဒီနှစ်သံချပ်၊ မနှစ်က သံချပ်တို့ကို ဖတ်ပါအုံး။
သံချပ်တွေဟာ ခေတ်ကို ထင်ဟပ်တယ်၊ ဖတ်လို့ကောင်းတယ် ဆိုတာ တွေ့ရမှာပါ။

ရွှေပြည်ဝေး ရေကစားမဏ္ဍပ် ၂၀၁၁ သံချပ်များ

(အဖွင့်တီးလုံး)

(တုန်ချမ်းချန်း...တုံခြမ်းခြန်း...တုန်လို့တုန်လို့ ချမ်း
တုံချန်းခြမ်း...တုန်ခြန်းချမ်း...တုန်ကာတုန်ကာ ချမ်း...)

မြူး...မြူး...မြူး
နွေလေပွေက မြူး

လူး...လူး...လူး
ပိတောက်တွေ ရွှေရည်လူး

ဦး...ဦး...ဦး
နှစ်သစ် ရာသီဦး

ပူး...ပူး...ပူး
သင်္ကြန်နတ် ၀င်ကာပူး

ထူး...ထူး...ထူး
ဘလော်ဂါတွေရဲ့ အထူး

မြူးမြူး ကြွားကြွား ဖြစ်နေတယ် ဘာဖြစ်လို့လဲကွယ်
မြူးကြွ မြူးကြွ ဖြစ်နေတယ် ဘာဖြစ်တာလဲဟယ်


Heal Burma

Wednesday, February 16, 2011 0 comments

တခါတရံမှာ အင်တာနက်ပေါ် ကီးဘုတ်စကြာဖြန့်ရင်း ဆိုဒ်ကောင်းကောင်းလေးတွေ၊ စိတ်ဝင်စားစရာ ဘလော့ဂ်တွေ တွေ့ရတတ်သလို အပေါင်းအသင်း ရောင်းရင်းတွေ လက်တို့ရင်လည်း ဆိုဒ်ကောင်းလေးတွေ ဖတ်ရတတ်ပါတယ်။ အဲဒီလို စာကောင်း၊ ဘလော့ဂ်ကောင်းတွေ တွေ့ရင် မိတ်ဆွေတွေကို မျှချင်တဲ့စိတ် ပေါ်လာပါတယ်။

တခါတရံလည်း အီးမေးလ်နဲ့ လျှောက်ပို့ဖြစ်ပေမယ့် အများအားဖြင့်တော့ အလုပ်ထဲပြန်နစ်ပြီး မေ့သွားတာပါပဲ။ ပြန်ဖွင့်ကြည့်မယ်လို့ ခဲပြီး Bookmark လုပ်ထားတာတွေလည်း စာရင်းက ရှည်နေပါပြီ။ ပြန်မကြည့်ဖြစ်တာ များပါတယ်။

အဲဒါနဲ့ ဧရာဝတီ ဘလော့ဂ်ကနေပြီး ဖတ်ညွှန်း၊ အညွှန်းဆိုပြီး ဆိုဒ်တွေကို စိတ်ဝင်စားသူများ သွားလည်နိုင်အောင် ပုံမှန် တင်ပေးမယ် စိတ်ကူးပါတယ်။

ပရိသတ်များအနေနဲ့ စိတ်ဝင်စားစရာတွေ့ထားရင်၊ ပြန်မျှချင်ရင်လည်း ကော်မန့်မှာ ရေးပေးခဲ့ကြပါ။

အခု ဈေးဦးပေါက်အနေနဲ့ ညွှန်းပေးချင်တာက Heal Burma ဆိုတဲ့ ဆိုဒ်ပါ။ အွန်လိုင်း သတင်းများ (မြန်မာ၊ အင်္ဂလိပ်)၊ ရေဒီယို အသံလွှင့်ချက်များ၊ ကာတွန်း စတာတွေကို တသီးတသန့် စုပေးထားတဲ့ ဆိုဒ်ပါ။ အလုပ်များသူတွေအနေနဲ့ ခေါင်းစဉ်တွေပဲ ဖတ်ချသွားပြီး စိတ်အဝင်စားဆုံးဟာတွေ့မှ ဖွင့်ဖတ်နိုင်တော့ အဆင်ပြေပါလိမ့်မယ်။ ပညာရေး ဖိုရမ်နဲ့ ဗီဒီယို၊ ကစားစရာ (နိုင်ငံရေး) ဂိမ်းတွေလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဆိုဒ်အပြင်အဆင်လည်း သပ်ရပ်ပြီး လည်ပတ်သူတွေအနေနဲ့ စိတ်ကျေနပ်စရာပါ။ ဒီနေရာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

kh

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved