ဒုက္ခသည် စခန်းထဲက မီတာဒုက္ခ

Friday, October 1, 2010


ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည်စခန်းမှာ အောက်တိုဘာ ၁ ရက် (ဒီနေ့) ကနေ စပြီးတော့ ထိုင်းကနေ လျှပ်စစ်မီး သွယ်ယူထားတဲ့ အိမ်ထောင်စု အားလုံးကို တယူနစ်လျှင် ထိုင်းငွေ ၁၅ ဘတ် (ကျပ် ၄၅၀) နှုန်းနဲ့ ကောက်ခံ သွားမယ်လို့ အသိပေးထားပါတယ်။

အသိပေးထားတဲ့ စာထဲမှာလည်း “ကျေးဇူးပြု၍ မီးသွယ်သူ အားလုံး လက်ခံပါရန်” လို့ ဖော်ပြထားပါသေးတယ်။ ထိုင်းနိုင်ငံ မြို့ပေါ်တွေမှာ အိမ်တို့ အခန်းတို့ ငှားနေတဲ့ မြန်မာပြည်သားတွေတောင် အဲဒီငွေလောက် မပေးရပါဘူး။ အဲဒီ ဒုက္ခသည် စခန်းမှာ မီးတာခ ယူတာ အရမ်းများပါတယ်။

မြို့ပေါ်မှာဆိုရင် တယူနစ်ကို ၅ ဘတ်ကနေ ၈ ဘတ်လောက်အထိပဲ ပေးရတာပါ။

ဒုက္ခသည် စခန်းထဲမှာက ဘယ်သူမှ အလုပ်အကိုင်ရယ်၊ ပုံမှန် ဝင်ငွေရယ်လို့လည်း ရှိကြတာ မဟုတ်ပါဘူး။


မီတာ စတပ်မယ်ဆိုရင်လည်း ဘတ်ငွေ ၇၀၀၀ (ကျပ် ၂ သိန်းဝန်းကျင်) လောက် ပေးရတယ်လို့ သိရပါတယ်။ အခု ဒီမီးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုတွေ ဖြစ်မလဲတော့ မသိသေးဘူး။

သူငယ်ချင်းကတော့ “လူတွေ အချင်းချင်းပဲကွာ အပြင်မှာ စီးပွားရှာစားလည်း မပြောလိုပါဘူး။ ဒီကလူတွေက အဲဒီလောက် ၀င်ငွေ ကောင်းတာလည်း မဟုတ်ဘူးကွ။ မီတာယူထားတဲ့ သူတွေ မကျေမနပ်ဖြစ်နေတယ်” လို့ ပြောပြပါတယ်။

“အခု ဒီဒုက္ခသည်စခန်းမှာ ရှိတဲ့လူတွေက မီတာပေါက် တပ်ချင်တဲ့လူတွေက များတယ်လေ။ မီတာပေါက်ယူချင်တဲ့ လူတွေများတဲ့ အခါကျတော့ သူတို့က ဒီဟာကို အခွင့်အရေးတခုလိုပေါ့နော်၊ ဒါ ငါတို့ ဈေးတက်ရင် ရမှာပဲဆိုပြီးတော့ ဘယ်သူမှ ပြောမှာမဟုတ်ဘူး ဆိုပြီးတော့ လုပ်တာလေ” လို့ ဆက်ပြောပြပါတယ်။

သန်းထိုက်ဦး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved