Showing posts with label Ko Naing. Show all posts
Showing posts with label Ko Naing. Show all posts

ရန်ကုန်မြို့ မေဒေး ချီတက်ပွဲ

Sunday, May 4, 2014 0 comments

~

  




  (၁၄၂)နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့က ချီတက်ပွဲကို ကြာသပတေးနေ့က ရန်ကုန်မြို့လယ်တွင် တွေ့ခဲ့ရသည်။

ထိုနေ့ နံနက် ၁၁နာရီမှ နေ့လည် ၂နာရီအထိ ဗနုလပန်းခြံအနီးမှ စတင်ပြီး  ပန်းဆိုတန်းလမ်း၊ ကုန်သည်လမ်း၊ ဆူးလေဘုရားလမ်းတလျှောက် ချီတက်ကြခြင်းဖြစ်သည်။


စီတန်းဆန္ဒပြသူများထဲတွင် ပါဝင်သည့် မစုက အလုပ်ချိန် နှင့် လုပ်ခ အကြောင်း ပြောပြသည်။
    “သမီးတို့ကတော့  မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအားလုံးကို ကိုယ်စားပြုပြီး တနေ့အလုပ်ချိန် ၈နာရီ သတ်မှတ်ပေးပြီး တနေ့လုပ်ခ ၅,၆၀၀ ရရှိရေးနဲ့ နေ့စား လရှင်းတွေကို လခစား အဖြစ် ပြုလုပ်ထားတဲ့အတွက် တနင်္ဂနွေပိတ်ရက်တွေပါ လခထဲ သတ်မှတ်ပေးရအောင် တောင်းဆိုခြင်းဖြစ်ပါတယ်” ဟု စီတန်းဆန္ဒပြသူ မစုက ပြောသည်။
   
အလုပ်သမားအရေးဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောကြားရာတွင် အလုပ်သမားအခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး အကျိုးစီးပွား အတွက် တိုက်ရိုက်ပတ်သက်နေသည့်  အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို တောင်းဆိုခြင်းဖြစ်ကြောင်း ဦးဌေးက ပြောသည်။

အမြဲတမ်းလုပ် အလုပ်သမားတွေကို ဦးစားပေးရန် လိုအပ်ကြောင်း၊ အလုပ်သသမားဆိုင်ရာ ပြဿနာများသည် အလုပ်ရှင်များနှင့် တိုက်ရိုက်ပတ်သက်နေသလို လက်ရှိ အစိုးရတွင်လည်း တာဝန်ရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ရွေးကောက်ပွဲအကြိုကာလဖြစ်သည့် အတွက် မေဒေးနေ့ကို နှစ်စဉ်နှစ်တိုင်းနှင့် မတူဘဲ အလုပ်သမားတွေရဲ့ဆန္ဒထုတ်ဖော်ပွဲကို အခမ်းအနား တရပ်အနေနဲ့ ကျင်းပခြင်းဖြစ်ကြောင်းပြောသည်။

    “အလုပ်သမားတွေကို လခစားအဖြစ် သိနေတယ်၊ တကယ်တော့ လခစားအလုပ်သမားတွေ မဟုတ်ပါဘူး၊ နေ့စားလရှင်းတွေဖြစ်နေတဲ့အတွက် အလုပ်သမားအခွင့်အရေးကို တောင်းဆိုခြင်းဖြစ်ပါတယ်” ဟု
ဦးဌေးက ရှင်းပြသည်။

ချီတက်ပွဲတွင်    တောင်းဆိုသည့် ကြွေးကြော်သံများမှာ
(၁) တစ်နေ့ ၈နာရီ အနည်းဆုံးလခ ၅၆၀၀ ရရှိရေး၊
(၂) အမြဲတမ်းအလုပ်သမားများကို လစားအလုပ်သမားအဖြစ်သတ်မှတ်ရေး၊
(၃) အလုပ်သမားများကို တဖက်သပ်အလုပ်ထုတ်မှု ရပ်ဆိုင်းရေး၊
(၄) အလုပ်သမားများအားလုံးသွေးစည်းညီညွှတ်ရေး၊
(၅) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊
(၆)ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ပြင်ဆင်ရေး၊
(၇)ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေး၊
(၈)ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈ပြင်ဆင်ရေး၊
(၉)ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆(စ)၊ ၁၇(ခ)၊ ၆၀(ခ)ပြင်ဆင်ရေးတို့ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားကွန်ယက်က ဦးဆောင်ပြီး အလုပ်သမားများ စုပေါင်းကာ ချီတက်ကြခြင်းဖြစ်သည်။








 

.


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved