ပန်းရဲ့လမ်း

Friday, October 1, 2010

မိတ်ဆွေတဦးက သူ့မင်္ဂလာဆောင် အမှတ်တရ ဒီဗီဒီ ပေးလာသည်။ ကြည့်တော့ ကျနော်တို့ လူလားမြောက် ကြီးပြင်းရာ ၁၉၈၀ ကျော် ၉၀ နှစ်များ လူငယ်တို့အကြား ရေပန်းစား သြဇာ ရှိခဲ့သော မဇ္ဈိမလှိုင်း တေးဂီတ၀ိုင်း အမှတ်တရ သီဆိုပွဲ မှတ်တမ်းတင်ခွေ ဖြစ်နေသည်။ နောက်ဆုံးသီချင်း "ပန်းရဲ့လမ်း" က အသစ်။ ထောင်ထဲတွင် ဒီချစ်မျိုး က ရေးဖွဲ့ထားသော ကဗျာစာသားကို (ဦး)ရဲလွင် [မဇ္ဈိမလှိုင်း] က သံစဉ်သွင်းထားပြီး အခု သူကိုယ်တိုင် သီဆိုမှုကို ကြည့်ရ၍ ခံစားရင်ခုန်ရသည်။ ပြန်လည်မျှဝေလိုသော စေတနာ ဆန္ဒဖြင့် အခု ဘလော့ဂ်တွင် တေးစာသားရော ၊ အသံနှင့်အရုပ်ပါ တင်ပေးလိုက်ပါသည်။

ရဲနည်



ပန်းရဲ့လမ်း
စာသား- ဒီချစ်မျိုး သံစဉ်၊ တေးဆို-ရဲလွင် (မဇ္စျိမလှိုင်း)

လှမ်းနင်းလိုက်တဲ့ ခြေလှမ်းတိုင်း မုန်တိုင်း မဖြစ်ဘူးဟေ့ … စူးခဲ့တဲ့ ဆူးတွေအတွက် ပြန်ငဲ့ရမယ်ဆိုရင် … ဒီလမ်းကို အစကတည်းက မထွက်ခဲ့ဘူး။

သူငယ်ချင်းရေ … လက်ကမ်းကြခြင်း အတူတူ … ဆုပ်ကိုင်ပြီးတဲ့ လက်ဖဝါးအတိုင်း အင်အားမဖြစ်ဘူးဟေ့ ...
ထားရစ်ခဲ့ စွန့်လွှတ်မှုတွေအတွက် ပြန်လှည့်ရမယ်ဆိုရင် ... ဒီလမ်းကို အစကတည်းက မထွက်ခဲ့ဘူး။

ဆူးခင်းလမ်းကို ဖြတ်ကျော်ဖို့ ... ရေဆန်လမ်းကို အားစမ်းဖို့ ... မျှော်လင့်ခြင်းကို ထမ်းပိုးလို့ ... မြင့်မြတ်တဲ့ တပ်မက်မှုတွေနဲ့ ။

လေရိုင်းရေ ... ဖူးပွင့်ကြခြင်းအတူတူ ... နင်းခြေလိုက်တဲ့ အခါတိုင်း ပန်းတိုင်းမကြွေဘူးဟေ့ ...
နွမ်းကြွေမှုတွေ အတွက် စိုးရွံ့ရမယ်ဆိုရင် ... ဒီပန်းဟာ အစကတည်းက မပွင့်ခဲ့ဘူး။

ပျိုးတခင်းကို စိုက်ပျိုးဖို့ ... ပန်းတခင်းကို မွေးမျှဖို့ … အာရုံအလင်းကို တိုးဖက်လို့ ... မြင့်မြတ်တဲ့ တပ်မက်မှုတွေနဲ့။

7 comments :

  1. Anonymous said... :

    နောက်ခံ အတီးသမားတွေရဲ့ အမည်တွေနဲ့ ရိုက်ကူးထားတဲ့ ရက်စွဲလေးများ ဖေါ်ပြလို့ရမလား

  1. Unknown said... :

    Two others who are playing acoustic guitars behind Ye Lwin are Ko Myo and Thar Htwe...Date was on 2010 February

  1. Baba said... :

    ကဗျာရွတ်နေတာလား

  1. စံနေမင်း said... :

    သိပ်ကောင်းတဲ့ ကဗျာ တပုဒ်ကို သီချင်းအဖြစ် ဖန်တီးလိုက်တဲ့ အကိုကြီး ကိုရဲလွင် နှင့် မဇ္ဈိမလှိုင်း အဖွဲ့သားများ နှင့် ဧရာဝတီ အဖွဲ့ကိုကျေးဇူးအထူးတင်ရှိပါသည်။

  1. ပွကြီး said... :

    အော်..ပြည်သူကို အလုပ်အကျွေးပြုနေပါတယ်ဆိုတဲ့ ပြည်သူ့အနုပညာရှင်ဆိုတာ ဒါမျိုးပါလား...။

    စာစောင်၊ မဂ္ဂဇင်းများရဲ့ အင်တာဗျူးတွေမှာ ပြည်သူကို အလုပ်အကျွေးပြုနေပါတယ်ဆိုပြီး ပြည်သူကို ခေါင်းစဉ်တပ်၊ နအဖကို အလုပ်အကျွေးပြုနေတဲ့ ကိုယ့်ဝမ်းစာသာကိုယ်ရှာနေတဲ့ အနုပညာရှင်အမည်ခံတွေ ကိုရဲလွင်ကို အတုယူပါ။

  1. Anonymous said... :

    its very touchin
    pls post ko nay win's song " battle for peace"
    ko nay win sing this song at this event
    they are real artist ...wish long live " medium wave"

  1. Unknown said... :

    will post a song of ko nay win singing at that event...thnx for your supports

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved