ဂီရိ မန္တလေးတိုင်းကို ၀င်ပြီ

Saturday, October 23, 2010

မနေက တနေ့လုံး ရခိုင်ပြည်နယ်ကို ၀င်မွှေနေတဲ့ ဂီရိဆိုင်ကလုန်းဟာ ဒီနေ့မှာတော့ အားလျော့လာပြီး မနက် ၅ နာရီမှာ မုန်တိုင်းငယ်အဖြစ်နဲ့ မန္တလေးတိုင်းကို ၀င်နေပြီလို့ သိရပါတယ်။

ဒေါက်တာထွန်းလွင်ရဲ့ ခန့်မှန်းချက်အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်

မနေ့ညက Category II ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး GIRI ဟာ ညက အရှေ့မြောက်ဖက် ယွန်းယွန်းကို ရွေ့လျားလmရင်းနဲ့ အားလျော့လာခဲ့ကာ ဒီကနေ့ (၂၃-၁၀-၂၀၁၀) နံနက်(၅)နာရီမှာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းအတွင်းကို ရောက်ရှိနေပါတယ်။
(၂၃-၁၀-၂၀၁၀) ရက်နေ့ နံနက်(၅)နာရီအချိန်မှာ အောက်ပါ အတိုင်းသုံးသပ်ရပါတယ်။ (၁) GIRI ဟာ အာလျော့သွားခဲ့ပါတယ်။ (၂) ကုန်းတွင်းကိုလည်း ၀င်ရောက်ခဲ့ပါတယ်။ (၃) ပျက်ပြယ်သွားခြင်းမရှိဘဲ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။ (၄) မနက်(၅)နာရီမှာ 20.5°N 94.5°E မန္တလေးတိုင်း အလယ်လောက်မှာဗဟိုပြုနေပါတယ်။ (၅) လေတိုက်နှုန်း တစ်နာရီ(၃၀-၃၅)မိုင်နှုန်း လောက်တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရန် တစ်နာရီ(၄၀-၄၅)မိုင်နှုန်းလောက်အထိရှိနိုင်ပါတယ်။ (၆) အရှေ့မြောက် ယွန်းယွန်းကို ဆက်ရွေ့ရင်းနဲ့ ဒီကနေ့ညနေလောက်အထိ ဆက်လက်တည်ရှိနိုင်ပါတယ်။ (၇) တဖြည်းဖြည်း အားလျော့သွားနိုင်ပါတယ်။ (၈) ရခိုင်ပြည်နယ်မှာ မိုးတိမ်တွေရှိနေဆဲဖြစ်ပါတယ်။
အဲ.. ကုန်းထဲရောက်ပြီးနောက်ထပ်တစ်ရက်လောက် (၂၃-၁၀-၂၀၁၀)ညနေအထိ ရှိနေဦးမှာမို့ ကုန်းတွင်းပိုင်းဒေသတွေ (မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း)မှာ မိုးတော့ရွာဦးမယ်လို့ ခန့်မှန်းကြောင်းပါဗျာ။
MCCW
Updated on 23-10-2010 at 06;30 MST)


ဒေါက်တာထွန်းလွင်ရဲ့ ခန့်မှန်းချက်အတိုင်းသာဆိုရင် မကွေး ၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်း ဒေသအတွင်းရှိ ပြည်သူတွေ အထူးသတိရှိ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဆည် ၊ တာတမံအနီးရှိ မြို့ရွာတွေ ပြောင်းရွှေ့မှု ပြင်ဆင်မှုတွေ လုပ်ထားကြဖို့ ဆော်သြလိုက်ကြောင်းပါခင်ဗျား........။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved