နန်းစုကို ဘယ်သူခိုး

Thursday, October 14, 2010


နန်းစုရတီစိုး ပျောက်သွားရခြင်းရဲ့ နောက်ဆက်တွဲကို လူတွေ တော်တော်လေး သိချင်နေကြပါတယ်။ ဧရာဝတီဘလော့ဂ်မှာ နန်းစု ရဲစခန်းမှာ လက်မှတ်ထိုးတယ်ဆိုတဲ့ ကိစ္စကလည်း လူတွေအတွက် စိတ်ဝင်စားစရာပေါ့ (ကြံကြံဖန်ဖန် တရားရုံးမှာ လက်မှတ်မထိုးဘဲ ဘာလို့ရဲစခန်းမှာ ထိုးရသလဲ ဆိုပြီးတော့ သိချင်ကြတာပါ)

တကယ်တော့ နန်းစု အမေက သမီးပျောက်တဲ့ကိစ္စကို ရဲချုပ်အထိတောင် တိုင်ထားတာကြောင့် ကောင်လေး အမှုပတ်မှာစိုးလို့ဆိုပြီး နန်းစုက ရဲစခန်းမှာ လက်မှတ် ထိုးလိုက်တာလို့ သိရပါတယ်။

ကောင်လေး နာမည်က ဇေယျာဝင်းလှိုင်လို့ သိရပြီး သူက စစ်ဗိုလ် မဟုတ်ပေမယ့် သူ့ အဖေကတော့ စစ်ဗိုလ်ချုပ်တယောက် ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာ အသိုင်းအ၀န်းက ပြောပါတယ်။

နန်းစုကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်တွင်းဂျာနယ် တော်တော်များများက မေးလာတဲ့အခါ အမေနဲ့ စိတ်ဆိုးလို့ အဒေါ်အိမ်မှာ သွားနေတာလို့ ဖြေပေမယ့် အမှန်တကယ်ကတော့ ကောင်လေးက ခိုးပြေးသွားတာလို့ သတင်းထောက်တွေက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဂျာနယ်တွေကရေးပြီး စိစစ်ရေးတင်ပေမယ့် ရဲချုပ်အထိ ပေါက်ရောက်တဲ့ နန်းစု အမေကြောင့် ရေးခွင့်မရကြဘူးလို့ သိရပါတယ်။ (အနုပညာလောက သတင်းဖြစ်တာကြောင့် တချို့ဂျာနယ်တွေဆို ခွင့်ပြုလောက်တယ်ထင်ပြီး ကြိုရိုက်ထားတာတွေတောင် ချောင်ထိုးထားလိုက်ရတယ်တဲ့)

စစ်ဗိုလ်ချုပ်တယောက်ရဲ့ သားနဲ့ ရည်းစားဖြစ်နေတာကို ကန့်ကွက်စရာ၊ သဘောမတူစရာမရှိပေမယ့် နန်းစု က ငယ်သေးတော့ သူ့မေမေက အိမ်ထောင် မပြုစေချင်သေးဘူးလို့ သိရပါတယ်။

သြဂုတ် ၂၁ ရက်နေ့က အမျိုးသား ကဇာတ်ရုံမှာ လုပ်သွားတဲ့ 7 Golden Girls ပွဲမှာ ထွန်းအိန္ဒြာဗိုတို့လို၊ ဖြူဖြူကျော်သိန်းတို့လို တကယ့် အော်မယ် ဟစ်မယ်ဆိုတဲ့ မမတွေပဲ ပါဝင်ဖို့ စီစဉ်ထားပေမယ့် နန်းစုကောင်လေးက (ကောင်လေးရဲ့ အဖေလည်း ဖြစ်နိုင်တာပဲ) နန်းစုကိုပါ ထည့်ဖို့ ဖိအားပေးခဲ့တာကြောင့် ရွှေမမ ၇ ယောက်ထဲမှာ နန်းစုပါ ပါဝင်သွားတာလို့ ဂီတ ၀ိုင်းတော်သားတဦးက ပြောပါတယ်။

နရီလင်းလက်

2 comments :

  1. Anonymous said... :

    အလကား သက်သက် နာမည်ကြီးအောင် စတန့်ထွင်လုပ်နေကြတာပါ။ ဟိုလိုနည်းတွေက နာမည်ကြီးတာ ရိုးလာတော့ ဒီလိုနည်း သုံးတာပေါ့။
    နောက်ဆို နာမယ်ကြီးချင်ရင် ဖင်မှာ စာလုံးကြီးကြီးရေးပီး မင်္ဂလာဈေး သွားလိုက် ဒီထက် ပိုမကြီးရင် ကြိုက်သလိုလုပ်။

  1. ၇ဲ said... :

    ဘာကြောင့်နံမည်ကြီးလည်းတော့ မသိပါ။
    သီချင်းဆိုကောင်းတယ်လို့လည်း မထင်မိပါ။ သရုပ်ဆောင်ပိုင်းနှင့်ပတ်သက်လျှင်လည်း သူလိုကိုယ်လိုပါ။
    နံမည်ကြီးသည်ဟုလည်း မထင်မိပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved