မုန်တိုင်းငယ် မန္တလေးတိုင်းပေါ် ရှိနေဆဲ

Saturday, October 23, 2010

မွန်းတည့် ၁၂ နာရီတွင် ဒေါက်တာထွန်းလွင် ဧရာဝတီသို့ ပြောဆိုချက်


"မနေ့က ကျောက်ဖြူမှာ လေတိုက်နှုန်း တနာရီ ၉၁ မိုင်နှုန်းနဲ့ ဖြတ်ခဲ့တယ်။ ကျောက်ဖြူနဲ့ တိုက်ရိုက် အဆက်အသွယ်ရထားတယ်။ အိမ်နဲ့သစ်ပင်တွေ အပျက်အစီးများပါတယ်။ ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးမှုရှိခဲ့ပြီး လူအသေအပျောက်မရှိဘူးပြောတယ်။ ရေက ၆ ပေ ၇ ပေလောက် ကမ်းနားပိုင်းမှာ တက်ခဲ့တယ်။ ခန့်မှန်းထားတဲ့အတိုင်း ညနေ ၃ နာရီလောက်မှာ စဖြတ်ပြီး တညနေလုံး အဲဒီနားတ၀ှိုက်မှာပဲ ထိုင်နေခဲ့တာပါ။ ည ၁၂ နာရီအထိ ရခိုင်ရိုးမကို မကျော်သေးဘူးလို့ ခန့််မှန်းတယ်။ မနက်ပိုင်းမှာတော့ ကုန်းတွင်းကို ၀င်ရောက်လာပြီး အခု မန္တလေးတိုင်းပေါ်မှာ ရှိနေပါတယ်။ categroy II အဆင့်ကနေ လျော့ကျသွားပါပြီ။ မန္တလေး ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ မိုးရွာသွန်းမှုတွေ ရှိလာပါမယ်"

ဂီရိဆိုင်ကလုန်း မုန်တိုင်းနှင့်စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲတခုကို ယနေ့ မွန်းလွှဲ ၂ နာရီတွင် ရွှေဂုံတိုင်လမ်းရှိ ၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ဒေါက်တာထွန်းလွင်က ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved