Showing posts with label Science. Show all posts
Showing posts with label Science. Show all posts

ဂြိုလ်နီကြီးကို အိန္ဒိယဂြိုလ်တုလည်း ပတ်နိုင်ပြီ

Thursday, September 25, 2014 0 comments

အိန္ဒိယ နိုင်ငံရဲ့ ပထမဦးဆုံး အင်္ဂါဂြိုဟ်ရဲ့ ပတ်လမ်းပေါ် ဂြိုလ်တု လွှတ်တင်ခြင်း အောင်မြင်သွားပါပြီ။  

 ဓာတ်ပုံ- အိန္ဒိယတိုင်းမ်

အင်္ဂါဂြိုဟ်ကို မနေ့က ရောက်ရှိသွားတဲ့ အိန္ဒိယရဲ့ ပထမဆုံး အာကာသယာဉ်ကို ကုန် ကျငွေ ဒေါ်လာ ၇၅ သန်းလောက် နဲ့ ဈေး အသက်သာဆုံး လွှတ်တင် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်လို့ အိန္ဒိယတိုင်းမ် သတင်း တပုဒ် က ရေးပါတယ်။

အခုဆိုရင် အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ဂြိုဟ်တု လွတ်တင်နိုင်တဲ့ စတုတ္တမြောက် နိုင်ငံအဖြစ် အိန္ဒိယနိုင်ငံလည်း စာရင်းဝင်ခဲ့ပါပြီ။  ဂြိုဟ်တုကို Mangalyann (မန်ဂါလီယန်း) လို အမည်ပေးထား ပါတယ်။ 

မန်ဂါလီယန်း ဂြိုဟ်တု ယဉ်ဟာ ကမ္ဘာမြေပြင် ကနေ ထွက်သွားအပြီး ၁၀ လ အကြာမှာ ဂြိုဟ်တုရဲ့ အင်ဂျင်စက်ကို အရှိန်လျှော့ လိုက်အပြီး ဘန်ဂလော မြို့မှာ ရှိတဲ့ ခရီးစဉ် ထိန်းချုပ်ရေး အာကာသစခန်းက ဝန်ထမ်းတွေဟာ အောင်ပွဲ ဆင်နိုင်ခဲ့ကြတယ်လို့  ဘီဘီစီသတင်းမှာလည်း ပြောထားပါတယ်။

မန်ဂါလီယန်း ယာဉ်ရဲ့ အဓိက အင်ဂျင်စက်ကို ၂၄ မိနစ် ကြာ အရှိန်လျှော့ အပြီးမှာ အင်္ဂါဂြိုဟ်ရဲ့ ဆွဲငင် အား နဲ့ သူ့ရဲ့ ပတ်လမ်းထဲကို ရောက်ရှိသွားတာ ဖြစ်ပါတယ်လို့ ဘီဘီစီမှာလည်း ပြောထားပါတယ်။ 

အိန္ဒိယ နိုင်ငံ၊ ဘန်ဂလောမြို့မှာရှိတဲ့ အာကာသ ထိန်းချုပ်ရေး ဌာနသို့ ၀န်ကြီးချုပ် မိုဒီလည်း  ရောက်ရှိလာ ခဲ့ပြီ နိုင်ငံအတွက် မမျှော်လင့်တဲ့ အောင်မြင်မူကို ရရှိခဲ့တဲ့အတွက် ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ 

အခက်ခဲများစွာကိုကျော်ဖြတ်နိုင်ခဲ့ပြီး ကမ္ဘာ တ၀န်လုံးက ကြိုးစားခဲ့တဲ့ အာကာသ မစ်ရှင် ၅၁ နိုင်ငံရှိတဲ့ အထဲမှာ ၂၁ နိုင်ငံသာ အောင်မြင်မူရရှိခဲ့ပါတယ်။ ဒီထဲမှာမှ အိန္ဒိယ နိုင်ငံ ပါဝင်ခဲ့တာကြောင့် အတိုင်းမသိ ၀မ်းသာရပါတယ်လို့ ၀န်ကြီးချူပ်က ပြောခဲ့ပါတယ်။ 

အင်္ဂါဂြိုဟ်ပေါ်သို့ ဂြိုဟ်တု ပို့လွှတ်မှုကို အရင်က အမေရိကန်၊ ရုရှားနဲ့ ဥရောပ သမဂ္ဂ တို့ကသာ လုပ်နိုင်ခဲ့ပြီး အခု အိန္ဒိယက သူ့ရဲ့ ပထမဆုံး ကြိုးပမ်းမှုက အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ 




အိမ့်သံစဉ် ~


 

.





Laptop တွေ ခေတ်ကုန်ပြီး Rolltop တွေ လာတော့မယ်

Monday, August 18, 2014 0 comments

နည်းပညာ တိုးတက်မှု စွမ်းပကားတွေနဲ့ ကွန်ပျူတာတွေလည်း ကြီးမားပြီး နှေးကွေးတဲ့ အဆင့်တွေကနေ စွမ်းဆောင်ရည်တွေက အဆင့်ဆင့်မြင့်မားလာသလို အခုဆို လူတော်တော်များများလည်း လက်ပ်တော့ပ် ကို အလွယ်တကူ သယ်ယူသွားလို့လည်း ရတဲ့ကွန်ပျူတာ အဖြစ် အသုံးပြုကြပါတယ်။ 


အခုတော့ ဒီလက်ပ်တော့ပ်တွေကို အနာဂတ် နည်းပညာစိန်ခေါ်မှုက နုတ်ဆက်စကား ဆိုပါတော့မယ်လို့ ဆိုလာပြီး လက်ပ်တော့ပ်တွေနေရာမှာ ရိုးလ်တော့ပ် ( Roll Top ) တွေက အစားထိုး ဝင်ရောက် လာတော့ မယ်ဆိုတဲ့ စိတ်ကူနဲ့ ပုံဖော်ကြံစဉ်တွေးခေါ်မှုတွေ ပေါ်ထွက်လာပါပြီ။ 

လက်ရှိ ၂၁ ရာစုဟာ နည်းပညာပေါက်ကွဲမှုလို့ ဆိုရမလို နေ့စဉ်နဲ့အမျှ နည်းပညာ အသစ်အဆန်းတွေက ဆက်တိုက် ဆိုသလို တီထွင်နိုင်နေကြပါပြီ။ 

ဒီလို နည်းပညာ အသစ်အဆန်းတွေကို ခေတ်မီတဲ့လူတွေလည်း မနည်းကြိုးစား လိုက် နေကြရတယ်ဆိုတာ လည်း ဧရာဝတီ ပရိသတ်အားလုံး သိထားပြီးဖြစ်ပါမယ်။ 

စိတ်ကူးနဲ့ ဖန်တီး တီထွင်ထားတဲ့ ရိုးလ်တော့ပ်ဆိုတာ လက်ပ်တော့ပ်ထက် သယ်ယူဆောင်အသုံးပြုရာမှာ ပိုပြီး အဆင်ပြေပြီး တက်ပလက် ( Tablet ) လိုလည်း သုံးလို့ရနိုင်သလို TV အပေါ်စက်အဖြစ်လည်း သုံးနိုင်တယ်ဆိုတဲ့ Good Bye Laptop & Welcome Roletop ဆိုတဲ့ ပြသချက်ကို ရှုစားကြည့်ပါ။

  

အိမ့်သံစဉ် ~ 

 










သေတ္တာထဲမှာ အမေရိကန်အမျိုးသမီး အလောင်းတွေ့

Thursday, August 14, 2014 0 comments

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အသက် ၆၂ နှစ်အရွယ် အမေရိကန် အမျိုးသမီးတဦးရဲ့ အလောင်းကို ခရီးဆောင် သေတ္တာ တခုထဲမှာ တွေ့ရှိခဲ့ရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ သမီးနဲ့ သူ့ ရည်စား အမျိုးသားတို့ကို ဘာလီ ကျွန်းရှိ ရဲတပ်ဖွဲ့က ဖမ်းလိုက်ပါတယ်။ 


Sheila von Wiese-Mack အမည်ရှိတဲ့အမေရိကန်အမျိုးသမီးရဲ့ အလောင်းထည့်ထားတဲ့ ခရီးဆောင်
သေတ္တာ ကို အင်္ဂါနေ့ က ဘာလီကျွန်းက St. Regis Bali Resort ဆိုတဲ့ အပန်းဖြေတည်းခိုနားနေရာနေရာ က ရပ်ထားတဲ့ တက္ကဆီကား နောက် ခန်းထဲနေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဘာလီရဲအရာရှိကြီး က ပြောထား ပါတယ်။ 

အခု ကိစ္စနဲ့ပတ်သက်ပြီး အသက် ၁၉ နှစ်ရှိ သေဆုံးသူရဲ့ သမီး Heather Mack နဲ့ သူ့ချစ်သူ အသက် ၂၁ နှစ်ရှိ Tommy Schaefer တို့ကို မနေ့ ( ဗုဒ္ဓဟူးနေ့) က ဘာလီကျွန်းပေါ်က အခင်းဖြစ်တဲ့နေရာနဲ့ ၁ဝ ကီလိုမီတာလောက်ဝေးတဲ့ဟိုတယ် တခုမှာ ဖမ်းလိုက်တယ်လို့ ရဲ က ပြောပါတယ်။ 

 သေဆုံးသူရဲ့ သမီးနဲ့ သူရည်းစား ၂ ယောက်လုံးကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပေမယ့် ဖြေဆိုဖို့ ငြင်း ဆန်နေတယ်လို့ လည်း ရဲက ဆိုပါတယ်။ 

ဂျကာတာမှာ ရှိတဲ့ အမေရိကန်သံရုံးကတော့ ခရီးဆောင်သေတ္တာထဲမှာ von Wiese-Mack ရဲ့ အလောင်း
တွေ့ တယ်ဆိုတာ အတည်ပြုပြောပေမယ့် အသေးစိပ်ကိုတော့ မပြောထားပါတဘူး။ 

ဘာလီကျွန်းရှိ ရဲတပ်ဖွဲ့ အကြီးအကဲ အူတိုမိုပြောတာက Mack နဲ့ သူ့ရည်းစားကောင်လေး Schaefer တို့ဟာ တက္ကစီ တစီး ကို ငှားခဲ့ပြီး ကားနောက်ဘက် ပစ္စည်းထည့်ရာ မှာ သေတ္တာတလုံး ထည့်ခဲ့တယ်လို့ ဆိုတယ်။ 

သူတို့ ၂ ဦးဟာ တက္ကစီ ဒရိုင်ဘာကို ပြောတာက ဟိုတယ်ကနေ ပြန်ထွက်တော့မှာဖြစ်ပြီး ပြန်တော့မယ် လို့ ပြောခဲ့တဲ့အကြောင်း ဒရိုင်ဘာက ပြော တာ ကိုလည်း အူတိုမိုက ရှင်းပြထားတယ်။ 

ဒါပေမယ့် ၂ နာရီကျော်လာတဲ့အထိ Mack နဲ့ Schaefer တို့ဟာ ပြန်ပေါ်မလာခဲ့ဘူးလို့ အူတိုမိုက ပြောထား တယ်။ 

ဟိုတယ် လုံခြုံရေးတွေက သွေးစွန်းနေတဲ့ ခရီးဆောင်သေတ္တာကို သတိထားမိလို့ ရဲစခန်းအကြောင်းကြား ဖို့ ပြောတော့ ရဲတွေလည်း ရောက်လာပြီး သေတ္တာကို ဖွင့် ကြည့်လိုက်တော့မှ ခရီးဆောင်သေတ္တာထဲမှာ အလောင်းကို တွေ့ရတော့တာ ပါဘဲလို့ ရိုက်တာ သတင်းတပုဒ်က ရေးထားပါတယ်။

  


အိမ့်သံစဉ် ~ 


 










ဘယ်နေ့ သေမလဲဆိုတာ သွေးစစ်ရင် သိနိုင်ပြီ

Monday, March 3, 2014 0 comments


မိမိ ဘယ်နေ့ သေမယ်ဆိုတာ သိချင်ရင်တော့ သွေးစစ်ကြည့်ရင် အဖြေထွက်နေပြီလို့ သုတေသနပြုချက် တခုက ထုတ်ဖော်ပြောဆိုလာပါတယ်။ 



ဂြိုလ်သစ် ၇၁၅ လုံး တွေ့ရှိဟု နာဆာ ကြေညာ

Thursday, February 27, 2014 1 comments


ကျမတို့ နေထိုင်တဲ့ ဂလက်စီဟာ ကျမတို့ထက် ပိုပြီးကြီးမားတဲ့ အိမ်နီးချင်းတွေကို ရထားပါတယ်။ ဒါကို သက်သေထူလိုက် တာကတော့ နာဆာ အာကာသ သိပ္ပံဋ္ဌာနက နောက်ထပ် ဂြိုလ်သစ်ပေါင်း ၇၁၅ ခုကို ထပ်ပြီးတွေ့တယ်လို့ မနေ့က ကြောညာလိုက်တာပါဘဲ။ အဲဒီ ၇၁၅ လုံးသော ဂြိုလ်တွေဆိုတာ အကြီးဆုံး ကြယ်စုဖြစ်တယ်လို့ ဆိုပါတယ်။ 

 ဓာတ်ပုံ- နာဆာ

ဒီဂြိုလ်သစ်တွေ ဆိုတာ သေချာ နှိုင်းယှဉ် တိုင်းထွာအသိအမှတ်ပြုပြီး ကြေညာလိုက်တာဖြစ်တယ်လို့ စီအန်အန် သတင်းတပုဒ်က ဖော်ပြပါတယ်။ 

အခုလိုတွေ့ရှိမှုကြောင့် ကျမတို့ရဲ့ နဂါးငွေ့တန်း စင်္ကြဝဠာထဲမှာ စုစုပေါင်း ဂြိုလ်ပေါင်း ၁ ထောင်လောက် ရှိတယ်လို့ အသိအမှတ်ပြု ထားတာပါ။ အဲဒီဂြိုလ်တွေထဲက ၄ ခုကိုတော့ နာဆာက သက်ရှိ သတ္တဝါတွေ
နေထိုင်လို့ရတယ်လို့ အဓိပ္ပာယ် ရတဲ့ “habitable zone" လို့ ခေါ်ပါတယ်။ 

ဆိုလိုတာက နေနဲ့လည်းသိပ်မဝေးသလို သိပ်ပြီး မနီးပဲ အပူအအေးမျှတပြီး သက်ရှိသတ္တဝါတွေ ရှင်သန် 
နေထိုင်လို့ရတဲ့ ဂြိုလ်မျိုးကိုဆိုလိုတာပါ။ 

နာဆာက ပြောတာမှာတော့ အသစ်တွေ့တဲ့ ဂြိုလ်သစ် ၇၁၅ လုံးဟာ ကြယ်ပေါင်း ၃ဝ၅ ခုကို လည်ပတ်နေ တဲ့ ဂြိုလ်တွေဖြစ်တယ်လို့ Kepler space ဆိုတဲ့ တယ်လီစကုပ်( မှန်ပြောင်း) နဲ့ ရှာဖွေတွေ့ရှိခဲ့တာပါ။ 

ဒါကလည်း သိပ္ပံပညာရှင်တွေက နည်းပညာ အသစ်တွေနဲ့ ထပ်တလဲလဲ တွေ့ရှိချက်တွေကို အကြိမ်ကြိမ် အသေးစိပ် အတည်ပြုချက်ယူခဲ့ကြတာလို့ သိရပါတယ်။

Kepler space တယ်လီစကုပ်ကို နာဆာက ၂ဝဝ၉ ခုနှစ် မတ်လက အာကာသထဲကို ကမ္ဘာဂြိုလ်အပြင် အခြား ဂြိုလ်ကမ္ဘာ တွေနဲ့ ကြယ်စုတွေကို ရှာဖွေဖို့ တင်လွှတ်ထားခဲ့တယ်လို့ စီအန်အန်သတင်းက ဆိုပါတယ်။ 

အဲဒီမှန်ပြောင်းနဲ့ ရှာတွေ့ထားတဲ့ ဂြိုလ်ကမ္ဘာစုစုပေါင်း ၉၅ ရာခိုင် နှုန်းဟာ နက်ပကျွန်းဂြိုလက်ထက်သေး တာတွေ၊ ကမ္ဘာ ဂြိုလ်ထက် ၄ ဆလောက် ကြီးတာတွေဖြစ်တယ်လို့ နာဆာက ဆိုပါတယ်။ 

တချို့ကလည်း ကမ္ဘာဂြိုလ်ထက် ၂ ဆလောက် ရှိသလို တချို့ကလည်း ကျမတို့ မြင်နေရတဲ့ နေ ရဲ့ တဝက်လောက် ပမာဏ ရှိတာတွေလည်းပါပြီး သူ့တို့ရဲ့ ဝန်ရိုးတွေပေါ် လည်ပတ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ 

ကျမတို့ နေထိုင်တဲ့ အိမ်လို့ ပြောလို့ရတဲ့ ဂြိုလ်ကမ္ဘာပတ်ဝန်းကျင်မှာ ဂြိုလ်သစ်တွေကို ကျနော်တို့ ရှာလေ တွေ့လေပဲ လို့ ကာလီဖိုးနီးယားပြည်နယ် Mountain View မှာရှိတဲ့ SETI တက္ကသိုလ်က တွဲဖက်သုတေသနမှူး Jason Rowe က ပြောပါတယ်။ 

အခုလို ကျမတို့ ဂြိုလ်ကမ္ဘာနဲ့ စင်္ကြဝဠာမှာ အိမ်နီးချင်းတွေ အခုလိုများများ ရှိနေတယ်ဆိုတာ သိရလေ လူသားတွေအတွက် သိစရာ အကြောင်းတွေ ပိုပိုများလာမှာလည်းဖြစ်ပါတယ်။












အိမ့်သံစဉ် ~ 



 






ကမ္ဘာနဲ့ လကို အင်္ဂါဂြိုလ်ပေါ် က ရိုက်ကူးတဲ့ဓာတ်ပုံ နာဆာ ဖြန့်ချိ

Friday, February 7, 2014 0 comments

ကောင်းကင်ကို ကြည့်လိုက်ရင် အခြား ဂြိလ်တွေ၊ ကြယ်တွေတွေကို မြင်တွေ့ကြတာ မထူးဆန်းတော့ပေ မယ့် လူသားတွေ နေထိုင်ကြတဲ့ ကမ္ဘာဂြိလ်ကို အင်္ဂါဂြိုလ် မျက်နှာပြင်ပေါ်ကနေ မြင်တွေ့ရတဲ့ မြင်ကွင်း ကတော့ ထူးခြားပါတယ်။ 

 အင်္ဂါဂြိုလ်ပေါ်က ကမ္ဘာဂြိုလ်ကို မြင်ရတဲ့ မြင်ကွင်း ဓာတ်ပုံ- နာဆာ

အခု ဖော်ပြထားတဲ့ ဓာတ်ပုံကတော့ အင်္ဂါဂြိုလ် မျက်နှာပြင်ကနေ ကမ္ဘာဂြိုလ်ကို လှမ်းမြင်တွေ့ရတာကို ပထမဆုံး ရိုက်ကူး မှတ်တမ်းတင် ထားတာပါ။ 

တကယ်တော့ ဂြိုလ်နီကြီးလို့ ခေါ်ကြတဲ့ အင်္ဂါဂြိုလ်နဲ့ ကမ္ဘာဂြိုလ်ဟာ မိုင်ပေါင်း ၃၄ သန်း ကျော် ကွာဝေးပါ တယ်။ 

NASA က ဂြိုလ်နီကြီးပေါ် ကမ္ဘာကနေ လွှတ်တင်ထားတဲ့ Cruiosity Rover ဆိုတဲ့ မစပ်စု အမည်ရ ဂြိုလ်ပေါ်သွား သုတေ သန ယာဉ်ငယ်က လွန်ခဲ့တဲ့ တပတ်က ရိုက်ကူးထားတာကို မနေ့ညကပဲ ဒီဓာတ်ပုံကို တွတ်တာ လူမှု ကွန်ရက်နဲ့ ဖြန့်ချိခဲ့ တာ လို့ The Mirror သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ 

အင်္ဂါဂြိုလ် မျက်နှာပြင်ကနေ နေဝင်ချိန် အလှကို ရိုက်ကူးပြီး ၁ နာရီကျော်ကြားမှာ အခုပုံကို ရိုက်ကူးတာလို့ ဆိုပါတယ်။ 

နာဆာက ပြောခွင့်ရသူ တဦးကတော့ “လူသား တဦးဟာ သာမန်အမြင်မျက်စေ့နဲ့ပဲ အင်္ဂါဂြိုလ်ပေါ် က ရပ်ကြည့် လိုက်ရင် လ၊ နဲ့ ကမ္ဘာ ကို သိပ်မဝေးကွာတဲ့ တောက်တောက်ပပ ညနေခင်း ကြယ်တွေ အဖြစ် လွယ်လွယ်ကူကူမြင်နိုင်ပါတယ်” လို့ မှတ်ချက်ပေးထားပါတယ်။ 



အင်္ဂါဂြိုလ်က ပေးပို့လာတဲ့ ဓာတ်ပုံမှာ ကမ္ဘာရဲ့ အောက်မှာ လ ကို လင်းလက်တဲ့ ကြယ်တွေအဖြစ်နဲ့ မြင်ရ ပါတယ်။ 

အခု တော့ ကျမတို့ နေထိုင်တဲ့ ကမ္ဘာဂြိုလ်ကို ကျမတို့ ကိုယ်တိုင် ဓာတ်ပုံက တဆင့် မြင်ရပြီပေါ့။ 

ကား အရွယ်အစားရှိတဲ့ Curiosity Rover ကို နာဆာက ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က Cape Canaveral ကနေ လွှတ်တင်ခဲ့ပြီး အင်္ဂါဂြိုလ်ပေါ်က ပစ်မှတ်ထားခဲ့တဲ့ နေရာဖြစ်တဲ့ Gale Crater ဆိုတာနဲ့ ၁ မိုင်ခွဲလောက် အကွာမှာ ၂ဝ၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က အောင်အောင်မြင်မြင် ဆင်းသက်ခဲ့တာပါ။ 

Curiosity အစီအစဉ်အဖြစ် နာဆာက အင်္ဂါဂြိုလ်ပေါ်ကို ၁၉၉၆ ခုနှစ်ကတည်းက အမည်နာမမပေးခဲ့ပဲ စမ်းသပ် ပစ်လွှတ်ခဲ့တာ ၄ ကြိမ်ရှိတယ်လို့လည်း အဲဒီ သတင်းက ဖော်ပြထားပါတယ်။ 



အိမ့်သံစဉ် ~ 






.





 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved