စီးရီးဝယ်သူတွေကို ရွှေဆွဲပြား ကံစမ်းပေးမယ့် သဇင်

Friday, October 1, 2010


သရုပ်ဆောင်၊ အဆိုတော် သဇင်ရဲ့ ပထမဆုံး တကိုယ်တော် တေးစီးရီးဖြစ်တဲ့ “ထိပ်ဆုံးရဲ့ ထိပ်ဆုံးမှာ” အခွေကို အောက်တိုဘာလ ၃ ရက်နေ့ မှာ Pro Music Production ကနေ စဖြန့်သွားမှာဖြစ်ပါတယ်။

စီးရီးမိတ်ဆက်ပွဲကို တက်ရောက်ခဲ့တဲ့ သတင်းထောက်တွေ အဆိုအရ အခွေအားပေးတဲ့ ပရိတ်သတ်ကို ထူးထူးခြားခြား ရွှေဆွဲပြား ကံစမ်းမဲ ဖောက်ပေးမယ်လို့ သိရပါတယ်။

စီးရီးတခွေဝယ်ရင် ကံစမ်းမဲ အနေနဲ့ ရွှေဆွဲပြားဆု ဖောက်ပေးမယ်ဆိုတာ သနပ်ခါးကြော်ငြာတွေမှာပဲ တွေ့ဖူးတာမို့ စာနယ်ဇင်းလောကမှာ သဇင်ရဲ့စီးရီး ပရိုးမိုးရှင်း လုပ်နည်း အသစ်လားလို့ မေးမြန်းနေသူ တွေလည်းရှိပါတယ်။

သူမက
အနုပညာကြေးလေးတွေစုပြီး ပရိတ်သတ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ရန်ကုန်မှာ ရွှေဆွဲပြား အခု ၃၀ ၊ မန္တလေးမှာ အခု ၂၀ ဖောက်ပေးမယ်လို့ ပြောသွားပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှ လုပ်မယ့် စီးရီးခွေရောင်းချမယ့် ပွဲမှာ သူမ ကိုယ်တိုင်လက်မှတ်ရေးထိုးပေးပြီး ရွှေဆွဲပြား မဲဖောက်ပေးမှာ မို့ စာနယ်ဇင်းသတင်းထောက်တွေရော၊ ပရိတ်သတ်တွေက ပါ ကံစမ်းမဲ ဖောက်ပေးမယ့် ရွှေဆွဲပြားက ၁ ကျပ်သားလား ၅ မူးသား ဆွဲပြားလားဆိုတာကို စိတ်ဝင်စားနေကြလေရဲ့ ...။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved