Showing posts with label Min Htet Nyein Chan. Show all posts
Showing posts with label Min Htet Nyein Chan. Show all posts

ဖြူနှင်းထွေး လွတ်ပေမယ့်၊ သူ့လွတ်မြောက်ရေး ဆုတောင်းသူ တရားစွဲခံရ

Friday, October 17, 2014 0 comments

-






 
 

မြန်မာဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသား  ၂ဦး  ပြန်ပေးဆွဲမှုနဲ့ အဖမ်းခံရတဲ့ ကျောင်းသူလေး ဖြူနှင်းထွေး လွတ်မြောက်လာခဲ့ပြီ ဖြစ်ပေမယ့်၊
သူ လွတ်မြောက်ရေး အတွက်  မန္တလေး မဟာမုနိဘုရားကြီးမှာ ၀တ်ပြုဆုတောင်းပွဲ ဦးဆောင်ခဲ့သူ တမာရိပ် အမျိုးသမီးအဖွဲ့ခေါင်းဆောင် မတင်မာရီင်္ (ခ)မနီကတော့ 
 ခွင့်ပြုချက်မယူဘဲ ဆုတောင်းပွဲ လုပ်ခဲ့တယ် ဆိုပြီး မန္တလေးချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့က   ပုဒ်မ(၁၈) နဲ့ အမှုဖွင့် ခေါ်ယူစစ်ဆေးတာ ခံနေရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ရက်နေ့ ညနေပိုင်းက မန္တလေး မဟာမုနိဘုရားကြီးမှာ မတင်မာရီ(ခ) မနီ ဦးဆောင် ပြီး အမျိုးသမီးအဖွဲ့ဟာ မဖြူနှင်းထွေး လွတ်မြောက်ရေးအတွက်
ဆုတောင်းပွဲ လုပ်ခဲ့ကြခြင်းဖြစ်ပြီး၊ အောက်တိုဘာ ၃ ရက်နေ့မှာတော့ မန္တလေးချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမြင့်ဇော်က တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ပါတယ်။

မတင်မာရီကတော့ “အခုလို ပုဒ်မ၁၈နဲ့အမူဖွင့်တာ လက်မခံပါဘူး။
ကျမတို့က  ဆန္ဒပြတာ မဟုတ်ဘူး၊ ဆုတောင်းမေတ္တာ ပို့တာ။
 နောက်ပြီး အမျိုးသမီးအခွင့်အရေးအပြည့်အဝရဖို့ ဆုမွန်တောင်းတာ ဗီနိုင်း(ဆိုင်းဘုတ်)မှာလည်း ဒါပဲ ရေးထားတာ၊
ဒါဟာ အမျိုးသမီးအခွင့်အရေးပြဋ္ဌာန်းခဲ့တဲ့ စီဒေါ သဘောတူညီချက် နဲ့လည်း ညီပါတယ်” လို့ ဆိုပါတယ်။

လာမယ့် တနင်္လာနေ့မှာ အမှတ်(၁၀) တမ္ပဝတီရဲစခန်းက မတင်မာရီကို ထပ်မံ ခေါ်ယူ မေးမြန်းဖို့ ဆင့်ခေါ်ထားတယ် လို့သိရပါတယ်။

မင်းထက်ငြိမ်းချမ်း






.

ဦးသိန်းစိန်နဲ့ ဒုတိယအကြိမ်သမ္မတ သက်တမ်းကိစ္စ မန္တလေးမှာ ဆန္ဒပြ

Friday, September 12, 2014 3 comments

သမ္မတ ဦးသိန်းစိန် အနေနဲ့ တိုင်းပြည်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အရင် ဖြေရှင်းပြီးမှသာ ဒုတိယ အကြိမ် သက်တမ်း ၀င်ရောက် အရွေးခံဖို့ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ် 
ဖော်ဆောင်ရေးအဖွဲ့ (MDCF) အလုပ်သမားလယ်သမားအရေးများဆောင်ရွက်သူများ FNIအဖွဲ့တို့အပါ အဝင် ၂၀ ဦးခန့် က ယနေ့နံနက် ၉ နာရီမှာ မန္တလေးမြို့ ၈၄ လမ်း ပေါ်တွင် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။ 

ဓာတ်ပုံ- မင်းထက်ငြိမ်းချမ်း

သမ္မတဦးသိန်းစိန် ပြီးခဲ့တဲ့ ရက်ပိုင်းက သွားရောက်တဲ့ ဥရောပ ခရီးစဉ်မှာ ပြည်သူတွေက လိုလားရင် ဒုတိယအကြိမ်သက်တမ်းထပ်မံအရွေးခံမယ်ဆိုတဲ့ စကားကို အခြေခံပြီး MDCF အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုသိန်းအောင်မြင့်၊ ကိုစောလှအောင်၊ ကိုမျိုးဝင်းတို့က ဦးဆောင်ကာ အလုပ်သမား အရေးလှုပ်ရှားသူများနဲ့ ပူးပေါင်းပြီး၊ ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်ပြီး ဆန္ဒပြခဲ့တာပါ။ 

သူတို့ တောင်းဆိုခဲ့တာတွေကတော့ သမ္မတဦးသိန်းစိန် အနေနဲ့ လက်ရှိ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ မြေ သိမ်း ယာ သိမ်းကိစ္စများ၊ လယ်သမားများ ဖမ်းဆီး ထောင်ချ ခံနေရမှုများ၊ သတင်းမီဒီယာ သမားတွေကို ဖမ်းဆီးနေမှုများ အပြင် ဘာသာရေးအဓိကရုဏ်းတွေနဲ့ ပတ် သက်ပြီး နောက်ကွယ်က ကြိုးကိုင်သူတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့၊ ဆင်းရဲ နွမ်းပါးမှု ပိုမိုများပြား လာပြီး စားဝတ်နေရေး ဒုက္ခပိုမို ကျပ်တည်းလာ တာကို ဖြေရှင်းပေးဖို့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ပျက်ယွင်းနေတာကို တည့်မတ်ဖို့ စတဲ့ 
ပြဿနာ တွေကို ဖြေရှင်းပေးပြီးပြီးမှာသာ ရွေးကောက်ပွဲဝင်ဖို့ ပြောဆိုပါတယ်။ 

မိုးရွာနေတဲ့ကြားက ဆန္ဒပြခဲ့တာဖြစ်ပြီး လမ်း၃၀နှင့်၈၄လမ်းထောင့်မှနံနက်၉နာရီတွင်ဟောပြောမူနှင့် စတင် ကာ ၈၄လမ်း အတိုင်း ၃၁လမ်းထိပိုစတာဗီနိုင်းများကိုင်ဆောင်ပြီးးလမ်းလျောက်စီတန်း လှည့်လည် ကာ ၃၁လမ်းထောင့် ဓမ္မသာလာခန်းမနှင့်မျက်စောင်းထိုးနေရာတွင်ဟောပြောကာအဆုံး သတ်ခဲ့ပါတယ်။ တနာရီခွဲခန့် အချိန်ကြာမြင့်တဲ့ ယင်းဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင်များက အဆက်မပြတ် လိုက် ပါ စောင့်ကြည့်ခဲ့ ပါတယ်။



မင်းထက်ငြိမ်းချမ်း ~ 


 









နေရေးထက် သေရေးခက်တဲ့ ရွာ

Wednesday, September 3, 2014 0 comments

မန္တလေး တိုင်းပုသိမ်ကြီးမြို့နယ် လက်ကောင်း ကျေးရွာအုပ်စုပိုင် သုသာန်မြေနေရာကို ကျေးရွာလူထု မသိပဲ၊ တာဝန်ရှိသူတစ်ဦးက ယခုနှစ် ဧပြီလအတွင်းက ရောင်းချသွားခဲ့သည့်အတွက် နာရေးအတွက် ခက်ခဲနေ တယ်လို့ သိရပါတယ်။ 

ဓာတ်ပုံ- စိန်ငယ်လေး

ဤနေရာကို ၀ယ်ယူသူက သံဇကာများဖြင့် ခြံစည်းရိုးပါ ကာရံထားတဲ့အတွက် ဧပြီလမှစပြီး၊ ဒီကနေ့ အချိန် အထိ ကျေးရွာက နာရေးကိစ္စများကို မြေမြုတ်သဂြီုလ်နိုင်ခြင်းမရှိပဲ၊ ကားလမ်းနံဘေးတွင်ဖြစ်သလို သရဏဂုံ တင်ကာ လေးတိုင်စင်လေးနဲ့ ကားတာယာမီးကို အသုံးပြုမီးသဂြိင်္ုလ်နေရကြောင်းသိရပါတယ်။ 

ဓာတ်ပုံ- စိန်ငယ်လေး

အဲဒါကြောင့် မနေ့က မန္တလေးမြို့က Mr 88 ကဖေးမှာ ဒေသခံတွေက လာရောက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ 

ဓာတ်ပုံ- မင်းထက်ငြိမ်းချမ်း

လက်ကောင်းရွာသား ဦးညီမောင်က “ အဘ  အသက်၈၇နှစ်ရှိပြီ၊ အဘ အဖေလည်းဒီရွာမှာနေလာတာ အဘ အဖေတို့ လက်ထကတည်းကရှိခဲ့တဲ့၊ သချိင်္ုင်းနှစ်ပေါင်းရာချီနေပြီ၊ အခုမှ ပုံစံ ၇ ပေါက်ပြီး ရောင်းစား လိုက် တာ၊ သုသာန်မြေကတော့ မြေစာရင်းမှာမရှိတာက အရုပ်ဆိုးလွန်းပါတယ်” လို့ ပြောပါတယ်။ 

ဓာတ်ပုံ - စိန်ငယ်လေး

လက်ကောင်းကျေးရွာဟာ မန္တလေး- မေမြိ့ကားလမ်းနံဘေးမှာရှိပြီး၊ အိမ်ခြေ ၁၇၀ ကျော်ရှိကာ၊ လူဦးရေ ၈၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။ 

အာရှ အဝေးပြေး လမ်းမကြီး စီမံကိန်းဟာ လက်ကောင်းရွာနား က ဖြတ်သန်း သွားတာကြောင့်၊ အခုအခါ မှာ တော့ ဒီအရပ်ဒေသရဲ့ မြေပေါက်ဈေးဟာ တဧကကို ကျပ်သိန်း ၂၀၀၀ နီးပါး ပေါက်ဈေးရှိတယ်လို့ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးလှသောင်က ဆိုပါတယ်။ 

ရွာသုသာန်ကတော့ လက်ကောင်းရွာနဲ့ ဘိုတက်ကုန်းရွာ ကျေးရွာချင်းဆက်လမ်း တောင်ဘက်မှာရှိပြီး၊ အခု အခါမှာတော့ သုသာန်ဇရပ်အပါအဝင် မြေပုံဟောင်းများပါဖယ်ရှားဖျက်သိမ်း ကာ သံဇကာပတ်လည် ကာရံ ထားကာသီးနှံအချို့ပင်စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ 

ဓာတ်ပုံ- မင်းထက်ငြိမ်းချမ်း

ဒီသုဿန်မြေနေရာ ကိစ္စနဲ့ ပတ်သက်ပြီး၊ မြို့နယ်၊ ခရိုင်အဆင့်ဆင့် တင်ပြခဲ့သော်လည်း အဆင် မပြေ 
သေးတဲ့အပြင်၊ ဒေသအာဏာပိုင်တွေ လမ်းညွန်တဲ့ သလဲကွင်းသုသာန်ကလည်း ၁၅ပေခန့်သာကျယ် ဝန်းပြီး၊ ရေများထွက်နေတဲ့အတွက် လက်တွေ့မှာတော့ နာရေးကိစ္စများမှာ ခက်ခဲနေပါတယ်လို့ ဒေသခံတွေ ကဆိုပါတယ်။ 


မင်းထက်ငြိမ်းချမ်း ~ 










အမျိုးသားပညာရေး ဥပဒေကြမ်းကို စစ်ကိုင်းမှာ ကန့်ကွက်ဆန္ဒပြ

Monday, September 1, 2014 0 comments

စစ်ကိုင်းမြို့တွင် အမျိုးသားပညာရေး ဥပဒေကြမ်းအား ကန့်ကွက် ဆန္ဒပြသည့် အနေဖြင့် ခရိုင် ကျောင်း သားများ သမဂ္ဂ ဦးဆောင်၍ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီတွင် စစ်ကိုင်းတက္ကသိုလ်၌ ပြုလုပ် ခဲ့ပါတယ်။ 

ဓာတ်ပုံ- မင်းထက်ငြိမ်းချမ်း/ ဧရာဝတီ

စစ်ကိုင်းတက္ကသိုလ်ရှေ့တွင် ခွပ်ဒေါင်းအလံကို လွှင့်ထူလျက် ပိုစတာများကိုင်ဆောင်ကာ ပညာရေးဥပဒေ ကြမ်းကိုဆန့်ကျင် ကျွေးကျော်သံများတခဲနက်ဟစ်ကြွေးကြော်ခဲ့ပြီး၊ နည်းပညာတက္ကသိုလ်နှင့် သမ၀ါယမ တက္ကသိုလ်ရှေ့တွင် ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။ 




မင်းထက်ငြိမ်းချမ်း ~

 
.













နိုင်ကျဉ်းလွတ်ဖို့ မန္တလေးမှ ရခိုင်ဒေသအထိ လမ်းလျှောက်ပြီ

Wednesday, October 2, 2013 1 comments

 ~



 ကျန်ရှိနေသေးသည့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး တကိုယ်တော်ဆန္ဒဖော်ထုတ်မှု၂ကြိမ် တိုင် ပြုလုပ်ခဲ့သော်လည်း အစိုးရက လိုက်လျောခြင်း မရှိသေးသည့်အတွက် ရခိုင်ဆရာတော် ဦးရက္ခ၀ံသသည် အင်္ဂါနေ့ နေ့လယ်တွင် မန္တလေးမြို့မှ ရခိုင်ပြည်နယ်သို့ လမ်းလျှောက်ပြီး  ထပ်မံ ဆန္ဒဖော်ထုတ်သည့်အစီအစဉ်ကို စတင်လိုက်သည်။
 


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အဆုံးသတ်မည့် ခရီးစဉ်တလျှောက်   ရေနှင့်ဖျော်ရည်မှတပါး အစားအစာ ဘုန်းပေးခြင်း မပြုဘဲ အစာငတ်ခံ ဆန္ဒဖော်ထုတ်မည်ဟု သိရသည်။
 


"ဒါ သုံးကြိမ်မြောက်ဆန္ဒဖော်ထုတ်တာပါ၊ ပထမအကြိမ်က ရန်ကုနှ်မြို့တော်ခန်းမရှေ့ အစာငတ်ခံ ဆန္ဒဖော်ထုတ်တာ၊ ဒုတိယအကြိမ်က ရန် ကုန်ကနေ မန္တလေးအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်၊ အဲဒီအချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့တောင်းဆိုခဲ့တယ်၊
အခုထက်ထိဘာမှ ဖြစ်မလာဘူး၊ တကယ်လို့ လကုန်တဲ့အထိမှ လွတ် မလာခဲ့ဘူးဆိုရင် ထပ်ပြီးတော့ တောင်းဆိုမယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ မိန့်ကြားခဲ့တယ်၊  အခုလကုန်ပြီဘာမှ မထူးခြားလာဘူးဒါကြောင့် မဟာမုနိကနေ ရခိုင်မဟာမုနိအထိ လမ်းလျှောက်သွားပြီး တောင်းဆိုဖို့ပါ  ဟု ဆရာတော်က မိန့်ဆိုသည်။

လမ်းတလျှောက် အကူ အညီပေးမည့်ဒကာတစ်ဦးနှင့် ဒကာမတစ်ဦးတို့ လိုက်ပါသွားကြောင်း သိရသည်။




မင်းထက်ငြိမ်းချမ်း
 



.

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved