Showing posts with label Lu Gyi Min. Show all posts
Showing posts with label Lu Gyi Min. Show all posts

လူကြီးတွေ လေကန်၊ လူငယ်များကတော့ အသေခံ

Friday, June 27, 2014 0 comments

 ~





ဒီတပတ်အတွင်း   တိုက်ပွဲတွေမှာ အစိုးရတပ်ဘက်က အနည်းဆုံး ၄ ဦး ကျသွားတယ်လို့ KIA သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်း တိုက်ပွဲတွေက ပြင်းထန်ပါတယ် တဲ့။

ဒီအကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ Four Killed as Fighting Flares in Northern Burma: Kachin Rebels ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားပါတယ်။
http://www.irrawaddy.org/burma/four-killed-fighting-flares-northern-burma-kachin-rebels.html မှာ ဖတ်နိုင်ပါတယ်။

အဲဒီတိုက်ပွဲများက KIA အမှတ် ၄ တပ်မဟာဘက်၊ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ဖြစ်နေတာလို့ ဆိုတယ်။

သူတို့ဘက်ကတော့ အကျအရှုံးမရှိဘူးလို့ KIA အမှတ် ၄ တပ်မဟာက ဆိုပါတယ်။

အစိုးရတပ်ဘက်က ရုပ်အလောင်း ၄ ခုကို အင်္ဂါနေ့မှာ တွေ့ရတယ်လို့ သိရပါတယ်။

KIA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ KIO အဖွဲ့ နိုင်ငံခြားရေးရာကော်မတီ ဒုတိယတာဝန်ခံ ဂျိမ်းစ်လန်ဒေါင်းကတော့ တိုက်ပွဲတွေမှာ သူတို့ရဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ TNLA, MNDAA တို့လည်း ပါဝင်တယ်လို့ ဧရာဝတီကို ကြာသပတေးနေ့မှာ ပြောပြပါတယ်။

တိုက်ပွဲများက နေ့တိုင်းနီးပါးဖြစ်နေတယ်လို့ သူက ရှင်းပြပါတယ်။

TNLA အဖွဲ့ကလည်း သူတို့ဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့  အတည်ပြု ပြောဆိုပါတယ်။


ဒီအတောအတွင်း အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက လာမယ့် သြဂုတ်လအတွင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးတဲ့ အစီအစဉ် အကောင်အထည်ပေါ်ဖို့ ဆောင်ရွက်နေပါတယ်။
အကဲခတ်များကတော့ ဒီအစီအစဉ် ဖြစ်လာနိုင်ဖွယ် မရှိသေးဘူးလို့ ယူဆနေကြတာပါ။

သမ္မတဦးသိန်းစိန်အစိုးရ ၂၀၁၁ မှာ အစပြုခဲ့တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး ပြည်ထောင်စုအဆင့် သဘောတူညီမှုအတွက် လက်မှတ်မထိုးရသေးတဲ့  အဖွဲ့များကတော့ KIA, TNLAတို့ပါပဲ။

KIA အဖွဲ့ဟာ UWSA တပ်ဖွဲ့ပြီးရင် အကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

ဆက်စပ်

  •  “ငြိမ်းချမ်းရေး” ကားပါမစ်များ အပြင်းအထန် ဝေဖန်ခံနေရ
http://burma.irrawaddy.org/news/2013/12/25/52673.html

  •  “ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်စဉ်းစား သုံးသပ်ဖို့ လိုအပ်နေပြီ”
 http://burma.irrawaddy.org/interview/2014/02/24/55389.html

(သရုပ်ဖော် - ကာတွန်း လူကြီးမင်း)
 



.

ဒုက္ခသည်များနဲ့ ဒုက္ခသည်အတုများ

Saturday, February 1, 2014 0 comments

~


  မြန်မာဒုက္ခသည်တွေကို  ခိုလှုံခွင့်ပေးတဲ့အစီအစဉ် ရပ်တော့မယ် လို့ အမေရိကန်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာလိုက်ပါပြီ။  
 -
 

 


ကန်သင်းရိုးပေါ်ငုတ်တုတ်ထိုင်နေသူများ

Saturday, October 26, 2013 0 comments

~


 



ကျုပ် နည်းနည်း အံ့သြတာတွေက နည်းနည်း ဖြစ်ပြီး အခု စစ်တပ်အုပ်ချုပ်ရေးမှ လွတ်မြောက်ပြီးစ၊ နောက် စစ်သား ခေါင်းပေါင်းပေါင်းပြီး တိုက်ပုံလဲပြီးစအချိန် ကျုပ်တို့ တိုင်းပြည်မယ်.. များများ အံ့သြစရာက တစ်ပုံတစ်ပင်။ အဲဒီလို အံ့သြမှုတောင် အချိုးပြောင်းပြန်ကျကျ ဖြစ်တော့ များများအံ့သြရပြန်ပါရောဗျာ။ 



ထွက်ပေါက်ရှာခြင်း

Saturday, August 31, 2013 0 comments


နေ့ပြောနောက်ကြည့်၊ ညပြောလည်း နောက်ကြည့်

Sunday, July 14, 2013 0 comments

ကာတွန်း - လူကြီးမင်း 


.


ပြုပြင်ပြောင်းလဲရေးသမား

Saturday, July 6, 2013 0 comments

ကာတွန်း - လူကြီးမင်း 


.


အလုပ်အကိုင်အကြောင်း ဘုတောခြင်း

Thursday, June 20, 2013 0 comments


ကာတွန်း လူကြီးမင်း


.


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved