၂ လကျော် ပိတ်မိနေတဲ့ ချီလီ သတ္တုလုပ်သားတွေထဲက တဦးကို စတင် ကယ်ဆယ်နိုင်ပြီ

Wednesday, October 13, 2010

Source: BBC

ချီလီနိုင်ငံ မြောက်ပိုင်းက နက်ရှိုင်းတဲ့ မြေအောက် သတ္တုတွင်းထဲမှာ ၂ လကျော်ကြာ ပိတ်မိနေတဲ့ သတ္တုတွင်း လုပ်သား ၃၃ ဦးထဲက ပထမဆုံး တဦးကို ကယ်ထုတ်နိုင်ပါပြီ။

ပိတ်မိနေတဲ့ မြေအောက်ထဲက လုပ်သားတွေ အသက်မသေဘဲ ရှိနေသေးတယ်ဆိုတာ သိရပြီးတဲ့နောက် သက်ဆိုင်ရာက ကယ်တင်နိုင်ဖို့ အသည်းအသန် ကြိုးစားခဲ့ကြပြီး တကမ္ဘာလုံးကလည်း ရင်တထိတ်ထိတ်နဲ့ မီဒီယာတွေကနေ စောင့်ကြည့်နေခဲ့ကြတာပါ။

ပထမဆုံး ကယ်တင်လိုက်နိုင်သူကတော့ အသက် ၃၁ နှစ် အရွယ်ရှိ ဖလော်ရင်စီယို အဗာလို့စ် ပါ။ လူတရပ်စာကျော် ရှည်တဲ့ သတ္တုတောင့်ထဲမှာ အောက်ဆီဂျင်ဝတ်စုံကို ဝတ်စေပြီး မြေပေါ်ကို ဆွဲယူတဲ့ နည်းမျိုးနဲ့ ကယ်တင်ကြတာပါ။

သတ္တုတွင်း လုပ်သားတွေဟာ မြေအောက် ပေပေါင်း ၂၀၄၇ ပေ အနက်မှာ ပိတ်မိနေကြတာပါ။

ချီလီသမ္မတ ဆီဘက်စတိန်း ပင်နရာကတော့ “ဒီညမှာ ချီလီအိမ်ထောင်စုတိုင်းဟာ ပျော်ရွှင်မှုကြောင့် မျက်ရည်တွေ ပြည့်နေကြမယ်လို့ ထင်ပါတယ်။ အလျှော့မပေးဖို့ လုံးဝ ကတိပြုပါတယ်။ ကတိအတိုင်း ကယ်တင်ဖို့ ဆက်လုပ်ပါမယ်” လို့ ပြောသွားပါတယ်။

၃၃ ယောက်ထဲက ပထမဆုံး တယောက်ကို အောင်မြင်စွာ ကယ်ထုတ်နိုင်ချိန်မှာ တကမ္ဘာလုံးက ဝမ်းသာရတဲ့ သတင်းပါ။ ကျန်တဲ့လူတွေကိုလည်း အောင်မြင်စွာ ကယ်ထုတ်နိုင်ဖို့ မျှော်လင့်ရပါတယ်။

3 comments :

  1. Cinderella said... :

    ကြည့်‌နေရင်းနဲ့မျက်ရည်ကျမီတယ်..။က‌လေးကအသံထွက်ပြီးငိုလိုက်တဲ့
    အချိန်ရင်ထဲမှာဆို့နင့်သွားတာဘဲ..။လူ‌တွေကိုလူလြိုမင်ပြီးလူ့ အသက်‌တွေကိုတန်ဖိုးထားရ‌ကောင်းမှန်းသိတဲ့ လြူကီးလူ‌ကောင်း‌တွေအုပ်ချုပ်တဲ့နိုင်
    ငံမှာလြူဖစ်ခွင့်ရတဲ့သူ‌တွေကိုအားကျမိတယ်...။

  1. Anonymous said... :

    me too,i agree with you cinderella..

  1. Anonymous said... :

    လူဖြစ်ရကျိုးနပ်တဲ့လူတွေပါ...
    လူရဲ့ တန်ဘိုးကိုအကျွင်းမဲ့သိတတ်တဲ့ လူတွေရဲ့  လုပ်ဆောင်ချက် ကို ရင်တွင်းမှနက်နဲစွာ အသိအမှတ်ပြုပါတယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved